“အိမ်ဝယ်စဉ်က မြေကို တိုင်း မကြည့်ခဲ့မိဘူး။ အခု ကန်ထရိုက် တိုက်ဆောက်မယ်လုပ်တော့မှ မြေ အကျယ် ပေ ၂ဝ x ပေ ၆ဝ မှာ ပေ ၂ဝ မပြည့်ဖြစ်နေတယ်။ အဲဒါ ဘယ်လိုဆောင်ရွက်ရင်ရမလဲ”ဟု မိတ်ဆွေတစ်ဦးက ဆွေးနွေးလာပါ သည်။


“အိမ်၊ မြေ ဝယ်စဉ်က မျက် မြင်အတိုင်း ဝယ်လိုက်တာ မဟုတ် လား”
“ဟုတ်ပါတယ်။ တစ်ထပ် တိုက်ဖြစ်ပြီး၊ မြေငှားစာချုပ် ဂရန် အမည်ပေါက်ကလည်း ရောင်းမယ့် သူရဲ့အမည်ပေါက်မို့ ဝယ်ဖြစ်သွား တာ”
“မြေငှားစာချုပ် ဂရန်မှာ တော့ မြေကွက်အကျယ်ကို ပေ ၂ဝ ပေ ၆ဝ လို့ ဖော်ပြထားမှာပေါ့”


“မှန်ပါတယ်”
“အခု အိမ်ကို ဝယ်တာ၊ ကာလဘယ်လောက်ကြာပြီလဲ”
“ဝယ်ပြီးနေတာ ငါးနှစ် လောက်တော့ရှိပြီ”
“ဝယ်ပြီးကတည်းက အဲဒီ အိမ်မှာပဲနေကြတာပေါ့။ ဟုတ် လား”
“ဟုတ်ပါတယ်”
“အိမ် မြေ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ကိစ္စ ဆောင်ရွက်ပြီးပြီလား၊ မြေအမည်ပေါက်လည်း ပြောင်းလဲပြီးသွားပြီလား” ကျွန်တော် က စိုးရိမ်၍ မေးလိုက်ခြင်း ဖြစ်သည်။
“အားလုံး ဆောင်ရွက်ပြီးသွား ပါပြီ”
“စာချုပ်စာတမ်းအားလုံး၊ မြေ ပုံ မြေရာဇဝင်မှာ မြေအကျယ်အ ဝန်းက ပေ ၂ဝ ပေ၊ ၆ဝ လို့ပဲ ဖော် ပြထားတာမှာပေါ့”
“မှန်ပါတယ်။ ဒါပေမယ့် တကယ်တော့ ပေမပြည့်ဘူး”


“မူလတစ်ထပ်တိုက်ကို ဖျက် ပြီး ကန်ထရိုက်တိုက်ဆောက်မယ် လို့ ရည်ရွယ်တော့မှ မြေကွက်အ ကျယ်ကို တရားဝင်မြေတိုင်းနဲ့ တိုင်းတာခဲ့တာမဟုတ်လား”
“ဟုတ်ပါတယ်”
“ယခင်ကတော့ တိုင်းတာ ခြင်းမရှိခဲ့ဘဲ လက်ရှိအမြင်အတိုင်း လက်ခံနေထိုင်ခဲ့ကြတာဖြစ်တယ် ဆိုပါတော့”
“မှန်ပါတယ်။ မြေခွဲစဉ်က တည်းက ဘေးအိမ်က နှစ်ပေနီးနီး ခန့်မြေကို ကျူးကျော်ယူထားတာ ဖြစ်တယ်”
“ဘေးအိမ်ကလည်း ခိုင်ခိုင် မာမာ ဆောက်ထားတာလား”
“ခိုင်ခိုင်မာမာလို့ ပြောရမ လား၊ တစ်ထပ် ပျဉ်ထောင်အိမ်”
“မူလ ပေ ၄ဝ၊ ပေ ၆ဝ မြေ ကွက်ကို ပေ ၂ဝ ၊ ပေ ၆ဝ နှစ် ကွက်ခွဲပြီး အိမ်ဆောက်ထားကြ တာဖြစ်မယ်။ အိမ်နှစ်အိမ်အကြား လမ်းရှိလား”
“ခြံစည်းရိုးခတ်မထားတော့ ဘုံလမ်းဖြစ်နေတာပေါ့။ တစ်ဖက် အိမ်က ပြတင်းပေါက် တံခါးရွက်နဲ့ ကျွန်တော့်အိမ်ရဲ့ ပြတင်းပေါက် တံခါးရွက်က ဘုံလမ်းကြားအဖြစ် အကွာအဝေးရှိနေတယ်”


“ဒါဆိုရင် တံခါးရွက်တစ်ရွက် စာပဲရမှာပေါ့၊ နှစ်ပေကျော် ကျော် လောက်ပဲရှိမယ်။ အတိအကျ ညှိ နှိုင်းရင် တစ်ဖက်တစ်ပေစီတော့ရ မယ်၊ ခြံစည်းရိုးခတ်လိုက်ရင် ပြတင်းတံခါးတွေ ဖွင့်မရဖြစ်မယ်။ နှစ်ဖက်လုံး အလူမီနီယံစလိုက် ဒိုး နဲ့ လုပ်ရမယ့် သဘောဖြစ်နေမယ်”
“ဟုတ်ပါတယ်၊ ကျူးကျော် ထားတဲ့ မြေနဲ့ ပတ်သက်လို့ ဘယ် လို ဆောင်ရွက်လို့ရမလဲ”
“နှစ်ဖက်ညှိနှိုင်းလို့ အဆင်မ ပြေရင်၊ တရားစွဲတဲ့အထိတော့ ရောက်သွားမှာပဲ”
“သူ့ဘက်က အိမ်ရှိနေတော့ ဖယ်ပေးနိုင်ပါ့မလား”


“တရားရုံးရဲ့ အမိန့်ဒီကရီ အရဆိုရင်တော့ မဖယ်မဖြစ်ဖယ် ပေးရမှာဖြစ်တယ်”
“အချိန်ဘယ်လောက်ကြာ နိုင်မလဲ”
“ဒါတော့ ခန့်မှန်းလို့ မရဘူး။ တရားမမှုသဘောအရတော့ နှစ် ရှည်ကြာတတ်တာပဲလေး၊ တရားစွဲ မယ်ဆိုရင်လည်း အထူးသတိပြုရ မယ့် အချက်က တရားစွဲဆိုပိုင်ခွင့် ရှိတဲ့ ကာလအတွင်းမှာသာ တရား စွဲရတာဖြစ်တယ်။ ဥပဒေအရ သတ်မှတ်ကာလထက် ကျော်နေ ရင်တော့ တရားစွဲဆို ပိုင်ခွင့်မရှိ တော့ဘူး”
“ဒါဆိုရင် ဒီအချက်က အ ရေးကြီးဆုံးပေါ့၊ အခုကိစ္စမျိုး တရားစွဲမယ်ဆိုရင် ဘယ်ကာလ အပိုင်းအခြားအတွင်းမှာ တရားစွဲ ရပါ့မလဲ၊ ဗဟုသုတအဖြစ် ပြောပြ ပါအုံး”
“အလွယ်ကူဆုံး မှတ်သား ထားဖို့ဆိုရင်တော့ ကျူးကျော်နေ ထိုင်မှုမှာနှစ်ကာလကျော်နေပြီဆို ရင် သူ့အပေါ် နှင်လိုမှုအဖြစ် တရားစွဲဆိုခွင့် မရှိတော့ဘူး”
“ဒါဆိုရင် ဘယ်တော့မှ တရားစွဲဆိုခွင့်မရတော့ဘဲ သူက အပိုင်သဘောဖြစ်သွားမှာပေါ့”


“မှန်ပါတယ်။ ဥပဒေ စကား အရ ပြောရရင်တော့ ဆန့်ကျင်ပိုင် ဆိုင်ခွင့် ရရှိသွားမှာဖြစ်ပါတယ်”
“အခု ဘေးအိမ်က ကျူး ကျော်ဆောက်လုပ်ထားတဲ့ ကိစ္စမှာ ဘယ်လိုဖြစ်နိုင်သလဲ၊ သူငယ်ချင်း ပြောသလို တရားစွဲဆိုပိုင်ခွင့် ကာလကျော်သွားပြီလား”
“သူငယ်ချင်းတို့ အိမ်နဲ့မြေ ဝယ်စဉ်ကတည်းက ယခုအိမ်ပုံစံ အတိုင်းရှိနေတာ မဟုတ်လား။ ငါးနှစ်ကျော်ခဲ့ပြီလေ။ သူငယ်ချင်း ကို ရောင်းလိုက်တဲ့ သူလက်ထက် ကတည်းက ကျူးကျော်နေထိုင်ခဲ့ မယ်။ ယခင်ရောင်းလိုက်တဲ့ သူက လည်း သိလျက်နဲ့ အစဉ် အဆက် ရောင်းလာခဲ့တယ်ဆိုရင်တော့ အဲဒီ ရောင်းသူ လက်ထက်ကတည်းက တရားစွဲခွင့်ရှိတဲ့ ကာလကိုပါ ထည့် တွက်ရမှာဖြစ် တယ်။ ဒါကြောင့် သူငယ်ချင်းတို့ကို ရောင်းလိုက်သူ လက်ထက်မှာ ခုနစ်နှစ်ထက်ကျော် ပြီးနေလာခဲ့တယ်ဆိုရင်တော့ ၁၂ နှစ် ကာလကျော်ပြီဖြစ်လို့ တရားစွဲ ရပိုင်ခွင့်မရှိတော့ဘူး”


“မြေကွက်ကို ခွဲစိတ်ပြီး အိမ် ဆောက်ကတည်းက ကျူးကျော် ထားတာဖြစ်မယ်ဆိုရင်တော့ ၁၂ နှစ်ကျော်လောက်ပြီပေါ့”
“သူငယ်ချင်းကို ရှင်းအောင် ပြောရရင် တရားရုံးချုပ်က ဆုံး ဖြတ်ထားတဲ့ ဒေါက်တာစန်းစန်းရီ နဲ့ ဦးဘန်နီတင်ထွန်းပါ နှစ်ဦး။ ၁၉၉၇ ခုနှစ် မြန်မာနိုင်ငံ စီရင်တုံး စာမျက်နှာ ၂၉ အမှုမှာ နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသည့် မြေတွင် သူတစ်ပါးမြေကို မိမိပိုင် မြေဖြစ် သည်ဟု မှားယွင်းယူဆ လျက်ဖြစ်စေ၊ သိလျက်နဲ့ တမင် ကျူးကျော်နေထိုင်သည်ဖြစ်စေ၊ ထို သူသည် ပိုင်ရှင်ကို ဆန့်ကျင်လျက် ရှိထားသည်ဟု ယူဆရမည်။ ဤ အမှုတွင် အုန်းပင်တစ်ပင်နှင့် မီးဖို စွန်းမှာ ဒေါ်စန်းစန်းရီ မြေဝယ်မီက တည်းက နှစ်ပေါင်း ၄ဝ ခန့်က တည်ရှိပြီး၊ အိမ်သာ အုတ်ကန်မှာ နောက်မှပြုလုပ်ခြင်းဖြစ်၍ ၁၂ နှစ်မကျော်သေးသောကြောင့် အိမ်သာ အုတ်ကန်အားဖျက်ပေး ရန် အမိန့်ချခဲ့တယ်”
“ဒါဆိုရင် မြေဝယ်ကတည်း က တိုင်းတာပြီး ဝယ်သင့်တာပေါ့ နော်”


“အဆောက်အအုံတွေ ရှိနေ တော့ မျက်မြင်အခြေအနေအတိုင်း ဝယ်ကြတာပေါ့နော်၊ ခြံစည်းရိုးကာမယ် စတဲ့ကိစ္စတွေ ရှိလာ မှ ပြဿနာဖြစ်ကြတာကိုး။ သူငယ်ချင်းပြောသလို မြေအတိုင်းအတာပါ သေချာစိစစ်ဝယ်မယ်ဆိုရင် တော့ ပြဿနာဖြစ်စရာ မရှိဘူး ပေါ့” ဟု ဆွေးနွေး ခဲ့ပါသည်။ ဤ သည်ကို ဗဟုသုတအဖြစ် ရေး သားခြင်းဖြစ်ပါသည်။

 

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

မြောင်းတကာစက်မှုဇုန်အနီး
မြေကွက်မှော်ဘီ
280 Lakhs
မြေကွက်ရောင်းမည်
မြေကွက်မင်္ဂလာဒုံ
ရောင်းမည်
2500 Lakhs

 

No Internet Connection