Accessibility Tools

0.00 ( 0 votes )

form7-farmland-myanmar

မိဘအမည်ပေါက် ပုံစံ (၇) ရှိ လယ်ယာမြေကို မိဘများ မရှိတော့တဲ့နောက် ကျန်တဲ့ သားသမီးက အမွေခွဲချင်ပါတယ်။ လယ် (၁၀) ဧကကို သားသမီး (၃) ယောက် ခွဲတဲ့အခါ ပုံစံ (၇) အမည်ပေါက် ရအောင် ဘယ်လို လုပ်ရမလဲ သိချင်ပါတယ်။


လယ်ယာမြေနည်းဥပဒေ အခန်း (၄)၊ နည်းဥပဒေ (၂၉) အရ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို အမွေဆက်ခံခွင့်ရှိကြောင်း အထောက်အထားနှင့်အတူ ပုံစံ ၉(က) နဲ့ မြို့နယ် မြေစာရင်းဦးစီးဌာနရုံးမှာ လျှောက်ထားရန် ဖြစ်ပါတယ်။ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ရရှိပြီးသော ဦးပိုင်များကို အမွေဆက်ခံခြင်း အရ ခွဲစိတ်ပြောင်းလဲ ပြင်ဆင်ပေးဖို့ အတွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က (၂၄-၅-၂၀၁၇) ရက်စွဲပါ ညွန်ကြားချက် အမှတ် (၁/၂၀၁၇)၊ အပိုဒ် (၄)၊ အပိုဒ်ခွဲ (က) ပါ အချက်များနှင့်အညီ ဆောင်ရွက်ရပါမယ်။ အဆိုပါ အပိုဒ် (၄) အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ် (၄) တွင် ဖေါ်ပြထားချက်အရ အမွေဆက်ခံခွင့် ရှိကြောင်း အထောက်အထားအဖြစ် စီရင်ပိုင်ခွင့်ရှိသော တရားရုံးမှ ထုတ်ပေးသော အမွေဆက်ခံခွင့် လက်မှတ်မိတ္တူ ပါရှိရန် ဖြစ်ပါတယ်။

သားသမီးတွေ အမွေခွဲဝေတာ ကျေနပ်ကြရင် အဲဒီအမွေဆက်ခံခွင့်လက်မှတ်နဲ့ မြေစာရင်းမှာ လျှောက်ထားရုံပါပဲ။ အမွေဆိုင် အချင်းချင်း ခွဲဝေမှု မကျေနပ်ရင် ဆောင်ရွက်ရမည့် နည်းလမ်းကတော့ လယ်ယာမြေဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ဂ) ပါ “လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေ ဆက်ခံခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွါးမှု ပေါ်ပေါက်လာပါက တည်ဆဲ ဥပဒေနှင့်အညီ သက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ခံယူနိုင်ခွင့် ရှိကြောင်း ပြဌာန်းချက်အရ တရားရုံးသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်အား အမွေဆက်ခံခွင့် လျှောက်ထားရယူရန် ဖြစ်ပါတယ်။

အထက်ပါနည်းအတိုင်း ဆောင်ရွက်ပြီး အထောက်အထားများနဲ့ မြေစာရင်းရုံးမှာ လျှောက်ထားမယ်ဆိုရင် သားသမီးသုံးဦး အမည်ပေါက် ပုံစံ (၇) ရရှိအောင် မြို့နယ်၊ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။


DVB မေး- ဆရာဇော်- ဖြေ
Credit : ဆရာဦးဇော်မင်း (နတ်မောက်)

Rating

Like
Informative
Knowledgeable

Users' reviews

Add review
မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
မြေကွက်မှော်ဘီ
3500 Lakhs
The Leaf Condo 4 Bedrooms
ကွန်ဒိုလှိုင်
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
မြေကွက်မှော်ဘီ
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection