• ပြောင်းလိုသူ၏အမည်ဖြင့် ဝယ်ယူထားသောမှတ်ပုံတင်စာချုပ်လိုပါတယ်။
• ဝယ်တာမဟုတ်လည်း အမွေရတာ၊ စွန်.လွှတ်ကြတာ၊ တရားရုံးကအနိုင်ပေးတာစတဲ့ ခိုင်မာတဲ့စာချုပ်စာ
တမ်းတင်ပြဖို.လိုပါတယ်။
• လျှောက်ထားသူရဲ. မှတ်ပုံတင်မိတ္တူ၊ ပိုင်ဆိုင်ကြောင်း စာချုပ်နှင့် မြေခွန်ကြွေး ကျန်ကင်းရှင်းကြောင်းတို.
တွဲတင်ရမှာပါ။
• အားလုံးပြည်စုံမှန်ကန်တယ်ဆိုရင် စည်ပင်သာယာရေးကော်မတီကပဲ အမည်ပြောင်းလဲခွင့်အမိန်.ချမှာပါ။ (မူရင်းဂရန်ပေါ်မှာ မင်နီနဲ.အမည်ပြောင်းပေးလေ့ ရှိပါတယ်)
• ရန်ကုန်မြို.တော်စည်ပင်သာယာ၏ အမိန်. ၃/၂၀ဝ၁ - အပိုဒ် ၄(င)၏ လုပ်ပိုင်ခွင့်များအရ “ဂရန်မြေပိုင်ဆိုင်ခွင့်အမည်” လွဲပြောင်းပေးခြင်းသာ ဖြစ်ပါတယ်။
• လျှောက်ထားသူ၏ ID မိတ္တူ ၊ ပိုင်ဆိုင်ကြောင်း အထောက်အထားစာချုပ်မူရင်းများ၊ မြေခွန်ကြွေးကျန်
ကင်းရှင်းကြောင်း
• လိုတာက(၃)ခုထဲပါ။ သို.သော်ပိုင်ဆိုင်ကြောင်း စာချုပ်မူရင်းတွေကတော့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ
စနစ်တကျချုပ်ဆိုထားတဲ့ အမည်ပေါက်စာချုပ်ကလွဲလျှင် ဘာကိုမှလက်မခံဘူးလို.သာ မှတ်ထားကြပါ။
• တရားဝင်ရောင်းဝယ်၊ ပေးကမ်း ၊ လွှဲပြောင်းတဲ့စာချုပ်တစ်စောင်မှာ ကိုယ့်အမည်ပေါက်မှသာ
“ဂရန်ပိုင်ဆိုင်ခွင့်အမည်” လွှဲပြောင်းလို.ရမှာပါ။
• ၁၉၈၇ မရွှေ.ပစ္စည်းကန်.သတ် ဥပဒေနှင့်ငြိစွန်းမှုရှိ/မရှိ စစ်ဆေးပါသည်။အားလုံးပြည့်စုံမှန်ကန်၍
သတင်းစာကန်.ကွက်သူမရှိမှသာခွင့်ပြုပါသည်။မူရင်းဂရန်တွင်သာ အမည်ပြောင်းပေးသည်ကို
တွေ.ဖူးပါသည်။
Ref : Kyi Soe (I.C)
Write your comment