Accessibility Tools

 

မြေချပါမစ်စလစ်မြေများအားအိမ်ခြံမြေ ဈေးကွက်အတွင်း အထွေထွေ ကိုယ်စားလှယ်လွှဲစာဖြင့် အဆင့် ဆင့် လွှဲပြောင်းရောင်းချနေခြင်းကြောင့် နောက်ဆုံးဝယ်ယူထားသူအနေဖြင့် မြေဂရန်လျှောက်ထားရာတွင် မူလမြေချပါမစ် ( စလစ် )ပါ မူရင်းပိုင်ရှင်၏ ထောက်ခံချက်လိုအပ်သည့်အတွက် မူလ ပိုင်ရှင်များက ငွေကြေး တောင်းခံမှုများရှိနေကြောင်းအိမ်ခြံမြေ အကျိုးဆောင်များနှင့်ဥပဒေပညာရှင်များထံမှ သိရသည်။

 

စလစ်မြေကို ဂရန်မြေအဖြစ်ပြောင်းချင်ရင် မူလစလစ်ချထားပေးတဲ့လူက လက်မှတ်ထိုးပေးရမယ်။ ပိုင်ရှင် ဘယ်နှယောက်ပဲပြောင်းသွားပါစေ နောက်ဆုံးဝယ်တဲ့သူက အရောင်းအဝယ်စာချုပ် အဆင့်ဆင့်ကို တောင်းထားရမယ်။ မပေးနိုင်ဘူးဆိုရင်တော့ မဝယ်သင့်ဘူး။ မူလ စလစ်ပိုင်ရှင်တွေကလည်း သူတို့ရောင်း လိုက်တုန်းက ရတဲ့ ဈေးနဲ့အခုဈေးက အရမ်းကွာနေတော့အလွယ်တကူ လက်မှတ်မထိုးချင်ကြဘူး။

ဒီတော့ နောက်ဆုံးဝယ်တဲ့သူက ဂရန်ပြောင်းချင်တော့ ငွေကြေးနှုန်းထား ညှိပြီး လက်မှတ်ထိုးခိုင်းလာကြတယ်။ တခြားနည်းလမ်းတွေလည်း ရှိပေမယ့် ကုန်ကျစရိတ်ကအရမ်းများတော့ ဝယ်တဲ့သူ တော်တော်များများက အဲဒီ အတိုင်းလုပ်တာ။ ဈေးကွက်ထဲမှာ အများကြီးပဲ”ဟု တရားလွှတ်တော်ရှေ့နေ ဦးအေးမင်းက ပြောသည်။

မူလပိုင်ရှင်များနှင့် လုံးဝ ဆက်သွယ်မရသည့် မြေကွက်များအနေဖြင့် သက်ဆိုင်ရာ စည်ပင်သာယာ ရေးကော်မတီ ရုံးများသို့ သွားရောက်လျှောက်ထားနိုင် ကာ သတင်းစာများထဲတွင် ကန့်ကွက်နိုင်သည့် ကြော်ငြာ များထည့်သွင်း၍ လုပ်ထုံးလုပ်နည်းများအရ နှစ်ပတ် စောင့်ဆိုင်းပြီးကန့်ကွက်မည်သူမရှိပါက မြေအမည်ပေါက် လျှောက်ထားနိုင်သည့် နည်းလမ်းအပြင် အိမ်ခြံမြေဈေးကွက်အတွင်း၌ မသမာသောနည်းလမ်းများဖြင့်လည်း အိမ်ခြံမြေ အကျိုးဆောင်အချို့နှင့် ရှေ့နေအချို့ကအမည်ပေါက် ရရှိရန် လုပ်ကိုင်ပေးနေခြင်းတို့ ရှိနေသော် လည်း ငွေကုန်ကြေးကျများခြင်းကြောင့် လက်ရောက် ပိုင်ဆိုင်သူ မြေကွက်ပိုင်ရှင်များအနေဖြင့် တရားဥပဒေ ကြောင်းအရ စလစ်မြေကို ဂရန်မြေအဖြစ်ပြောင်းလဲရေးအတွက် မူလပိုင်ရှင်ကိုရှာဖွေရန် မဖြစ်မနေလိုအပ်လျက် ရှိသည်။

တချို.ကလည်း လိုင်းရိုက်တဲ့အလုပ်တွေ လုပ်ကြတယ်။ ပိုက်ဆံလည်း မြေကွက်တန်ဖိုးအလိုက် ပေးရတာရှိတယ်။ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ဒီပြသနာတွေက အများကြီးပဲ။ လုံဝ အစပျောက်နေ တာကို လုပ်ပေးတဲ့သူတွေလည်း ရှိပေမယ့် ဥပဒေအရ မူလပိုင်ရှင်ကို မဖြစ်မနေရှာရမယ်။

လုပ်တဲ့လူတွေမှာလည်း သူတို့ချိတ်တွေနဲ့ လုပ်တာများတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ အထူးသဖြင့် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှ စတင်ကာ မြို့ကွက်သစ်များအဖြစ် ဖော်ထုတ်ချထားပေးသည့် မြို့နယ်များရှိ နေထိုင်သူအများစုမှာ ယနေ့အချိန်အိ မြေချဂရန် ထုတ်ပြီးထားသည့်လူနေအိမ်၊ မြေကွက်များထက် စလစ်မြေများကိုသာ ပိုမိုအရောင်းအဝယ်လုပ်လာလိုကြကြောင်း သိရသည်။

၂၀၀၀ ပြည့်နှစ်တုန်းက ၁၅ သိန်းနဲ့ ရောင်းသွားတဲ့ စလစ်မြေကို အခု နောက်ဆုံးပိုင်တဲ့သူက ဂရန်အဖြစ်ပြောင်းချင်လို့ မူလပိုင်ရှင်ကိုရှာတော့ ပိုက်ဆံ ဘယ်လောက်မှ လက်မှတ်ထိုးပေးမယ်လို့ ဖြစ်ကုန်တယ်။ ဝယ်တဲ့သူကလည်း ဂရန်လိုချင်တော့ ညှိပြီး ပိုက်ဆံပေးလိုက်တော့ အဆင်ပြေသွားတယ် ဟု ရွှေမာလာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ ဒေါ်မာလာက ပြောသည်။

စလစ်နှင့်ရောင်းချထားသောမြေများသာမက တိုက်ခန်း၊ ကွန်ဒို များအရောင်းအဝယ်ပြုလုပ်ပြီးပါက စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံး၌ စာရင်းပေးသွင်းထားမှသာ မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အမှုအခင်း များဖြစ်ပွားလာပါက တရားရုံးများတွင် တရားဝင်သက်သေအဖြစ် တင်ပြနိုင်သည့် အခွင့်အရေးများရှိမည်ဖြစ်သည်။ “စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ ရာခိုင်နှုန်းအလိုက် အခွန်ဆောင်ရမယ်။ ပြီးလို့ စလစ်ထွက်လာမှ အမည်ပြောင်းလို့ရမယ်” ဟု တရားလွှတ်တောရှေ့နေ ဦးအေးမင်းက ပြောသည်။

Credit : ကိုဇေယျာလင်း

 

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection