Accessibility Tools

 

မန္တလေးတိုင်းဒေ သကြီးအတွင်း မြေလွတ်မြေရိုင်း ဧက ၆၂၇,၁၄၉ ဧက ကို ရင်းနှီး မြှုပ်နှံလိုသူတွေအနေနဲ့ လျှောက် ထားနိုင်တယ်လို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်ဆီက သိရပါတယ်။

 

မန္တလေးတိုင်းအတွင်းမှာ အ စိုးရနဲ့ ပုဂ္ဂလိက ပေါင်းစပ်လုပ် ဆောင်တဲ့ မြို့သာစက်မှုဥယျာဉ် မြို့တော်စီမံကိန်း၊ မကြာခင် စတင်နိုင်တော့မယ့် New Man-dalay Resort City စီမံကိန်း (ပြင်ဦးလွင်)၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံ မှုအဖြစ် အမရပူရမြို့ပြစီမံကိန်း၊ ရေတံခွန်တောင် မြို့ပြစီမံကိန်း၊ New Star Light Group စီမံကိန်း တွေဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ် ငန်း ခုနစ်ခုက၂၁၂၇ ဦးနဲ့ နိုင်ငံ သားရင်းနှီးမြှုပ်နှံမှု ၁၄ ခုက ၁၆၄၈ ဦး၊ စုစုပေါင်း ၃၇၇၅ ဦးကို အလုပ် အကိုင်အခွင့်အလမ်းပေးနိုင်ခဲ့ တယ်လို့ သိရပါတယ်။

 အားလုံးကို ဖိတ်ခေါ်
“မန္တလေးမြို့ကို Smart City သွားတဲ့အခါ Safe City ကို အရင်စလုပ်ရာမှာ တရားဥပဒေစိုး မိုးရေးအတွက် လုပ်နေတယ်၊ ဒါမှ လဲ ရင်းနှီးမြှုပ်နှံမှုတွေ လာမှာပါ၊ မန္တလေးမှာ လာရောက်ရင်းနှီး မြှုပ်နှံမယ်ဆိုရင် လွယ်ကူချောမွေ့ အောင်လုပ်ပေးပါ့မယ်၊ မြေလိုချင် ရင်လဲရှာပေးပါ့မယ်၊ မန္တလေးတိုင်း ဒေသကြီးအတွက်သာမက နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဒုတိယအင်ဂျင်တစ်ခုဖြစ် အောင် ရင်းနှီးမြှုပ်နှံမှုအားလုံးကို ဖိတ်ခေါ်ပါတယ်”လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ပုဂ္ဂလိကလုပ်နေတာတွေ အ စိုးရနဲ့ဖက်စပ်တွေရှိနေပြီး မန္တလေးမှာ အလုပ်အကိုင်အခွင့်အ လမ်းဖန်တီးနိုင်မယ့် အခွင့်အလမ်း တွေရှိနေတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
တချို့ဟာတွေဆို တင်ဒါထပ် ခေါ်မှာဖြစ်ပြီး ပြည်တွင်းလုပ်ငန်းရှင်တွေ အခွင့်အလမ်းကောင်း တွေရှိနေတဲ့ကုမ္ဗဏီတွေအတွက် ပွဲစားလုပ်ပေးနေတာမဟုတ်ဘူး လို့ ၎င်းက ဆိုပါတယ်။ 

မန္တလေးတိုင်းကို ဖြတ်သန်း မယ့်ကုန်သွယ်ရေးလမ်းပိုင်း ငါးခု မှာ ရန်ကုန်-မကွေး-ကျောက် ပန်းတောင်း-ညောင်ဦး-မုံရွာ-နမ္မတီး(အ-၅)လမ်းပိုင်း၊ ရန်ကုန်-မန္တလေး-မြစ်ကြီးနား-ပူတာအို (အ-၇)လမ်းပိုင်း၊စစ်တွေ-ချောက် -ကျောက်ပန်းတောင်း-မိတ္ထီ လာ-ဘုရားငါးဆူ-ကျိုင်းတုံ-မိုင်း လား(အ-၁၆)လမ်းပိုင်း၊ဟားခါး-စစ်ကိုင်း-မြစ်ငယ်-ထုံးဘို-ပြင်ဦး လွင်-ချင်းရွှေဟော်(အ-၁၈) လမ်းပိုင်းတို့အပြင် မန္တလေး-လားရှိုး-မူဆယ်ရထားလမ်းပိုင်းနဲ့ အိန္ဒိယ-တရုတ်-ထိုင်းနိုင်ငံတွေ နဲ့ ဆက်သွယ်တဲ့အာဆီယံလမ်း ပိုင်းတို့ဆုံရာဖြစ်တဲ့အတွက် နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအဓိ က သွေးကြောဖြစ်တဲ့ကုန်စည်ကူး သန်းဆက်သွယ်နေတဲ့ ဆုံရပ်ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းအတွင်း ရင်းနှီး မြှုပ်နှံမှုလုပ်ဆောင်လိုသူတွေကို လွယ်ကူချောမွေ့အောင် ကူညီပေး မှာဖြစ်တဲ့အတွက် ဆောင်ရွက်နေ တဲ့စီမံကိန်း ငါးခုကို တိုင်းဒေသ ကြီးဝန်ကြီးချုပ်က မတ် ၂၃ ရက် နံနက်ပိုင်းက Convention Center မှာ Mandalay Int’ l Trade Fair & Business Forum 2019 အခမ်းအနားဖွင့်လှစ်ရာမှာ ဖိတ် ခေါ်ခဲ့ပါတယ်။


Credit : Kumudra

 

မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
မြေကွက်မှော်ဘီ
3500 Lakhs
The Leaf Condo 4 Bedrooms
ကွန်ဒိုလှိုင်
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
မြေကွက်မှော်ဘီ
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection