house rental advice


အိမ်ခြံမြေ ပြန်လည်ငှားရမ်းရာတွင်
အိမ်ခြံမြေဈေးကွက်ရဲ့လတ်တလောရပ်တည်မှုအရ
အငှားဟာ အရောင်းထက်ပိုမိုဖြစ်ပေါ်နေတာကို တွေ့ရမှာ
ဖြစ်ပါတယ်။


အထူးသဖြင့်ရန်ကုန်မြို့တွင်းရှိမြို့နယ်များတွင်ပိုမိုဖြစ်ပေါ်
နေပြီး မြို့စွန်ရှိ မြို့နယ် များတွင်လည်း ငှားရမ်းနေထိုင်မှုများ
နေရာအနှံဖြစ်ပေါ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။
အိမ်ယာ လိုအပ်ချက်တိုးပွားနေမှုများကြောင့်ဈေးနှုန်း
သက်သာသောမြို့နယ်များတွင် ငှားရမ်းနေထိုင်မှု တိုးပွား
လာနေသကဲ့သို့ နိုင်ငံတွင်းသို့ဝင်ရောက်လာသော ပြင်ပ
စီးပွားရေးလုပ်ငန်းများကြောင့်လည်း မြို့လယ်ခေါင်
အချက်အချာနေရာများရှိ အဆောက်အဦးများနှင့် လုံးချင်း
အိမ်များပါ ငှားရမ်းမှုများ တိုးတက် ဖြစ်ပေါ်နေတာ
ဖြစ်ပါတယ်။
ထို့သို့သော အခြေအနေမျိုးမှာ မိမိပိုင်ဆိုင်သော အိမ်ယာ
များကိုပြန် လည်းငှားရမ်းခြင်းဖြင့် မိမိရင်းနှီးမြုပ်နှံမှုမှ လစဉ်
၀င်ငွေများပြန်လည်ရရှိနိုင်မှာလည်းဖြစ်ပါတယ်။
ထိုသို့ ပြန် လည်ငှားရမ်းရန် အတွက်
အောက်ပါ အချက်အလက်များကတော့ မဖြစ်မနေ
ထည့်သွင်း စဉ်းစားရန်လိုအပ်မှာဖြစ်ပါတယ်။


အိမ်ငှားအမျိုးအစား
---------------------
မိမိ ငှားရမ်းလိုတဲ့သူ အမျိုးအစားကိုစဉ်းစားရပါမယ်။
နိုင်ငံခြားသား (သို့) ပြည်တွင်းက မိသားစု စသဖြင့်
မိမိငှားရမ်းမည့် အိမ်အမျိုးအစားနှင့် ကြိုက်နှစ်သက်နိုင်မည့်
ငှားရမ်းသူများကိုလည်း ရွှေးချယ်တက်ရန်လိုအပ်မှာ
ဖြစ်ပါတယ်။
များသောအားဖြင့်တော့ မိသားစုများကို ငှားရမ်းခြင်းက
တစ်ဦးတစ်ယောက်အားငှားရမ်းခြင်းထက် စာချုပ်သက်တမ်း
ပိုကြာနိုင်ပါတယ်။
နိုင်ငံခြားသားများကို ငှားရမ်းမယ်ဆိုရင်တော့ မိမိအိမ်ရာဟာ
တည်နေရာ အချက်အချာနေရာမျိုးမှာ တည်ရှိဖို့လိုအပ်ပြီး
အိမ်တွင်းမှာ ပရိဘောဂတွေအပြည့်အစုံ ထည့်သွင်းထားကာ
၎င်းတို့စိတ်ကြိုက်ပြင်ဆင်ပေးရန်လိုအပ်မှာဖြစ်ကာ
ငှားခဈေးနှုန်းလည်း ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။
နောက်မိမိအနေနဲ့ နေထိုင်ရန်သီးသန့်အတွက်လား
စီးပွားရေးအရ အသုံးပြုရန်ပါငှားရမ်းမလားဆိုတာလည်း
ထည့်သွင်း စဉ်းစားရန်လိုမှာဖြစ်ပါတယ်။


ငှားရမ်းမည့် ကာလ
---------------------
ကိုယ်ငှားမည့်အိမ်ခြံမြေကို ကာလတို၊ ကာလရှည်၊ လချုပ်၊
အဆောင် စသဖြင့် မိမိ လိုအပ်ချက်အပေါ်ကိုမူတည်ပြီး
တော့ စဉ်းစားသတ်မှတ်ရန်လိုအပ်မှာဖြစ်ပါတယ်။
မိမိအနေနဲ့ ငွေကြေးတစ်လုံးတစ်ခဲတည်း လိုအပ်တယ်
ဆိုရင်တော့ နှစ်ရှည်စာချုပ်မျိုးဖြင့် ငှားရမ်းခြင်းကပိုမို
ကောင်းမွန်ပါတယ်။
သို့ပေမယ့် ငှားခဈေးနှုန်းတက်လာနိုင်ချေရှိတဲ့ အခြေအနေ
များကြောင့် အချို့သော အိမ်ပိုင်ရှင်များဟာ ၎င်းတို့အိမ်ရာများ
ကိုနှစ်ရှည်စာချုပ်နှင့် ငှားရမ်းမှုမျိုးကို ရှောင်ကျဉ်ကြပါတယ်။

 

ငှားခဈေးနှုန်း
--------------
ငှားရမ်းမှု ပြုလုပ်တော့မယ်ဆိုရင် အရေးအကြီးဆုံးက
ကိုယ့်ရဲ့အိမ်ခြံမြေကို ငှားရမ်းခဟာနှုန်းထား ဘယ်လောက်
ရှိလဲဆိုတာကို သိရှိနေရပါမယ်။
ဒီအတွက်ကြောင့် စျေးကွက်ထဲမှာ လေ့လာမှု ပြုလုပ်ပြီးတော့
ပျမ်းမျှ ငှားရမ်းခနှုန်းထားကို သိရှိအောင် ကြိုးစားရပါမယ်။
ဒီစျေးနှုန်းကို သိတော့မှ ကိုယ့် အိမ်ခြံမြေရဲ့တည်နေရာ၊
ကိုယ်ထည့်သွင်း ပြင်ဆင်ပေးထားတဲ့ ကုန်ကျစရိတ်တွေကိုပါ
တွက်ချက်ပြီးတော့ ငှားရမ်းခနှုန်းထား ဘယ်လောက်
တောင်းဆိုနိုင်မည်ဆိုသည်ကိုတွက်ချက်နိုင်မှာဖြစ်ပါတယ်။

 

နည်းလမ်း
-----------
အချို့အိမ်ခြံမြေအမျိုးအစားများ အတွက် လစဉ်ကြေး
ပေးဆောင်ရတာမျိုးတွေ နောက် လူမနေတဲ့အတွက် ဖြစ်ပေါ်
လာနိုင်တဲ့ အပျက်အစီးနှင့် သန့်ရှင်းရေးပိုင်းများအတွက်
လည်း ကုန်ကျစရိတ် ရှိနေပြန်တာကြောင့် မိမိအိမ်ကို
အမြန်ဆုံးငှားရမ်းနိုင်ဖို့အတွက်လည်း မှန်ကန်သောနည်းလမ်း
ရွှေးချယ်ရန်လိုအပ်မှာဖြစ်ပါတယ်။
အစောပိုင်းကာလများမှာတော့ အိမ်ခြံမြေငှားရမ်းနိုင်ဖို့
အကျိုးဆောင်ပွဲစားများထံ အပ်နှံမှုပြုပြီး လုပ်ဆောင်ရတာမျိုး၊
အိမ်ခြံမြေ စာစောင်များမှာ ကြော်ငြာထည့်သွင်းတာမျိုးတွေ
ကို လုပ်ဆောင်ကြပါတယ်။
နောက်ပိုင်း တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာ ခေတ်မျိုး
မှာတော့ မှန်ကန်ကောင်းမွန်သော အိမ်ခြံမြေ၀ဘ်ဆိုက်မျိုးမှာ
ထည့်သွင်းကြေငြာရန်လည်း လိုအပ်မှာ ဖြစ်ပါတယ်။
ထိုသို့သောဝဘ်ဆိုဒ်များမှာ ကြော်ငြာခြင်းကြောင့် လူသိပိုမို
များပြီး အချိန်တိုအတွင်း အိမ်ငှားရရှိနိုင်မှာဖြစ်ပါတယ်။
မိမိအနေနဲ့တော့ ကြော်ငြာထည့်သွင်းရာမှာ မိမိအိမ်ခြံမြေနှင့်
ပတ်သက်သော အချက်လတ်များကို အသေးစိတ်ဖော်ပြရန်
နှင့်ဓာတ်ပုံများထည့်သွင်းပေးပါကပိုမို ထိရောက်မြန်ဆန်
နိုင်မှာလည်းဖြစ်ပါတယ်။



"အိမ်ရှင်အိမ်ငှားများ နှစ်ဦးနှစ်ဖက် အဆင်ပြေစေဖို့ရာ"
အိမ်ငှားစျေးကွက်ကောင်းလာတာနဲ့အမျှ အိမ်ရှင်အိမ်ငှားတွေ
အဆင်ပြေချောမွေ့စေဖို့ရာ သိထားသင့် တဲ့ အချက်တွေကို
ဖော်ပြပေးလိုက်ပါတယ်။


အိမ်မငှားခင် အိမ်ရှင်အနေနဲ့
- အိမ်ငှားဖြစ်သူ နေထိုင်မယ့် မိသားစုဦးရေ၊
- အိမ်ငှားဖြစ်သူရဲ့ အလုပ်အ ကိုင်၊
- အိမ်မှာ လျှပ်စစ်မီးသုံးပြီး လုပ်ငန်းလုပ်ကိုင်ခြင်းရှိ/မရှိ၊
- လူမျိုးနှင့်ဘာသာ၊
- ငှားရမ်းနေထိုင်မယ့် ကာလ၊
- ငါးနှစ်သို့မဟုတ် ဆယ်နှစ်အောက်ကလေးများ ပါ၀င်ခြင်း
ရှိ/မရှိ၊
- စပေါ်သို့မဟုတ် နှစ်ချုပ်ခေါ် အပျောက်စသည့် မည်သည့်
စနစ်ဖြင့် ငှားရမ်းမည်၊
- အိမ်ကို လက်ရှိပြင်ပေးထားတဲ့ အနေအထားအတိုင်း
လက်ခံခြင်း ရှိ/မရှိ၊
- ပြန်လည် ပြင်ဆင်ပေးဖို့ လို/မလို၊
- အိမ်ရှင်အနေနဲ့ အကြောင်းတစ်စုံတစ်ရာကြောင့်
ဆက်လက်မငှားလို၍ တစ်လကြိုတင်အကြောင်းကြားပါက
ဖယ်ပေးနိုင်မည့် အခြေအနေရှိ/မရှိ၊
- တိရစ္ဆာန်မွေးမြူနိုင်ခြင်း ရှိ/မရှိ ဆိုသည့် အချက်တွေကို
ဦးစွာဆွေးနွေးပြီးမှ ငှားရမ်းဖို့ သဘောတူသင့်ပါတယ်။
အိမ်ငှားရာမှာ တချို့အိမ်ရှင်တွေဟာ စပေါ်တင်ခိုင်းလေ့
ရှိကြပါသည်။
အဘယ့်ကြောင့်ဆိုသော် တချို့သောအိမ်ငှားတွေဟာ
အိမ်ငှားကာလနှစ်စေ့သောအချိန်တွင် အိမ်ကိုပိုင်ရှင်ထံ
ပြန်မအပ်ဘဲ ပြောင်းရွှေ့သွားတတ်ကြသောကြောင့်
ဖြစ်သည်။


 အိမ်ငှားတစ်ဦးအနေဖြင့် ပိုင်ရှင်ကိုအိမ်ပြန်အပ်ရာတွင်
အသုံးပြုခဲ့သည့် ရေ မီတာခွန်၊ လျှပ်စစ်မီတာခွန်၊
တယ်လီဖုန်းခွန်စသည့် သက်ဆိုင်ရာ၀န်ဆောင်ခများ
ပေးဆောင်ပြီးကြောင်း ပြေစာများနှင့်အတူ ပြန်လည်
အပ်နှံရမှာဖြစ်သလို အကြောင်းတစ်ခုခုကြောင့်
မူလငှားရမ်းစဉ်က တည်ရှိမှုပုံစံ အတိုင်းမဟုတ်ဘဲ
အပျက်အစီးတစ်စုံတစ်ရာဖြစ်ခဲ့ပါက လျော်ကြေးငွေ
ပေးခဲ့ရမှာ ဖြစ်ပါတယ်။ 


အိမ်ရှင်အနေနဲ့ လည်း အိမ်ငှားစာချုပ်သက်တမ်းစေ့၍
အိမ်ငှားမှ ကြွေးကျန်များကို ရှင်းလင်းပြီး မူလအခြေအနေ
အတိုင်း အိမ်ကို ပြန်အပ်ပြီးပါက စပေါ်ငွေကို ပြန်လည်
ပေးအပ်ရမှာဖြစ်ပါတယ်။


တချို့အိမ်ရှင်တွေက အိမ်ငှားရာမှာ စပေါ်စနစ်ထက်
အပျောက်စနစ်ခေါ် နှစ်ချုပ်ငှားစနစ်ကို ကျင့်သုံးကြ
ပါသည်။
(နှစ်ချုပ်စနစ်ဆိုသည်မှာ စပေါ်ပေးစရာမလိုဘဲ
အိမ်ငှားခကို ငှားရမ်းနေထိုင်သူအနေနှင့်
ငှားရမ်း နေထိုင်မည့် ကာလတစ်ခုလုံးအတွက်
တစ်ကြိမ်တည်းအကြေအလည်ပေးထားရသည့် စနစ်
ဖြစ်သည်။)


 များသောအားဖြင့် နှစ်ချုပ်ငှားရမ်းခြင်းစနစ်အရ
စာချုပ်သက်တမ်းမကုန်ဆုံးခင်ကာလအတွင်းအကြောင်း
ကြောင်း ကြောင့် အိမ်ငှားမှ ဆက်လက်နေထိုင်လိုခြင်း
မရှိပါက သို့မဟုတ် အိမ်ငှားဖြစ်သူဟာ သက်မှတ်ထားတဲ့့
စည်းကမ်းချက်များကို မလိုက်နာပါက ကျန်ရှိနေသည့်
အိမ်ငှားခများကို ပြန်အမ်းပေးခြင်းမရှိပေ။ 


နှစ်ချုပ်စနစ်၏ အားသာချက်မှာ အိမ်ငှားဖြစ်သူအနေနဲ့
ဆက်လက်ငှားရမ်းနေထိုင်လိုခြင်း မရှိတော့တဲ့ အချိန်မှာ
စပေါ်ငွေပြန်မရမည်ကို မပူရခြင်း ဖြစ်သလို
အိမ်ရှင်အနေနဲ့လည်း လစဉ်အိမ်လခမှန်မှန်မရမည်ကို
ပူပန်ဖို့မလိုတော့ခြင်းဖြစ်တဲ့ အပြင် အိမ်ငှားဖြစ်သူကို
ငွေအလုံးအရင်း ပြန်အမ်းရမည်ကိုလည်း ပူပန်စရာ
မလိုခြင်းပင် ဖြစ်ပါသည်။


အိမ်ငှားရမ်းကာလပြီးဆုံးပြီး ဆက်လက်ငှားရမ်းမယ့်ကိစ္စမှာ
နောက်ထပ်ပြီး အိမ်ရှင်အိမ်ငှား နှစ်ဦး သဘောတူညီချက်
အရသာ ဖြစ်ပါတယ်။


ဆက်လက်ငှားရမ်းသည့်တိုင် အိမ်ငှားခကို ယခင်စျေးနှုန်း
အတိုင်း ဖြစ်မဖြစ်မှာလည်း အိမ်ရှင်ဖြစ်သူ၏
သဘောဆန္ဒအတိုင်းသာ ဖြစ်ပါသည်။


ဒါ့အပြင် ယခုခေတ်တွင် အိမ်ရှင်မှ ဆယ်နှစ်ကျော်အထိ
အိမ်ငှားထား၍ ပြဿနာများလည်း မကြာခဏ
ကြားနေရလေ့ ရှိပါတယ်။


 အိမ်ငှားရာမှာ ဒီပြဿနာတွေကနေ ကင်းဝေးဖို့
အကောင်းဆုံးနည်းလမ်းအနေနဲ့ အိမ်ငှားတစ်ဦးကို
အများဆုံး ငါးနှစ်ထိသာ ငှားရမ်းခွင့်ပြုတာဖြစ်ပါတယ်။ 

 

 စာချုပ်ချုပ်ဆိုရာတွင်လည်း စာချုပ်တွင် ရက်စွဲ ပါ၊ မပါ၊
ကာယကံရှင် နှစ်ဦးနှစ်ဖက်လုံးနှင့် အသိသက်သေ စုံစုံညီညီ
လက်မှတ်ရေးထိုးထားခြင်း ရှိ၊ မရှိတို့ကို သေချာစွာ စစ်ဆေးသင့်ပါတယ်။

Credit : Original uploader

မြောင်းတကာစက်မှုဇုန်အနီး
မြေကွက်မှော်ဘီ
280 Lakhs
မြေကွက်ရောင်းမည်
မြေကွက်မင်္ဂလာဒုံ
ရောင်းမည်
2500 Lakhs

 

No Internet Connection