Accessibility Tools

 

ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလတံတား) တည်ဆောက်ရန်အတွက် ဒီဇင်ဘာ ၂၄ ရက်တွင် တံတားပန္နက်ရိုက်မင်္ဂလာအခမ်းအနားကို ပြုလုပ်တော့မည်ဖြစ်ခြင်းကြောင့် ဒလမြို့နယ်တွင် လမ်းမတန်းမြေကွက်များ သိန်း ၅ဝဝဝ ဝန်းကျင်ဈေးခေါ်လျက်ရှိကြောင်း သိရသည်။

 

ဒလတံတားနှင့် တဆက်တည်းရှိနေသည့် ဗိုလ်မင်းရောင်လမ်းမတန်း၊ မြဝတီမင်းကြီးလမ်းမတန်းတလျှောက်ရှိ အိမ်/ခြံမြေဈေးများသည် ယခင် ပေ ၄ဝ x ၆ဝ တကွက်ကို သိန်း ၁၅ဝဝ၊ သိန်း ၂ဝဝဝ ခန့်ပေါက်ဈေးရှိသော် လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒလတံတားပန္နက်ရိုက်မင်္ဂလာ ပြုလုပ်မည့်သတင်းကြောင့် လမ်းမကြီးရှိမြေဈေးများမှာ သိန်း ၅ဝဝဝ မှ သိန်း ၈ဝဝဝ အထိဈေးခေါ်လျက် ရှိကြောင်း ဒလအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးကိုကိုဇော်က News Watch သို့ ပြောသည်။

''လောလောဆယ် အဝယ်ဖြစ်နေတာက လမ်းသွယ်တွေထဲမှာပဲ အဝယ်ဖြစ်တယ်။ ခါတိုင်းဆိုရင် ဝယ်လိုအားက ၂ဝ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ အခုဆိုရင် ဝယ်လိုအား ၅ဝ ရာခိုင်နှုန်းလောက်အထိတက်လာတယ်။ ရောင်းတဲ့လူတွေကလည်း အခုချိန်မှာဦးရေ ၁ဝဝ ရှိရင် ၁ဝဝ လုံးက မရောင်းကြသေးဘူး။ တံတားပန္နက်ရိုက် မယ့်အခြေအနေကို ရောင်းတဲ့သူတွေစောင့်ကြည့်တယ်။ လမ်းမတန်းတွေကတော့ အစားစားပဲဗျ။ သူတို့နေရာ ကောင်းရင်ကောင်းသလိုမျိုး သိန်းထောင်ဂဏန်းအထက်မှာရှိတယ်''ဟု ၎င်းက ပြောသည်။

''ဈေးအေးနေတဲ့အချိန်တုန်းကဆိုရင် အိမ်ခြံမြေအရောင်းအဝယ်သမားတွေက တော်တော်များများ ရောင်းချင်ကြတယ်။ တံတားပန္နက်ရိုက်မယ်ဆိုတာ ကျိန်းလည်း ကျိန်းသေသွားရော အခုရောင်းချင်တဲ့သူ တွေက မရောင်းကြတော့ဘူး။ ကျွန်တော် တို့ဆီမှာ ရောင်းဖို့လာအပ်ထားတဲ့ မြေပိုင် ရှင်တွေကတောင် ဝယ်သူရှိတာကို အခုမရောင်သေးဘူး။ တံတားပန္နရိုက်ပြီးတဲ့ အချိန်ထိစောင့်ဦးမယ်လို့ ပြောလာကြတယ်။ ဈေးနှုန်းကလည်း ယခင်ပေးထားတဲ့ဈေးထက် ပိုတင်လာကြတယ်။ ငွေတအားကြီးမလိုတဲ့သူတွေက စောင့်ကြည့်နေတယ်။ မရောင်းသေးဘူး။ ငွေအခက်အခဲဖြစ်တဲ့လူတွေလောက်သာ အခုအချိန်မှာ ရောင်းတာ။ ဒီတံတားကိုပဲ အကုန်လုံးက မျှော်လင့်နေကြတာပဲလေ''ဟု ၎င်းက ပြောသည်။

ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်လမ်းသွယ်များမှ ၂၅ x ၅ဝ ပေမြေကွက်တကွက်လျှင် သိန်း ၅ဝဝ၊ သိန်း ၆ဝဝ ပေါက်ဈေးရှိလာခဲ့ပြီး မြဝတီမင်းကြီးလမ်းမတန်းပေါ်တွင် သိန်း ၂၅ဝဝ၊ သိန်း ၃ဝဝဝ အထိ ဈေးခေါ်လာကြ ကာ ယခင်ဈေးနှုန်းများထက် ၃ဝ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ကြောင်း ဒလအိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများထံမှ စုံစမ်းသိရသည်။

ဒလမြို့သည်ရန်ကုန်မြို့နှင့် မြစ်တခုသာခြားသော်လည်း ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ခဲ့ပြီး ဒလတံတားကြီး တည်ဆောက်ပြီးပါက ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးများ အဆင်ပြေ ချောမွေ့လာမည်ဖြစ်သဖြင့် မြို့နယ်နေပြည်သူများက တံတားကြီးဖြစ်ပေါ်လာရန် မျှော်လင့်လျက်ရှိသည်။

လက်ရှိ ဒလအိမ်ခြံမြေဈေးများ ဈေးနှုန်းများမြင့်နေသော်လည်း ဝယ်လိုအားများနေပြီး စီးပွားရေး လုပ်ကိုင်ရန်အတွက် တရုတ်ကုမ္ပဏီများ၊ ကုလားလူမျိုးစီးပွားရေး လုပ်ငန်းရှင်များမှ အများဆုံးဝယ်ယူကြ ကြောင်းနှင့် မြန်မာလူမျိုးများမှာ နေထိုင်ရန်ဆိတ်ငြိမ်ရပ်ကွက်များတွင်သာ အနည်းငယ်ဝယ်ယူလျက်ရှိကြောင်း ဒလမြို့အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

Credit : News Watch

 

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection