Accessibility Tools

ကမ္ဘာလှည့်ခရီးသွားတွေ သန့်ရှင်းအဆင်ပြေစွာ ခရီးသွားလာနိုင်တဲ့ အာဆီယံ စံပြမြို့ဆုကို မြန်မာနိုင်ငံက ကယားပြည်နယ် လွိုင်ကော်မြို့၊ တနင်္သာရီတိုင်း ထားဝယ်မြို့နဲ့ ရှမ်းပြည်နယ် တောင်ကြီးမြို့တွေ ရရှိကြမှာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်အတွက် အသန့်ရှင်းဆုံးအာဆီယံ စံပြမြို့အဖြစ် မြန်မာနိုင်ငံက မြို့ ၃ မြို့အပြင် ဆုရတဲ့ တခြားအာဆီယံမြို့တွေကို ၂၀၂၀ ဇန်နဝါရီလမှာ ကျင်းပမယ့် ၃၉ ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ဆွေးနွေးပွဲမှာ ဆုပေးမှာဖြစ်ပါတယ်။


ဆုရရှိတဲ့မြို့တွေအနေနဲ့ အသိအမှတ်ပြု ဆုလက်မှတ်နဲ့ Asean Clean Tourist City လို့ မော်ကွန်းထိုးထားတဲ့ တံဆိပ်ကို ရရှိမှာဖြစ်ပါတယ်။ အသန့်ရှင်းဆုံးအာဆီယံ စံပြမြို့ဆုက ၃ နှစ်သက်တမ်းရှိမှာပါ။


မြန်မာနိုင်ငံက အရွေးခံရတဲ့ လွိုင်ကော်မြို့၊ ထားဝယ်မြို့နဲ့ တောင်ကြီးမြို့တွေဟာ ကမ္ဘာလှည့်ခရီးသွားတွေ အသွားများတဲ့ မြို့တွေဖြစ်ကြပါတယ်။ အဲဒီမြို့တွေဟာ အမှိုက်ကင်းရှင်းပြီး သန့်ရှင်းသပ်ရပ်တဲ့ မြို့တွေအဖြစ် ပြည်တွင်း ပြည်ပခရီးသွားတွေ အသိအမှတ်ပြုခံရတဲ့ မြို့တွေဖြစ်ကြပါတယ်။


သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုပိုင်း စနစ်တကျ ဆောင်ရွက်ထားမှု၊ သန့်ရှင်းသပ်ရပ်မှု၊ ကျန်းမာရေး၊ မြို့ပြလုံခြုံရေးနဲ့ ခရီးသွားတွေအတွက် အဆင်ပြေစေမယ့် အခြေခံအဆောက်အအုံတွေ ရှိမှု စတဲ့ စံ ၇ ခုအပေါ် မူတည်ပြီး အသန့်ရှင်းဆုံး အာဆီယံစံပြမြို့တွေကို ရွေးချယ်တာဖြစ်ပါတယ်။

Credit : VOA Burmese News

အိမ်ခြံမြေသတင်းများ ရယူရန်

ဥယျာဉ်အိမ်ခြံမြေလေးအရောင်းတင်ခွင့်ပြုပါ
လုံးချင်းအိမ်မှော်ဘီ
ရက်ကွက်သန်.၊ နေရာကောင်း မြေကွက်ရောင်းမည်
မြေကွက်မှော်ဘီ
မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
မြေကွက်မှော်ဘီ

 

No Internet Connection