possession of property

 

အိမ်တွေ ခြံတွေ ဝယ်ပြီးလက်ရောက်မယူမိလို့
တရားရုံး ရောက်နေကြတဲ့ အဖြစ်တွေ
ခဏခဏ ကြားနေရပါတယ်။


ဒါကြောင့် ဒီပိုစ့်လေးကို ရေးပြီး တင်လိုက်ရပါသည်
အိမ်ခြံမြေ ဝယ်တဲ့အခါမှာ
စာရွက်စာတမ်း ပြည့်စုံရင်
စရန်ပေး -ငွေချေ...လုပ်ပြီးတဲ့အချိန်မှာ

ဝယ်ယူပြီးသား
အိမ် နှင့် ခြံ ကိုလက်ရောက် ယူရပါမယ်

စရန်ချပြီး
ငွေအကြေ မချေခင်မှာ...
အိမ်ပေါ်ကလူ အားလုံးဆင်းပေးပြီလား
ဖယ်ပေးပြီး လား၊ မဖယ်ပေး၊
မဆင်းပေးသေးဘူးလားဆိုတာ
အသေချာ သိအောင်လုပ်ပါ။
-
မဆင်းပေးသေးဘူး၊ မဖယ်ပေးသေးဘူး ဆိုရင်
ငွေ အကြေမချေသင့်ပါ....ဘူး။
ချေမိရင် ပြဿနာ ဖြစ်တတ်ပါတယ်။
အိမ်ပေါ်က ဖယ် မပေးတတ်ပါဘူး
(လူတိုင်းတော့ မဟုတ်ပါဘူး)
သို့သော်.. အဖြစ်များသည်..သတိထားပါ။

အိမ်ဝယ်ပြီးတဲ့အခါမှာ
ရောင်းလိုက်တဲ့ သူက- နေစရာ မရှာရသေးလို့
ခဏ နေ ပါရစေ ဆိုလို့
လူကြီးမင်းက သဘောကောင်းပြီး သနား သောအားဖြင့်
ပေးနေလိုက်ရင်-မကြာပါဘူး- လူကြီးမင်း
ဒုက္ခများပါတော့မယ်ဆိုတာ သတိထားပါ။

လွန်ခဲ့တဲ့ ၂ နှစ်က-ရွှေကြာပင်.
၆၀ ပတ်လည် မြေကွက် ကို ညီငယ်လေးတစ်ယောက်
သိန်း ၆၀၀ နဲ့ ဝယ်လိုက်တယ်။

ရောင်းလိုက်တဲ့ သူက- နေစရာ မရှိသေးလို့
ခဏ နေပါရစေ- နေစရာရှာ လို့ရတာနှင့် ချက်ခြင်း
ပြောင်းပေးပါ့မယ်-သနားကမား ပြောလာတော့
ဝယ်သူ-ညီငယ်က သနားပြီး သဘောကောင်းစွာပေးနေလိုက်တာ
ဖယ်မပေးလို့ တရားရုံကိုရောက်ပြီး
ဝယ်သူ ညီငယ်- တရားရှုံးပါလေ.ရော......ဗျာ....
နောက်ထပ် သိန်း ၈၀၀ ပေးမှ ဖယ် မယ်ဆိုလို့
နောက် သိန်း ၈၀၀ ထပ်ပေးလိုက်ရတယ်။

အဲ ဒါ တကယ့် အဖြစ်..နော်
စာချပ်မှာ ဘယ်သူနဲ့ ဘယ်လို ပဲ ချုပ် ချုပ်။
သတိထားပြီး လုပ်ကြပါ။
နစ်နာ စရာ ရှိရင်- ဝယ်သူတွေ နစ်နာ သွားမှာဖြစ်ပါ.တယ်
ဘယ်သူမှ.. မဖြေရှင်းကြတော့ ပါဘူး။
ငွေထပ်ကုန်ဖို့သာပြင် ထားပါ။

အဲ ဒီလို မဖြစ်ဖို့အတွက်
အိမ်တွေ ခြံတွေဝယ်ပြီး တဲ့အခါမှာ. လက်ရောက် ရယူပါလို့
အကြံပြုပါတယ်။
မိမိဝယ်ယူပြီးတဲ့ အခါ
ဘယ်သူ့- ဘယ်သူ့ကိုမှ သနားပြီး မထားလိုက်ပါနဲ့
သနားလို့ ထားလိုက်ရင်
သူ့ ဒုက္ခ တွေ.... လူကြီးမင်းရဲ့ ဒုက္ခ ဖြစ်သွားပါလိမ့်မယ်
လူးလိမ့် နေအောင် ခံရပါလိမ့်မယ်။

ဒါကြောင့် အိမ် ခြံ မြေ ဝယ်တဲ့အခါ
လက်ဝယ် အရောက်- ယူထားပါလို့ အကြံပြုပါတယ်..

Credit : Original uploader

မြောင်းတကာစက်မှုဇုန်အနီး
မြေကွက်မှော်ဘီ
280 Lakhs
မြေကွက်ရောင်းမည်
မြေကွက်မင်္ဂလာဒုံ
ရောင်းမည်
2500 Lakhs

 

No Internet Connection