Accessibility Tools

 

SP (Special Power) ဆိုသည်မှာ နေရပ်လိပ်စာအတိအကျ၊ မြေတိုင်းရပ်ကွက်အမှတ်၊ ဧရိယာအကျယ်


အဝန်းအချက်အလက် အသေးစိတ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အိုးအိမ်ဦးစီးဌာန၊ စာရွက်စာတမ်းမှတ်ပုံတင်ဌာနနှင့် ရုံးဌာနအသီးသီးမှာ တရားဝင် ငှားရမ်းရန်၊ ပေးကမ်းရန်အတွက် ဆောင်ရွက်နိုင်အောင်ဆိုပြီး မူလအမည်ပေါက်ပိုင်ရှင်မှ တခြားသူတစ်ယောက်ကို လွှဲပြောင်းပေးအပ်လိုက်ခြင်း ဖြစ်သည်။

မူလပိုင်ရှင်၏ SP ရရှိထားသူသည် ပိုင်ရှင်မပါသော်လည်း မြေအား ဝယ်ခြင်း၊ ရောင်းခြင်း စာချုပ်ချုပ်များ ချုပ်ဆိုရောင်းချနိုင်မည်ဖြစ်သည်။ အကယ်၍ ဝယ်ယူသူသည် ပိုင်ရှင်ထံမှ SP လက်မှတ်မရှိလျှင် ထပ်ဆင့်ရောင်းဝယ် ငှားရမ်းမှုများ ပြုလုပ်၍မရပေ။

SP ကို မြေသီးသန့်အရောင်းအဝယ် ပြုလုပ်ခြင်းအတွက်သာ ပေးခြင်းဖြစ်သည်။

SP ကို မူလအမည်ပေါက်ပိုင်ရှင် တစ်ဦးတည်းကသာ ပေးပိုင်ခွင့်ရှိပါသည်။ ဥပမာ- မူလပိုင်ရှင်မှ သူ၏မြေကို မောင်ဖြူကို ရောင်းချရာဝယ် မူလပိုင်ရှင်မှ မောင်ဖြူအား SP ပေးလိုက်ပါသည်။ မောင်ဖြူမှ ၎င်း SP အားလက်ဝယ်ကိုင်ဆောင်ထားပြီး အမည်ပေါက်မလျှောက်ထားခဲ့လျှင် မောင်ဖြူမှ တခြားသူတစ်ဦးအား မြေကို ထပ်မံရောင်းချရာ SP ကို ပေး၍ မရတော့ပေ။

SP ခွင့်ပြုသက်တမ်းကုန်ဆုံးသည့်အခါ မြေအား အမည်ပေါက် လျှောက်ထားခွင့် လုံးဝမရှိတော့ပေ။ ထိုအခါ မူလပိုင်ရှင်အမည်ပေါက်လဲ မရှိတော့သည့်အချိန်မျိုးဖြစ်နေလျှင် တရားစွဲဆိုမှုများ ဖြစ်လာနိုင်သည်။

SP ကို ယခင်က ခွင့်ပြုသက်တမ်း (၁)နှစ်ပေးခဲ့ပြီး ယခုအခါ နှစ်အကန့်အသတ်မရှိ ပေးလိုက်ပါသည်။
သို့သော် မူလပိုင်ရှင် အမည်ပေါက်ဖြစ်သူ သေဆုံးခြင်း၊ အခြားနိုင်ငံသားအဖြစ် ခံယူခြင်း၊ တရားဥပဒေအရ
အကျဉ်းထောင်အတွင်း အပြစ်ပေးခံရခြင်းများ ဖြစ်ပေါ်လာပါက SP သက်တမ်းမှာ အလိုအလျှောက်
ပျက်ပြယ်သွားမည်ဖြစ်သည်။ ထိုအချိန်မျိုးတွင် SP ကို အသုံးပြုခွင့် မရရှိတော့ပေ။

Credit : Myanmar Property News

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection