Accessibility Tools

Korea Myanmar Industrial Complex

 

ရန်ကုန်၊ဒီဇင်ဘာ ၂၀ရက်
အလုပ်အကိုင်အခွင့်အလမ်း ၁သိန်းနီးပါး ရရှိမည့် ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်မြို့တော်အကောင်အထည်ဖော်မည့်ရက်ကို ဒီဇင်ဘာ၂၄ရက်နေ့ဟု မြန်မာအစိုးရက ယနေ့တွင် တရားဝင်ကြေညာလိုက်ပြီဖြစ်သည်။

 


ယနေ့ကျင်းပသော UMFCCI၏ ၂၉ ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။


“ပထမဆုံးစီမံကိန်းအဖြစ် Korea-Myanmar Industrial Complex (KMIC) ကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ စတင် တည်ဆောက်နိုင်တော့မှာဖြစ်ပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံမှ AMATA Smart and Eco City နဲ့ မြန်မာနဲ့ စင်္ကာပူတို့ ဖက်စပ် ဆောင်ရွက်မယ့် Myanmar Singapore Industrial Park ကို ဆက်လက် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးကပြောသည်။


ကိုဗစ်ကာလထဲ အကောင်အထည်ဖော်မည့် ပမာဏကြီးမားသော ပထမဦးဆုံးစီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးညောင်နှစ်ပင် ရှိ မြေဧက ၆၀၀နီးပါးပေါ်တွင် တည်ရှိသည်။


စက်ရုံ၊အလုပ်ရုံများ၊လူနေအိမ်နှင့်ရုံးခန်းများပါ စီမံကိန်းထဲ ပါဝင်သည်ဟုသိရသည်။


ဒီဇင်ဘာ ၁၀ရက်နေ့ကလည်း ကိုရီးယား-မြန်မာ-စက်မှုဥယျာဉ်မြို့တော်(လှည်းကူး) အကောင်အထည်ဖော်မည့် ကိုရီးယားအခြေစိုက် Korea Land & Housing Corporationကို မြန်မာက အသိအမှတ်ပြုဆုတံဆိပ်အပ်နှင်းထားပြီးဖြစ်သည်။


ကိုရီးယား-မြန်မာ စက်မှုဥယျာဉ်မြို့တော် (KMIC) ကို မြန်မာနိုင်ငံ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)နှင့် Korea Land & Housing Corporation တို့မှပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင် ရောက်၍ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်လာနိုင်မည်ဟုသိရသည်။


Credit : ကိုမင်း/Myanmar Harp

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection