Accessibility Tools

×

Notice

Please login

မြေပိုင်ရှင်များ လာရောက် လျှောက်ထားသော ပုံစံ ၁၀၅ ကို ရက်သတ္တပတ် နှစ်ပတ်အတွင်း မထုတ်ပေးနိုင်ပါက သက်ဆိုင်ရာ မြေစာရင်း
ဦးစီးမှူးကို အရေးယူ သွားမည်ဟု မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချူပ် ဒေါက်တာ ဇော်မြင့်မောင်က ဇူလိုင်လ ၂၀ ရက်တွင် ကျင်းပသည့်
e-Mandalay Web Portal စတင်လွှင့်တင်ခြင်းနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

 

ပုံစံံ (၁၀၅) နှစ်ပတ်အတွင်း မရဘူးဆိုရင် တိုင်လိုရတယ်။ မြေစာရင်းဦးစီးကို အရေးယူမယ်။ ဘာ့ကြောင့် နှစ်ပတ်အတွင်း ထုတ်မပေးနိုင်လဲဆိုတဲ့ အကြောင်း
ပြချက် မခိုင်လုံရင် မြေစာရင်းကို အရေးယူမယ်။

ပုံစံ (၁၀၅) မကျတဲ့သူတွေ အများကြီး ကျွန်တော့်ဆီ လာပြောနေတယ်။ကျွန်တော်လည်း
ဘာလုပ်ရမယ် မသိဘူး။ အဲဒါတွေ အရေးယူရမယ်။ ဒါတွေကို ပြည်သူ လူထုသိစေချင်တယ်။ နှစ်ပတ်အတွင်းမှာမရခဲ့ဘူးဆိုရင်မြေစာရင်း
ဌာနအနေနဲ့ဲ ဘာအတွက်၊ ဘာ အကြောင်းပြချက်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားနဲ့တော့ ပြန်ရှင်းပြပေးဖို့ လိုတယ်။

ပြန်ရှင်းတဲ့အခါမှာမရနိုင်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး အထောက်အထား မခိုင်လုံဘူး ဆိုရင်တော့ ထိထိရောက်ရောက် အရေးယူဖို့လိုအပ်တယ်”ဟု
ဝန်ကြီးချုပ်က ပြောသည်။

တောင်သူများ၊ ခြံရှင်များ၊ ရွာမြေများကို ပုံစံ(၇)ရရှိရန်လျှောက်ထားရာတွင် ဦးစွာ ပုံစံ(၁၀၅)ထွက်ရှိရန်အတွက်ကွင်းဆင်း မြေတိုင်းတာမှုများကို ကနဦး ဆောင်ရွက်ကြရပြီး ထိုအခြေအနေတွင် ကြန့်ကြာမှုများ ရှိနေသည့်အပြင် ပုံစံ (၇) ရရှိရန်အတွက်
တောင်သူများ အနေဖြင့် တစ်ဧကလျှင် ကျပ်ငါးသိန်းခန့် ကုန်ကျကြောင်း မြေစာရင်း ဦးစီးဌာနတွင် ပုံစံ (၇)လျှောက်ထားသူတစ်ဦးက ပြောသည်။
“ ပုံစံ (၇) ရဖို့အတွက် ပုံစံ (၁၀၅) လျှောက်တဲ့အခါမှာ ကျေးရွာကော်မတီ ငါးဦးရဲ့ ထောက်ခံချက်ယူရတယ်။ ထောက်ခံချက်နဲ့တင်လိုက်
တော့ မြေတိုင်းမယ်ဆိုလာတိုင်းတယ်။ လာတိုင်းပြီးလည်း သူတို့က မလုပ်ဘူး။ ဒီအတိုင်းဘဲ ပစ်ထားတာ။ တိုင်းတဲ့ နေရာမှာတော့ ပိုက်ဆံ
ရတော့ လာတိုင်းတယ်။ နောက်လုပ်ပေးရမယ့် အချိန်ကျ မလုပ်ပေးဘူး။ စာရွက်က ထွက်မလာတော့ဘူး။ “တစ်ဧကကို ကျပ်ငါးသောင်း၊
တစ်သိန်းတောင်းသွားတယ်။ ပြီးတော့ ပုံစံ(၇) ရဖို့ကျတော့ မလွယ်ဘူး။ နောက်ထပ်ပိုက်ဆံထပ်ပေးတာတောင် အနည်းဆုံး ခြောက်လ၊
တစ်နှစ်ကြာတယ်။ ဒါတောင်မြေစာရင်းရုံးကို အမြဲတမ်းသွားနေမှရတာ။ ပုံစံ (၇) ထွက်လာပြီဆို ထပ်ပေးရတယ်။ တိုင်းတုန်းကလည်း
ပေးရတယ်။ တစ်ဧကကို အနည်းဆုံးငါးသိန်းလောက် ကုန်ကျတယ်။ အဲဒီလိုပေးမှမြန်တယ်။ ပိုက်ဆံမပေးရင်တော့ မရတာများတယ်။

 

တောင်သူတွေဆိုရင် ပုံစံ (၇) ရဖို့မလွယ်ကြဘူး။ မပေးရင် မလုပ်ပေးဘူး” ဟု ပြင်ဦးလွင်မြို့နယ်မှ ခြံပိုင်ရှင် ဦးနိုင်ထွန်းအောင်က ပြော
သည်။ မြေယာပြသနာများ၊ သိမ်းဆည်း လယ်ယာများ၊ စွန့်လွှတ်မြေကိစ္စများနှင့် ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ
မြန်မြန်ဆန်ဆန် ဖြေရှင်း ဆောင်ရွက်ပေးမှုများ ရှိနေသော်လည်း တချို့မြေယာများမှာ အငြင်းပွားမှုများကြောင့် ပြန်လည်ပေးအပ်ရန်
ကြန့်ကြာမှုများ ရှိနေသလို တောင်သူများအနေဖြင့် ပုံစံ (၇) ရရှိရန် လျှောက်ထားရာတွင် မြေစာရင်းဦးဌာနအနေဖြင့် ခိုင်လုံသော
အကြောင်းပြချက်များ မပေးဘဲ ကြန့်ကြာမှုများရှိနေသဖြင့် ယခုကဲ့သို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သတိပေးပြောကြားခြင်းဖြစ်
ကြောင်း သိရသည်။

Credit : ရွှေမန်း
မြန်မာတောင်သူကြီးများ ဂျာနယ်

မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
မြေကွက်မှော်ဘီ
3500 Lakhs
The Leaf Condo 4 Bedrooms
ကွန်ဒိုလှိုင်
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
မြေကွက်မှော်ဘီ
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection