Accessibility Tools

dala bridge

ရန်ကုန် -ဒလ မြစ်ကူးတံတားပြီးစီးခါနီးပြီဖြစ်၍ ဒလအိမ်ခြံမြေဈေး သိန်းထောင်ချီမြင့်တက်လာကြောင်း အိမ်ခြံမြေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

 

ရန်ကုန်မြစ်ကူးတံတားစီမံကိန်းကို လာမည့် ၄ လအတွင်း ပြီးစီးရန် ခန့်မှန်းထားကြပြီး တံတားပြီးစီးချိန် နီးလာသည်နှင့်အမျှ ဒလမြို့ဘက်ခြမ်းတွင်ရှိသည့် တံတားအဆင်း ဗိုလ်မင်းရောင်လမ်းနှင့် အနီးတဝိုက်ရှိ အိမ်ခြေမြေဈေးများ လှုပ်ခတ်လာကြောင်း သိရသည်။

 

" တံတားကပြီးတော့မယ်ဆိုတော့ အိမ်ဈေး၊ မြေဈေးတွေကလည်း ထိုးတတ်လာတာ။ ဒီနေ့တစ်ဈေးခေါ်ရင် နောက်နေ့တစ်ဈေးဖြစ်သွားရော။ အဲဒါတွေကျတော့ အဆင်မပြေဘူး။ ဈေးကစားကြတာတော့ ပွဲစားတိုင်းပါပဲ" ဟု အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

 

တံတားအဆင်း ဗိုလ်မင်းရောင်လမ်းမပေါ်ရှိ လမ်းဘေးဝဲယာရှိ ခြံတိုင်းလိုလို ရောင်းချထားပြီး ပေ ၄၀ x ၆၀ ကို အိမ်အပါ မြေကွက်တကွက်လျှင် ကျပ်သိန်း ၃၀,၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။

 

ရန်ကုန်မြစ်ကူးတံတားစီမံကိန်းကို ကိုရီးယားနိုင်ငံက ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာဘက်က သန်း ၃၀ ကျော် ထည့်ဝင်ထားပြီး စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်း သတ်မှတ်၍ တည်ဆောက်နေခြင်းဖြစ်သည်။

 


Credit : Popular New

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection