Accessibility Tools

 

 

လက်ရှိ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူအများစုက စက်မှုဇုန် မြေကွက်တွေထက် လယ်မြေတွေကို ပိုမိုစိတ်ဝင်စားပြီး စုံစမ်းမှုတွေများလာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်အချို့က ဆိုပါတယ်။

 

မြန်မာနိုင်ငံမှာ လယ်မြေဈေးထက် ဂရန်ဈေးနှုန်းကကြီးမြင့်သဖြင့် စက်မှုဇုန်မြေကွက်က သိန်းထောင်ဂဏန်းမှ စတင်ကာ သောင်းဂဏန်းအထိရှိကြောင်း လယ်မြေတွေက သိန်းရာဂဏန်းမှ ထောင်ဂဏန်းအထိသာရှိကြောင်း သိရပါတယ်။ ‘ စက်မှုဇုန်မြေက အရမ်းမြင့်တယ်၊ လယ်မြေက သက်သာတယ်၊ လိုသလောက် ဝယ်လို့ရတယ်၊ ငွေနိုင်ရင် နိုင်သလို မြေကို ယူလို့ရတယ်၊ ပိုကြိုက်တယ် ‘ လို့ အမှတ်(၄)လမ်းမဘေးရှိ လယ်မြေကို ဝယ်ယူရန် ဆန္ဒရှိနေသူတစ်ဦးက ပြောပါတယ်။

အဆိုပါ လယ်မြေတွေကို စက်ရုံဆောက်ရန်နဲ့ စက်သုံးဆီသိုလှောင်ရန်၊ စက်သုံးဆီဆိုင်ဖွင့်လှစ်ရန် ရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်စားလျက်ရှိကြောင်း အကျိုးဆောင်အချို့က ပြောပါတယ်။ ရွှေပြည်သာမြို့နယ်က အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ‘ တို့ဆီက ဝယ်ရင် တစ်ခါတည်းလယ်သမားရော၊ သက်ဆိုင်ရာ တာဝန်ရှိသူကိုရောခေါ်ပြီး အရောင်းအဝယ်စာချုပ်ချုပ်ပေးတယ်၊ အရှုပ်အရှင်း ရှင်းပေးတယ်၊ တာဝန်ယူပေးတယ် ‘ လို့ ပြောပါတယ်။

လယ်မြေတွေကို ဝယ်ယူသူတွေအနေနဲ့ ဈေးသက်သာသည်ကို မလိုက်ဘဲ သေချာစုံစမ်းဝယ်ယူသင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့မှ ပြောပါတယ်။ အခုချိန်မှာ ရန်ကုန် အမှတ်(၄)လမ်းမနံဘေးရှိ လယ်မြေတွေကို စိတ်ဝင်စားမှုများလာကြကြောင်း အဆိုပါ နေရာတွင် စက်ရုံတွေ၊ စက်သုံးဆီဆိုင် အရောင်းဆိုင်တွေနဲ့ စားသောက်ဆိုင်တွေနဲ့ စည်ကားလျက်ရှိကြောင်း အမှတ်(၄)လမ်းမကို လမ်းအဆင့်မြှင့်တင်မှုလုပ်ကိုင်ရန်ရှိကြောင်း သိရပါတယ်။

အမှတ်(၄)လမ်းမနံဘေးရှိ လယ်မြေအချို့မှာ သိမ်းဆည်းထားသော မြေတွေရှိတာကြောင့် အရှုတ်အရှင်းအနည်းငယ်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်တွေထံမှ သိရပါတယ်။

 

Credit: The Kumudra

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection