Accessibility Tools

0.00 ( 0 votes )


ဆားဟာ ဟင်းကောင်းတစ်ခွက်ရရုံသာ စွမ်းဆောင်နိုင်တာ မဟုတ်ပါဘူး။ သန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက်ပါ အထူး အသုံးဝင်တဲ့ ဆေးကောင်းတစ်လက် ဖြစ်ပါတယ်။ ဆားကို ဘယ်လိုနေရာတွေမှာ ဘယ်လိုအကျိုးရှိရှိ အသုံးပြုနိုင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။


(၁) ချိုးတွေကိုဖယ်ရှားနိုင်တယ်
ဟင်းအိုး တူးသွားတဲ့အခါတွေမှာပဲ ဖြစ်ဖြစ်၊ သုံးတာကြာလို့ပဲ ဖြစ်ဖြစ် အိုးတွေမှာ ကပ်နေတဲ့ ချိုးတွေကို ပန်းကန်ဆေးဆပ်ပြာထဲ ဆားအနည်းငယ် ထည့်ပြီး ပွတ်ဆေးပေးလိုက်ရုံနဲ့ ပြောင်လက်သွားမှာပါ။


(၂) စဉ့်တုံးကို သန့်ရှင်းစေတယ်
သုံးတာကြာသွားလို့ စဉ့်တုံးက မည်းလာတဲ့အခါမှာ ဆားဖြူးပြီး သံပုရာခြမ်းလေးနဲ့ ပွတ်ပေးလိုက်ရုံနဲ့ အသစ်အတိုင်းသန့်ရှင်းသွားစေပါတယ်။


(၃) ဖန်ပေါ်က အစွန်းတွေ ချွတ်ပေးတယ်
ဖန်မှာစွန်းနေတဲ့ အဝါကွက်တွေနဲ့ အစွန်းကွက်တွေကို ဆားအနည်းငယ်နဲ့ ရေရောပြီးခလောက်ပေးကာ ဆပ်ပြာနဲ့ပြန်လည် ဆေးကြောပေးလိုက်ရင် သန့်ရှင်းတောက်ပြောင်စေပါတယ်။


(၄) မျက်နှာဂျီးချွတ်ပေးနိုင်တယ်
ဆားအနည်းငယ်ကိုယူပြီး ထောပတ်နှင့် (၁ အချိုး ၂) ရောပေးကာ မျက်နှာကို ညင်ညင်သာသာ ပွတ်လိမ်းပေးကာ (၅) မိနစ်အကြာမှာ ရေဆေးပေးခြင်းဖြင့် မျက်နှာကို အတွင်းပိုင်းအထိ သန့်စင်စေပါတယ်။


(၅) ချိစ်တွေကိုမှိုမတက်အောင် ကာကွယ်ပေးတယ်
ချိစ်တွေကို မှိုမတက်အောင်လို့ ဆားကိုရေနဲ့ဖျော်ပြီး ချိစ်အပြင်ပိုင်းတွေကို သုတ်လိမ်းပေးခြင်းဖြင့် မှိုမတက်အောင် ကာကွယ်ပေးပါတယ်။


(၆) ကြွေပြားတွေကို သန့်စင်စေတယ်
ဆပ်ပြာရည်ထဲကို ဆားထည့်ပြီး ကြွေပြားတွေကို ဆေးကြောသန့်စင်ပေးခြင်းဖြင့် အသစ်အတိုင်း တောက်ပသစ်လွင်နေစေပါတယ်။


(၇) ခြေထောက်စိမ်နိုင်တယ်
နွေးထဲကို ဆားအနည်းငယ်ထည့်ပြီး ရေအေးသွားတဲ့အထိ ခြေထောက်ကိုစိမ်ပေးပါ။ အကြောတွေအားလုံးပြေသွားပြီး ညောင်းညာတာတွေ သက်သာစေပါတယ်။


(၈) ကော်ဖီချိုးတွေကို ဖယ်ရှားပေးတယ်
ကြွေခွက်တွေမှာ ကော်ဖီချိုးတွေကျန်နေတာတွေကို ဆားနဲ့ ရှာလကာရည်ဆတူရောပြီး ခွက်ထဲလောင်းထည့်ကာ တစ်နာရီခန့်ကြာတဲ့အခါမှာ ဆေးကြောပေးခြင်းဖြင့်၊ ကော်ဖီချိုးနှင့် လက်ဖက်ရည်ချိုးတွေကို ပြောင်စေပါတယ်။


(၉) ကော်ဖီအခါးကိုသက်သာစေတယ်
ကော်ဖီကအရမ်းခါးနေတဲ့အခါ ဆားအနည်းငယ်ဖြူးပေးခြင်းဖြင့် အခါးသက်သာစေပါတယ်။


(၁၀) အဖြူရောင်အဝတ်အထည်တွေကို ဖြူဖွေးစေတယ်
အဖြူရောင် အဝတ်အထည်တွေ လျှော်ဖွပ်တဲ့အခါ ဆားအနည်းငယ် ထည့်လျှော်ခြင်းဖြင့် ဖြူဖွေးတောက်ပနေစေပါတယ်


Credit: Aunty May

Rating

Like
Informative
Knowledgeable

Users' reviews

Add review
မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection