Accessibility Tools

form7-farmland

 

ပုံစံ (၇) လျောက်ရင် (၅)လအတွင်း ရပါတယ်။ လျောက်ပြီးရင် ငါးလအတွင်းမှာ ပုံစံ (၇) ရ/မရ သိရပါမယ်။ မရနိုင်ရင်လည်း ဘာကြောင့် မရနိုင်ဆိုတာ သိရပါတယ်။


မိမိစိုက်ပျိုး လုပ်ကိုင်နေတဲ့ လယ်ယာမြေ ပုံစံ (၇) မရသေးရင် ရပ်ကျေးရုံးမှာ ပုံစံ (၁) အခမဲ့ ယူပြီးလျောက်၊ ရပ်ကျေးလယ်စီက (၁)လအတွင်း မြို့နယ် မြေစာရင်းဌာနကိုတင်ပြ။


မြို့နယ်မြေစာရင်းက (၁၅) ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း အချိန်(၁)လပေး ကြေငြာချက်ထုတ်၊ ကန့်ကွက်တာ ရှိရင် (၇) ရက်အတွင်း ရပ်ကျေးကို စစ်ခိုင်းပြီး (၇) ရက်အတွင်း ပြန်တင်ပြခိုင်း၊ မြို့နယ်မြေစာရင်းက (၁)လအတွင်း မြို့နယ်လယ်စီအဖွဲ့ကို သဘောထားနဲ့အတူ တင်ပြ၊


မြို့နယ်လယ်စီက (၇) ရက်အတွင်း သဘောထားနဲ့အတူ ခရိုင်လယ်စီကိုတင်ပြ၊ ခရိုင်လယ်စီက (၁၅) ရက်အတွင်း ခွင့်ပြုကြောင်း (သို့) ငြင်းပယ်ကြောင်း မြို့နယ်မြေစာရင်းကို ပြန်အကြောင်းကြား၊


မြို့နယ် မြေစာရင်းက ခရိုင်လယ်စီမှ ခွင့်ပြုထားရင် မှတ်ပုံတင်ကြေးယူ၊ ခရိုင်လယ်စီမှ ခွင့်ပြုမထားရင် မှတ်တမ်းသွင်း မြို့နယ်လယ်စီကိုထပ်တင်ပြ၊


မြို့နယ်လယ်စီက ခရိုင်လယ်စီမှ ခွင့်ပြုထားရင် လျောက်ထားသူ ကာယကံရှင်ကို ပုံစံ (၇) ထုတ်ပေး၊ ခရိုင်လယ်စီက ခွင့်ပြုမထားရင် ငြင်းပယ်၊ ငြင်းပယ်ကြောင်း ကာယကံရှင်ကို အကြောင်းကြား၊
အဲဒီအတိုင်း မဖြစ်ရင် ဗဟိုလယ်စီအဖွဲ့ ၀၆၇၄၁၀၀၀၄ ကိုတိုင်ကြားနိုင်ပါသတဲ့၊ စာနဲ့ရေးတိုင်ချင်ရင် ဗဟိုလယ်စီရုံး၊ ရုံးအမှတ် ၁၅၊ နေပြည်တော် ဖြစ်ပါကြောင်း။
သမ္မတရုံး Website မှာလဲ အများပြည်သူ သိရှိအောင် တင်ထားတာ တွေ့ပါတယ်။

https://www.president-office.gov.mm

Credit : Myo Min Htun

 

ရောင်းရန်၊ ဌားရန် အိမ်ခြံမြေများ

 

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs