Accessibility Tools

 

ဂရန်ဆိုတာ ဘယ်လိုမြေကိုပေးသလဲဆိုတာ အရင်စပြောပါမယ်။ အစိုးရမှာ စီမံခန့်ခွဲနိုင်တဲ့ မြေဆိုတာရှိပါတယ်။ ဘယ်သူမှ ပိုင်ဆိုင်ခွင့်လည်းမရှိဘူး၊ မြို့ထဲရွာထဲမှာ အစိုးရပိုင်ဆိုင်မြေလို့လည်း သတ်မှတ်ထားပါတယ်။

 

ဒီလို မြေတွေကို (Disposal Land) လို့ခေါ်ပါတယ်။ ဒီမြေကို ဂရန်ပေးလို့ရတယ်။ ဘယ်လိုပေးလဲဆိုတော့ အစိုးရက သတ်မှတ်စည်းကမ်းနဲ့ ချထားတယ်။ နှစ်ရှည်ဆိုရင် ၃၀နှစ်၊ ၆၀နှစ်၊ ၉၀နှစ် ပေးတယ်။ နှစ်တိုဆိုရင် ၁၅နှစ်၊ ၂၀နှစ် ပေးတယ်။ အစိုးရက ခွင့်ပြုထားတာပေါ့။ အစိုးရရဲ့ ခွင့်ပြုချက်အရ သုံးရတယ်။ အဲဒီမှာ စည်းကမ်းချက် တစ်ခုပါတယ်။ သက်တမ်းကုန်ဆုံးရင် ဒီမြေကို အငှားချထားတဲ့ အစိုးရထံ အသာတကြည် ပြန်လည် အပ်နှံရ မယ်လို့ပါတယ်။ သူ့ကို ပေးထားတဲ့အခွင့်အရေးတွေက သက်တမ်းကုန်ရင် ကုန်ဆုံးသွားတယ်။ ဒီမြေကို အမွေ ဆက်ခံခွင့်ရနိုင်သလား ၊ လက်ရောက်ရနိုင်သလားဆိုရင် အစိုးရမြေဖြစ်သွားတဲ့အတွက် ခက်ခဲသွားပါပြီ။

ဒါနဲ့ ပတ်သက်လို့ တရားလွှတ်တော်ချုပ်မှာ စီရင်ထုံးတစ်ခုရှိပါတယ်။ ဦးဝင်းမောင်နဲ့ ဒေါ်ငွေခိုင် (ခ) ဒေါ်လှမေ ဆိုတဲ့ ၂၀၁၄ ခုနှစ်က စီရင်ထုံးပါ။ အဲဒီမှာက သက်တမ်းကုန်ဆုံးသွားတဲ့မြေကို လက်ရောက်ရလိုမှုနဲ့ တရားစွဲ တယ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထိ တက်သွားတယ်၊ အဲမှာတစ်ပါးထိုင်ပေါ့၊ လက်ရောက်ရပိုင်ခွင့်ရှိ တယ် ဆိုပြီး ဆုံးဖြတ်ပေးခဲ့တယ်။ တစ်ဖက်က အထူးတရားမအယူခံမှု တက်တဲ့အခါမှာ ပြည်ထောင်စုတရားသူ ကြီးချုပ်ဦးဆောင်တဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ၆ ဦးပါတဲ့အဖွဲ့က သက်တမ်းကုန်ဆုံးသွားတဲ့ ဂရန်မြေပေါ်မှာ လက်ရောက်ရရှိတယ်ဆိုပြီး ပြည်ထောင်စုတရားသူကြီးချုပ်က ချမှတ်ထားတဲ့အမိန့်က မှား တယ်၊ ဒီအမိန့်ကို ပြန်ဖျက်ပါဆိုပြီး စီရင်ဆုံးဖြတ်ထားတာရှိပါတယ်။

ဒါကြောင့် တရားစီရင်ရေးသဘောတရားအရ သက်တမ်းကုန်သွားတဲ့ မြေပေါ်မှာ နဂိုရှိထားတဲ့ အခွင့်အရေး တွေက မရှိတော့ပါဘူး။ အမွေဆက်ခံတာတွေ၊ ပိုင်ဆိုင်ခွင့်တွေက ရပ်ဆိုင်းသွားတဲ့ သဘောတွေရှိပါတယ်။ သို့သော် သက်တမ်းတိုးလျှောက်ရပါမယ်။ အဲဒီမှာ အပိုင်း ၂ ပိုင်းရှိပါတယ်။ ပထမက နှစ် ၃၀ ပဲပေးသလား၊ နှစ် ၃၀ ကိုဂရမ် လဲခွင့်မရှိဘူးဆိုရင် လုပ်ထုံးလုပ်နည်းအရ အသစ်ပြန်လျှောက်ရမယ်၊ (သ့ိုမဟုတ်) နှစ် ၆၀၊ နှစ် ၉၀ ဆိုရင် (with renewable) ဆိုပြီးပါ ပါတယ်။ ပြန်ပြီးတော့ အသစ်လဲနိုင်တယ်၊ အသစ်မလျှောက်ရတော့ဘူး။ အမှုတွဲမလုပ်ပဲနဲ့ သက်တမ်းတိုးပေးဖို့အခွင့်အရေးရပါတယ်။ အဲတော့ နှစ် ၃၀ ဂရမ်ဆိုရင် အသစ်ပြန်လျှောက် ရမယ်။ မဟုတ်ရင်တော့ အစိုးရမြေဖြစ်သွားတဲ့အတွက် သူရဲ့အခွင့်အရေးတွေ ဆုံးရှုံးရပ်စဲသွားပါတယ်။

Credit : DVB Law Lab

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection