Accessibility Tools

 

ရန်ကုန် မိုးပျံရထားလမ်း စီမံကိန်းဧရိယာအတွင်း ရှိ ထိခိုက်မှုရှိနိုင်သူများကို လျော်ကြေးပေးရန်အတွက် လိုအပ်သည့် စစ်တမ်းကောက်ယူခြင်းအားစတင်တော့မည်ဟု သိရသည်။
ယင်းစစ်တမ်းကို ယခုလလယ်ပိုင်းမှစ၍ သုံးလကြာကောက် ယူမည်ဖြစ်ကြောင်း စစ်တမ်းကောက်ယူမည့် eguard Enviromental Services ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးသီဟကပြောသည်။ '' စီမံကိန်းဧရိယာတစ်လျှောက်က ထိခိုက်နိုင်တဲ့သူတွေကို စစ် တမ်းကောက်မယ်။ ငါးမြို့နယ်လုံးကို သုံးလလောက်ကောက်ဖို့လျာ ထားတယ်''ဟု ၎င်းင်းက ပြောသည်။

 

 ယင်းရထားလမ်းသည် လှိုင်သာယာ ၊ မရမ်းကုန်း ၊ တောင်ဥက္ကလာ နှင့် ရန်ကင်းမြို့နယ် တို့ကိုဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်းဧရိယာအတွင်းသက်ရောက်မှု ခံစားရသူများ၏ မိသားစု ဦးရေ၊ အလုပ်အကိုင်စသည့် သန်းခေါင်စာရင်းစစ်တမ်း၊ မြေယာပိုင်ဆိုင်မှုပမာဏ၊ ပိုင်ဆိုင်မှုအဆင့်အတန်း၊ ဆုံးရှုံးမှုစာရင်း၊ ဝင်ငွေ၊ အသုံးစရိတ်၊ ဝန်ဆောင်မှုအသုံးပြုခြင်းစသည့် လူမှုစီးပွားစစ်တမ်းများကို ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ ဈေးကွက်စစ်တမ်းအနေဖြင့် အိမ်ခြံမြေအကျိုးဆောင်များထံမှ မြေဈေးနှင့် အဆောက်အအုံသုံးပစ္စည်းများ၏ ဈေးနှုန်းများကိုကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများနှင့် ပူးပေါင်း ကာစစ်တမ်းကောက်ယူမည်ဖြစ်ပြီး ရလဒ်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ထံ တင်ပြသွားမည်ဖြစ်ကြောင်း eguard Enviromental Services ကုမ္ပဏီမှ သိရသည်။ ပါရမီလမ်းတစ်လျှောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ပညာရေးဝန်ကြီးဌာနပိုင်မြေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်မြေ၊ ရန်ကုန်မြို့တော်စည်ပင်ပိုင်မြေ၊ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေအချို့နှင့် အဆောက်အအုံအချို့ စီမံကိန်းနှင့်မလွတ်သဖြင့် နေရာရွှေ့ပြောင်း ခြင်း ခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။

ရန်ကုန်- ပုသိမ်လမ်း တစ်လျှောက်တွင် ကာကွယ်ရေးဝန်ကြီး ဌာနပိုင်မြေ၊ မြန်မာ့မီးရထားပိုင်မြေတို့ စီမံကိန်းနှင့်မလွတ်ကင်းနိုင် ချေရှိပြီး လမ်းတစ်လျှောက်ရှိ ကျူးကျော်နေထိုင်သူများ၊ နေရာပြောင်း ရွှေ့ခံရနိုင်ဖွယ်ရှိကာ ဘုရင့်နောင်တံတားအနီး လှိုင်မြစ်အနီးတွင် နေထိုင်သူများလည်း ထိခိုက်မှုရှိနိုင်ကြောင်း eguard Enviromental Services ကုမ္ပဏီကသုံးသပ်ထားသည်။


Credit : The Kumudra

မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection