Accessibility Tools

 

အရောင်းအဝယ်မှာ နှစ်မျိုးရှိပါတယ်။ စရန်ပေးစာချုပ်နဲ့ စာချုပ်ကြီးရှိမှာပေါ့။ စရန်ပေးစာချုပ်ဆို တာတော့ မှတ်ပုံတင်စရာမလိုပါဘူး။ အပြီးသတ်မချုပ်ရသေးဘူးပေါ့။ စည်းကမ်းချက်တွေတော့ရှိတာပေါ့။

 

မရောင်းရင် ဘယ်နှစ်ဆတို့၊ ပျက်ကွက်ရင် ဘယ်နှစ်ဆတို့။ ဒါကတော့ လက်ရောက်လည်း ယူထားတာမရှိသေးဘူး။ ငွေ လည်းမချေသေးဘူး။ ဒီအရောင်းဝယ်စရန်ပေးစာချုပ်က သိပ်ပြဿနာမရှိသေးဘူး။ ပြဿနာရှိတာက အိမ်နဲ့ခြံကို ဝယ်ပြီး စာချုပ်ချုပ်တဲ့ အခါမှာ တချို့က မှတ်ပုံမတင်ဘူး။ အရပ်စာချုပ်နဲ့ပဲဝယ်လိုက်တယ်။ အရပ် စာချုပ်နဲ့ဝယ်ခြင်းသည်လည်း မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတန်ဖိုး တစ်သိန်းနဲ့အထက်ဆိုရင် မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကို တင်ရမယ်။ မှတ်ပုံမတင်ရင် တရားမဝင်ဘူး။ မှတ်ပုံမတင်ရင် ဒီအိမ်နဲ့ခြံ၊ ဒီဥပစာကို သူမပိုင်ဘူး။ တရားဝင် တိုင်တယ်လ် မရဘူး။ ဒါကြောင့်မလို့ အဲ့ဒီမှာ ပြဿနာတွေရှုပ်ကြတာ။

 နောက်တခါ..ဝယ်ပြီဆိုရင် တိုက်ခန်းပဲဖြစ်ဖြစ် ရောင်းတဲ့သူက တိုက်တယ်လ်ရှိရမယ်။ ပြီးတော့သူက Position ရှိရမယ်။ ပြီးတော့လည်း ဝယ်တဲ့လူကို Position လက်ရောက်အပ်ရမယ်။ ဒါအရောင်းဝယ်နဲ့ပတ်သက်တာပေါ့။ ပေါင်ပြီဆိုရင်လည်း ဒီလိုပဲ။ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းပေါင်တာက လွယ်ပါတယ်။ အပေါင်ဆိုင်မှာသွားပေါင်လိုက် ကိစ္စမရှိဘူး။ အရပ်ထဲအပေါင်ခံတဲ့သူက လိုင်စင်ရှိရင် အပေါင်ခံလို့ရပါတယ်။ လိုင်စင်မရှိရင် အပေါင်ခံလို့မရဘူး။ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေပေါင်ပြီဆိုရင် မှတ်ပုံမတင်လို့ကို မရပါဘူး။ မှတ်ပုံမတင်ရင် ပေါင်နံှခြင်းဟာ တရားမဝင်ဘူး။ ဒါကြောင့် ပေါင်တယ်လို့ အရပ်ထဲမှာပြောနေတဲ့ စကားတွေဟာ အမှန်ကတော့ အာမခံ ချက် ပေးတာ၊ တကယ်ပေါင်တာမဟုတ်ဘူး။ ပေါင်တာကို လုပ်ချင်ရင် တရားဝင်မှတ်ပုံတင်ပါလို့ အကြံပြုချင်တယ်။

နောက်တစ်ခါ ချေးတယ်ဆိုတာလည်းဒီလိုပဲ။ အချို့ကျတော့ ငွေချေးသူများ လိုင်စင်မရှိဘူး။ မရှိဘဲနဲ့ ငွေ ချေးပြီး အတိုးယူလို့မရဘူး။ အတိုးယူရင် အဲဒီလိုင်စင်ကို ဖောက်ဖျက်တဲ့အတွက် သူ့မှာအပြစ်ရှိတယ်။ တရားရုံး မှာ သက်သာခွင့်တောင်းရင် သူ့မှာ ငွေချေးစားသူများလိုင်စင် မရှိတဲ့အတွက် ရနိုင်မှာမဟုတ်ဘူး။ နောက် .. ငွေချေးလုပ်ငန်းလုပ်ရင် လုပ်ငန်းလိုင်စင်ရှိရဦးမယ်။ လိုင်စင်မရှိဘဲနဲ့ အုပ်စုဖွဲ့ပြီးငွေချေးကြတယ်။ အဲဒါကလည်း ထောင်ဒဏ် ငါးနှစ်ထိရှိပါတယ်။ တရားမဝင်ဘူး။ 

နောက်တစ်ခုကတော့ လိုင်စင်လည်းမလိုပါဘူး ။ မိတ်ဆွေအပေါင်းအသင်း သူမှာ အခက်ခဲရှိလို့ ကူညီတဲ့ အနေနဲ့ ကိုယ်ကချေးတာ။ ချေးလို့ရတယ်။ ကူညီတာ.. အတိုးယူလို့မရဘူး။ ဒီလုပ်ငန်းနဲ့ အသက်မွေးဝမ်း ကြောင်းပြုတာ မဟုတ်ရဘူး။ အသက်မွေးဝမ်းကြောင်းပြုရင် လိုင်စင်ယူရမယ်။ မိတ်ဆွေကောင်းအနေနဲ့ တစ်ယောက်ရဲ့အခက်အခဲကို ကူညီတာဆိုရင် လိုင်စင်မလိုဘူး။ အတိုးမယူရဘူး၊ ချေးလို့ရတယ်။ ချေးတာကို ပြန်ရလိုမူ၊ တရားမမူနဲ့ တရားစွဲတောင်းလို့လည်းရတယ်။ ဒါဆိုရင် ပေါင်တာ၊ ချေးတာတာ၊ ရောင်းတာနဲ့ ပတ်သက်ပြီး အမှားအယွင်းမရှိအောင် အဲ့ဒီနည်းအတိုင်ဆောင်ရွက်ပါလို့ပဲ ဖြေကြားချင်ပါတယ်။

Credit : DVB Law Lab

 

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection