Accessibility Tools

 

 

စာချုပ်စာတမ်း မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၃၃ အရ လွဲှစာများကို မှတ်ပုံတင်ဆောင်ရွက်တဲ့အခါ လုပ်ငန်းသဘောအရ နှစ်မျိုးခွဲထားပါတယ်။ အထူးကိုယ်စားလှယ်လွဲှစာ (Special Power)နဲ. အထွေထွေ ကိုယ်စာလှယ်လွဲှစာ (General Power) ရယ်လို. နှစ်မျိုးခွဲထားတယ် ဆိုတာ လူငယ်အရာရှိတွေ အားလုံး သိပြီးသားပါ။

 

သီးခြား case တစ်ခုတည်းအတွက် ဆောက်ရွက်ဖို. လွဲှတဲ့စာကတော့ SP ဖြစ်ပြီး တစ်ခုထက် ပိုတဲ့ကိစ္စတွေ ဆောက်ရွက်နိုင်ဖို. လွဲှတဲ့စာကတော့ GP လို. အလွယ်တကူ နားလည်း သဘောပေါက်ပြီး ဖြစ်ကြမှာပါ။

လုပ်ငန်းတစ်ရပ်တည်း၊ ကိစ္စတစ်ရပ်တည်းကိုသာ ဆောက်ရွက်ဖို. လွဲှထားတဲ့ SP ကတော့ တာဝန်ပေးထားတဲ့လုပ်ငန်း ဆောင်ရွက်ပြီးတာနဲ. အသက်ကုန်သွားပါပြီ။ မှတ်ပုံတင်အရာရှိက အဲဒီ SP ကို တောင်ပြီး ပြန်သိမ်းထားရပါတယ်။ ဒါမှမဟုတ်ရင် လွဲှစာပါ လုပ်ငန်းကို ဆောင်ရွက်ပြီးတာနဲ. အဲဒီ လွဲှစာပေါ်မှာ အရာရှိက “ဘယ်နေ.ဘယ်ရပ်တွင် လွဲှစာပါကိစ္စရပ် ဆောင်ရွက်ပြီး” ဆိုတဲ့စာသားကို မင်နီနဲ. Power အပေါ် ကန်.လန်.ဖြတ် ရေးသားပြီး လက်မှတ်ရေးထိုး တံဆိပ်တုံး ရိုက်ပေးလိုက်ရပါတယ်။

GP ကတော့ အသက်ပြင်းပါတယ်။ ကိုယ်စားလှယ်လွဲှစာတစ်စောင် အသက်မဝင် ရပ်စဲသွားတဲ့ကာလကို ပဋိညာဉ် အက်ဥပေ ပုဒ်မ ၂၀၁ အရ အောက်ပါ အတိုင်း သတ်မှတ်ထားပါတယ်။

(၁) လွဲှအပ်သူ (principal) က ကိုယ်စားလှယ် လွဲှအပ်ခြင်းကို ရုပ်သိမ်းတဲ့အခါမှာ လည်းကောင်း

 

(၂) ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ဖို. သီးခြား သတ်မှတ် တာဝန်ပေးတဲ့ အလုပ်ကိစ္စ အပြီးအပြတ် ဆောင်ရွက် ပြီးဆုံးသွားသော အခါ၌လည်းကောင်း

 

(၃) အချိန်ကာလ တစ်ခုအတွင်း ဆောင်ရွက်ရန် သတ်မှတ် လွဲှအပ်ပါက ထိုသတ်မှတ်အချိန်ကာလ ကုန်ဆုံးသွားသောအခါ၌ လည်းကောင်း

 

(၄) ကိုယ်စားလှယ်က လွဲှစာပါတာဝန်များကို မလုပ်နိုင်ကြောင်း ငြင်းပယ်သောအခါ လွဲှအပ်ထားသော လုပ်ငန်းကို စွန်.လွှတ်သွားသောအခါ၌ လည်းကောင်း

 

(၅) လုပ်ငန်းတစ်ခုအပေါ် မူတည်၍ (ဥပမာ-အသင်း/company/လုပ်ငန်း တစ်ခုခု၏) ကိုယ်စားလှယ် ခန်.ထားပါက ယင်းလုပ်ငန်း/အသင်း/company သည် ပျက်စီး၊ ဖျက်သိမ်းသွားသောအခါ၌ လည်းကောင်း

 

(၆) လွဲှအပ်သူ (principal) သေဆုံး၊ ရုးသွပ်သွားသောအခါနှင့် insolvency လူမွဲအဖြစ် တရားရုံး၏ စီရင်ဆုံးဖြတ်ခြင်း ခံရသောအခါ၌ လည်းကောင်း

 

(၇) လွဲှအပ်ခံရသူ ကိုယ်စားလှယ် သေဆုံး ကွယ်လွန်သွားသည့်အခါ၌ လည်းကောင်း

ကိုယ်စားလှယ်လွဲှစာ သက်တမ်း ကုန်ဆုံးသွားပြီး ဖြစ်တယ်လို. မှတ်ယူရပါမယ်။

 

Credit : U Zaw Min (Natmauk)

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection