Accessibility Tools

လယ်ယာမြေပိုင်ဆိုင်သူများအနေနှင့် ရောင်းဝယ်၊ ပေါင်နှံ၊ ငှားရမ်းခြင်းများကို ဥပဒေများဖြင့် ပိုင်ပိုင်နိုင်နိုင်ဖြစ်စေရန်အတွက် ဇွန်လ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

 

 ယခင်က နည်းဥပဒေများ မပြီးပြတ်သေးသောကြောင့် ရောင်းဝယ်၊ ပေါင်နှံ၊ ငှားရမ်းခြင်းများ မဆောင်ရွက်နိုင်ခြင်းဖြစ်ပြီး ယခု နည်းဥပဒေများ ပြီးပြတ်သွားသောကြောင့် ဇွန်လ ၁ ရက်နေ့က စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ကြေညာလိုက်ခြင်းဖြစ်သည်။

လယ်ယာမြေနှင့်သက်ဆိုင်သည့် စာချုပ်စာတမ်းများ မှတ်ပုံတင်ခြင်း၊ ရှာဖွေခြင်းနှင့် မိတ္တူကူးယူခြင်းများ ဆောင်ရွက်ရာတွင် ပေးဆောင်ရမည့် အခကြေးငွေနှုန်းထားများကိုလည်း ယင်းဝန်ကြီးဌာနက သတ်မှတ်ထုတ်ပြန်ထားသည်။

“ လယ်ယာမြေဥပဒေမှာတော့ လယ်သမားတွေအနေနဲ့ လယ်ယာတွေကို ရောင်း၊ ပေါင်၊ ငှားလုပ်ခွင့်ရှိတယ်လို့ပါပြီးသား။ အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ်က မပြီးသေးလို့ လုပ်လို့မရတာ။ အခုတော့ ပြီးပြီဆိုတော့ စလုပ်လို့ရပြီ”ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောကြားသည်။

လယ်ယာမြေများ ရောင်းဝယ်၊ ပေါင်နှံ၊ ငှားရမ်းခြင်းများဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်များရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးတွင် စုံစမ်းနိုင်ပြီး ယင်းလုပ်ငန်းစဉ်ကို ပထမဆုံးအကြိမ် လက်တွေ့စတင်ဆောင်ရွက်ကြမည်ဖြစ်ရာ အားနည်းချက်များ၊ မပြည့်စုံမှုများရှိနိုင်သော်လည်း သက်ဆိုင်သူများက ဝိုင်းဝန်းပံ့ပိုးမှသာ ရေရှည်တွင် အောင်မြင်နိုင်မည်ဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ပြောကြားသည်။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပေါ်ထွက်လာပါက ပြည့်ပြည့်စုံစုံ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး ပြင်ဆင်သည့်ဥပဒေမထွက်ပေါ်မီ အရေးကြီး လိုအပ်ချက်များ တွေ့ရှိလာပါက ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့တင်ပြခြင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ အကြံဉာဏ်ရယူခြင်းများဆောင်ရွက်ပြီး လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

လယ်ယာမြေဥပဒေ ပြင်ဆင်မှုလုပ်ငန်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ ဟိုတယ်မက်စ်တွင် ဇွန်လ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနှင့် အစိုးရအသစ်တက်သည့် သုံးနှစ်တာကာလအတွင်း တောင်သူ ၂၁၅,၁၉၀ အတွက် မြေပိုင်ဆိုင်ကြောင်း ထောက်ခံချက်လက်မှတ် ပုံစံ (၇) ၉၆၇၁၀၁ ဧကကို ထုတ်ပေးနိုင်ခဲ့ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနထံမှ သိရသည်။


Credit: The Voice

 

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection