form7-myanmar

 

ပုံစံ ၇ အမည်ပေါက်ရန်အတွက် မြေအခြေအနေကို မူတည်ပြီး နည်းလမ်း အမျိုးအစား ကွဲပြားပါတယ်။ ပုံစံ ၇ ရပြီး လယ်ယာမြေတွင် ဆောင်ရွက်သည့် နည်းလမ်းနှင့် ပုံစံ ၇ မရသေးသည့် လယ်ယာမြေတွင် ဆောင်ရွက် သည့်နည်းလမ်း မတူပါဘူး။

ပုံစံ ၇ ရပြီး လယ်ယာမြေဖြစ်ပါက မိမိဝယ်ယူထားသည့် လယ်ယာ မြေကို မိမိ အမည်ဖြင့် ပုံစံ ၇ အမည်ပြောင်းရန် လုပ်ငန်းစဉ် ၆ ဆင့် ရှိပါတယ် ။


(က) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်း ခြင်း ကိစ္စရပ်များအတွက် မြေစာရင်းပုံစံ ၁၀၅ ရေးကူး ရရှိရေးအတွက် လျှောက်ထား ဆောင် ရွက်ခြင်း။ (စာချုပ်ချုပ်ဆို ဆောင်ရွက်မည့် ဧရိယာကို မြေတိုင်းတာစိစစ်ပြီး သက်သေခံမြေပုံ ထုတ်ယူနိုင်ရန် အတွက် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ (၂၀-၅-၂၀၁၉) ရက် စွဲပါ စာအမှတ် ၆၁၂၄/ မပ(မြေပုံ)- ထွေ-၂ (၁၉) ဖြင့် ညွှန်ကြားချက်များအရ လိုက်နာ ဆောင် ရွက်ရန် ဖြစ်ပါသည်။)


(ခ) လွှဲပြောင်းသော လယ်ယာမြေအား ဆီလျော်သော ဒေသန္တရတန်ဘိုး သတ်မှတ်ပေးရန် လျှောက် ထားခြင်း။
ဗဟိုလယ်စီ၏ ညွှန်ကြားချက် (၂/၂၀၁၉) အရ ကျေးရွာလယ်စီမှ အဆိုပြုတင်ပြ၍ မြို့နယ်လယ်စီမှ တန်ဘိုး အတည်ပြု သတ်မှတ်ရန် ဖြစ်သည်။
(ဂ) မြို့နယ်လယ်စီမှ သတ်မှတ်ပေးလိုက်သော လယ်ယာမြေတန်ဘိုးအရ ထိုက်သင့်တံဆိပ်ခေါင်းများ ကပ်နှိပ်၍ စာချုပ်ချုပ်ဆိုနိုင်ရန် အခွန်ဦးစီးဌာနတွင် စာချုပ်ခေါင်း ဝယ်ယူခြင်း၊ (တန်ဘိုး၏ ၄ %)


(ဃ) ထိုက်သင့်တံဆိပ်ခေါင်း ကပ်နှိပ်ပြီး ဖြစ်သော လယ်ယာမြေလုပ်ပိုင်ခွင့်ကိုရောင်းချခြင်း၊ ပေါင်နှံ ခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း စာချုပ်များကို ရပ်ကျေးလယ်စီအဖွဲ့ ရှေ့မှောက်တွင် ချုပ်ဆို လက်မှတ်ထိုးခြင်း။ (ဗဟိုလယ်စီ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း များအတွက် စာချုပ်များ ချုပ်ဆိုရန် တင်ပြဆောင်ရွက်ရာ တွင် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ (ညွှန်ကြားချက် အမှတ် ၃/၂၀၁၉) အရ ဆောင် ရွက်ရန်ဖြစ်သည်။ )


(င) ချုပ်ဆိုပြီးသော လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်းတို့နှင့် ပတ်သက်သော စာချုပ်များကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံး (မြို့နယ် လယ်ယာ မြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန) တွင် မှတ်ပုံတင်ခြင်း ၊
(ယင်းစာချုပ်များ မှတ်ပုံတင်ဆောင်ရွက်ရန်အတွက် နည်းလမ်းများကို လယ်/စီ/အင်း ဦးစီးဌာန မှ (၁၇-၅-၂၀၁၉) ရက်စွဲပါ စာအမှတ် ၆၀၂၅/ ၄န-၃(၂၀၁၉) ဖြင့် ထုတ်ပြန်ထားသည့်အပြင် အဆိုပါ စာချုပ်များ မှတ်ပုံတင်ရာတွင် ထမ်းဆောင်ပေးသွင်းရမည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခ အခ ငွေစာရင်းကိုလည်း ထုတ်ပြန်ညွှန်ကြားပြီးဖြစ်သည့်အတိုင်း လိုက်နာရန် ဖြစ်သည်။


(စ) မှတ်ပုံတင်ပြီးသော စာချုပ်စာတမ်းများနှင့် ပူးတွဲ၍ လယ်ယာမြေလုပ်ပိုင်ခွင့်အား အမည်ပြောင်း လျှောက် လွှာ တင်သွင်းခြင်း လုပ်ပိုင်ခွင့်ရသူ အမည်ပြောင်းလဲပေးခြင်း။
(ဗဟိုလယ်စီ၏ ညွှန်ကြားချက်အမှတ် ၄/၂၀၁၉ အရ ဆောင်ရွက်ရန် ဖြစ်ပါသည်။ )
အထက်ပါ အချက် (က)၊ (ခ)၊ (ဂ)၊ (ဃ) နှင့် (င) တို့ ပြည့်စုံစွာ ဆောင်ရွက်ပြီး နောက် အချက် (စ) ပါ ပုံစံ ၇ အမည်ပြောင်းကိစ္စကို ဆောင်ရွက်ပေးပြီးသည့်အခါ ဝယ်ယူထားသော လယ်ယာမြေ၏ လုပ်ပိုင် ခွင့်ပြု လက် မှတ် မိမိအမည်ဖြင့် ရရှိမည် ဖြစ်ကြောင်း ဖြေလိုပါတယ်။

 

ယခုမေးခွန်းပါ ပုံစံ ၇ မရသေးသည့် တနည်းဆိုသော် မလျှောက်ထားရသေးသည့် လယ်ယာမြေဖြစ်ပါက ဝယ်ယူထားသူသည် ပထမ လယ်ယာမြေအဖြစ် သတ်မှတ်ထားသည့် မြေနှင့် ကွင်းတိုင်းတာ မြေပုံ ထုတ်ပြီး မြေဖြစ်ရပါမယ်။ ဒုတိယ လက်ရောက် လွှဲပြောင်းရယူထားပြီး လက်ရှိလက်ငုတ်အဖြစ် လုပ်ကိုင် နေသူ ဖြစ်ရပါမည်။ သို့မှသာ ပုဒ်မ ၆၊ (က)(၂) ပါ ပြဌာန်းချက်အရ လက်ရှိလုပ်ကိုင်နေသူအဖြစ် လျှောက်ထားခွင့် ရရှိမည်ဖြစ်ပါတယ်။ ကာယကံရှင် အနေဖြင့် လယ်ယာမြေနည်းဥပဒေ အခန်း(၂) ပါ ပြဌာန်းချက်များအရ ရပ် ကျေး လယ်စီထံမှ ပုံစံ (၁) တောင်းခံ ဖြည့်သွင်း၍ ရပ်ကျေးလယ်စီမှတဆင့် မြို့နယ်ဦးစီးဌာနသို့ လျှောက် ထားနိုင်ပါတယ်။ မြေပေါ်အမှန် လုပ်ကိုင်နေသူဖြစ်ကြောင်း ရပ်ကျေး အုပ်ချုပ်ရေးမှူး နှင့် လယ်နီးချင်း သက်သေ ၂ ဦး ၏ ထောက်ခံချက် ပါရှိရပါမယ်။


ထိုလျှောက်ထားမှုကို ဦးစီးဌာနမှ ကန့်ကွက်လွှာခေါ်ယူခြင်း စိစစ်ခြင်းများ ဆောင်ရွက်ပြီးနောက် အမှုတွဲကို သဘောထား မှတ် ချက်နှင့်အတူ မြို့နယ်လယ်စီကို တင်ပြပေး ပါမည်။ မြို့နယ်လယ်စီမှ ဆက်လက်စိစစ်ပြီး သဘောထား မှတ်ချက်နှင့်အတူ ခရိုင်လယ်စီသို့ တင်ပြပါမည်။ ခရိုင်လယ်စီမှ အမှုတွဲလက်ခံ ရရှိသည့်အခါ ထပ်မံ စိစစ်၍ လျှောက်ထားမှုကို ခွင့်ပြုကြောင်း သို့မဟုတ် ငြင်းပါယ်ကြောင်း ဆုံးဖြတ်ပြီး မြို့နယ်ဦးစီးဌာနသို့ အကြောင်းကြားပါမည်။ ဦးစီးဌာနသည် ခရိုင်လယ်စီမှ ခွင့်ပြု သည့် အကြောင်းကြားစာ ရရှိပါက လျှောက် ထားသူအား မှတ်ပုံတင်ကြေး ၅၀ဝိ ပေးသွင်းခြင်း၊ မှတ်ပုံတင် စာရင်း ပုံစံ ၅ တွင် မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ပြီး မြီု့နယ်လယ်စီသို့ တင်ပြ၍ လယ်ယာမြေ လုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ ၇ ထုတ်ပေးမည် ဖြစ်ပါတယ်။ ယခု မေးမြန်းသူအနေဖြင့် အထက်ပါအတိုင်း လိုက်နာ လျှောက်ထား ဆောင်ရွက်၍ ပုံစံ ၇ အမည်ပေါက် ရရှိနိုင်ပါတယ်။

မြောင်းတကာစက်မှုဇုန်အနီး
မြေကွက်မှော်ဘီ
280 Lakhs
မြေကွက်ရောင်းမည်
မြေကွက်မင်္ဂလာဒုံ
ရောင်းမည်
2500 Lakhs

 

No Internet Connection