Accessibility Tools

0.00 ( 0 votes )

form7-farmland

 

ပုံစံ (၇) လျောက်ရင် (၅)လအတွင်း ရပါတယ်။ လျောက်ပြီးရင် ငါးလအတွင်းမှာ ပုံစံ (၇) ရ/မရ သိရပါမယ်။ မရနိုင်ရင်လည်း ဘာကြောင့် မရနိုင်ဆိုတာ သိရပါတယ်။


မိမိစိုက်ပျိုး လုပ်ကိုင်နေတဲ့ လယ်ယာမြေ ပုံစံ (၇) မရသေးရင် ရပ်ကျေးရုံးမှာ ပုံစံ (၁) အခမဲ့ ယူပြီးလျောက်၊ ရပ်ကျေးလယ်စီက (၁)လအတွင်း မြို့နယ် မြေစာရင်းဌာနကိုတင်ပြ။


မြို့နယ်မြေစာရင်းက (၁၅) ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း အချိန်(၁)လပေး ကြေငြာချက်ထုတ်၊ ကန့်ကွက်တာ ရှိရင် (၇) ရက်အတွင်း ရပ်ကျေးကို စစ်ခိုင်းပြီး (၇) ရက်အတွင်း ပြန်တင်ပြခိုင်း၊ မြို့နယ်မြေစာရင်းက (၁)လအတွင်း မြို့နယ်လယ်စီအဖွဲ့ကို သဘောထားနဲ့အတူ တင်ပြ၊


မြို့နယ်လယ်စီက (၇) ရက်အတွင်း သဘောထားနဲ့အတူ ခရိုင်လယ်စီကိုတင်ပြ၊ ခရိုင်လယ်စီက (၁၅) ရက်အတွင်း ခွင့်ပြုကြောင်း (သို့) ငြင်းပယ်ကြောင်း မြို့နယ်မြေစာရင်းကို ပြန်အကြောင်းကြား၊


မြို့နယ် မြေစာရင်းက ခရိုင်လယ်စီမှ ခွင့်ပြုထားရင် မှတ်ပုံတင်ကြေးယူ၊ ခရိုင်လယ်စီမှ ခွင့်ပြုမထားရင် မှတ်တမ်းသွင်း မြို့နယ်လယ်စီကိုထပ်တင်ပြ၊


မြို့နယ်လယ်စီက ခရိုင်လယ်စီမှ ခွင့်ပြုထားရင် လျောက်ထားသူ ကာယကံရှင်ကို ပုံစံ (၇) ထုတ်ပေး၊ ခရိုင်လယ်စီက ခွင့်ပြုမထားရင် ငြင်းပယ်၊ ငြင်းပယ်ကြောင်း ကာယကံရှင်ကို အကြောင်းကြား၊
အဲဒီအတိုင်း မဖြစ်ရင် ဗဟိုလယ်စီအဖွဲ့ ၀၆၇၄၁၀၀၀၄ ကိုတိုင်ကြားနိုင်ပါသတဲ့၊ စာနဲ့ရေးတိုင်ချင်ရင် ဗဟိုလယ်စီရုံး၊ ရုံးအမှတ် ၁၅၊ နေပြည်တော် ဖြစ်ပါကြောင်း။
သမ္မတရုံး Website မှာလဲ အများပြည်သူ သိရှိအောင် တင်ထားတာ တွေ့ပါတယ်။

https://www.president-office.gov.mm

Credit : Myo Min Htun

 

ရောင်းရန်၊ ဌားရန် အိမ်ခြံမြေများ

 

Rating

Like
Informative
Knowledgeable

Users' reviews

Add review
မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection