Accessibility Tools

0.00 ( 0 votes )

 

 

သေတမ်းစာ ( Will ) နှင့်ပတ်သက်၍ သိထားသင့်သည့် အချက်များ

(၁) ဗုဒ္ဓဘာသာဝင်များအနေနှင့် သေတမ်းစာရေးခွင့်မရှိပါ။ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင်များအနေနှင့် သေတမ်းစာ (Will) ရေးခွင့်ရှိပါသည်။

(၂) သေတမ်းစာဆိုသည်မှာ သေတမ်းစာရေးပိုင်ခွင့်ရှိသူတစ်ဦးက ၎င်းသေဆုံးသည့်အခါ ၎င်းပိုင်ဆိုင်သည့်ရွှေ.ပြောင်းနိုင်သည့်ပစ္စည်းနှင့် မရွှေ.မပြောင်းနိုင်သည့်ပစ္စည်းများကို မည်သို.မည်ပုံ ခွဲဝေစေလိုကြောင်း ၎င်း၏ရည်ရွက်ချက်ကို ထုတ်ဖော်ပေးသည့် ကြေညာစာတမ်းဖြစ်သည်။

(၃) သေတမ်းစာကို မိမိသက်ရှိထင်ရှားရှိစဉ် မည်သည့်အချိန်မဆို ရေးသားနိုင်သလို မည်သည့်အချိန်မဆိုပြန်လည် ရုပ်သိမ်းခွင့်ရှိပါသည်။

(၄) သေတမ်းစာကို မှတ်ပုံတင်၍လည်းရသည်၊ မတင်လျှင်လည်း ရပါသည်။ စည်းကမ်းသတ်ကာလမရှိပါ။

(၅) သေတမ်းစာပြုလုပ်သူသည် တစ်စုံတစ်ယောက်ကိုခေါ်၍ မိမိပြောဆိုသည့်အတိုင်း သေတမ်းစာရေးခိုင်းပြီးသက်သေများရှေ.တွင် လက်မှတ်ရေးထိုးနိုင်ပါသည်။

(၆) သေတမ်းစာ၌ သေတမ်းစာအရ ဆောက်ရွက်သူ (Executor) တစ်ဦးဦး ခန်.ထားရပါမည်။

(၇) သေတမ်းစာကို ရှုးသွပ်သူ ၊ အရွက်မရောက်သေးသူများ ရေးခွင့်မရှိပါ။

(၈) သေတမ်းစာရေးသူ သေဆုံးသည့်အခါ အမွေဆက်ခံခြင်းအက်ဥပဒေပုဒ်မ (၂၂၂) အရ သေတမ်းစာဆောက်ရွက်ခွင့်ပေးထားသူ (Executor) ကသာ သက်ဆိုင်ရာတရားရုံး၌ သေတမ်းစာအတည်ပြုပေးရန် (Probate) လျှောက်ထားရပါမည်။

(၉) သေတမ်းစာရေးသာသူ မည်သူမဆို သေတမ်းစာကို စာအိမ်တွင်ထည့်သွင်း၍ ချိပ်တံဆိပ်ခတ်နှိပ်ပြီးယင်းစာအိမ်အပေါ်တွင် သေတမ်းစာရေးသားထားသူအမည် သို.မဟုတ် ကိုယ်စားလှယ်ရှိလျှင်ကိုယ်စားလည်အမည်နှင့်အတူ မည်သည့်စာချုပ်စာတမ်းမျိုးဖြစ်ကြောင်း ဖော်ပြရေးသားကာ မှတ်ပုံတင်အရာရှိမည်သူ.ထံတွင်မဆို ကိုယ်တိုင်ဖြစ်စေ၊ အခွင့်ရကိုယ်စားလှယ်ဖြင့်ဖြစ်စေ အပ်နှံတင်ထားခွင့်ရှိသည်။ (မှတ်ပုံတင်အက်-ပုဒ်မ ၄၂)

(၁၀) ၎င်းနောက် မှတ်ပုံတင်အရာရှိက ချိပ်တံဆိပ်ခတ်နှိပ်ပါရှိသည့်စာအိပ်ကို မီးအာမခံသေတ္တာတွင် ထည့်သွင်း၍ သိမ်းထားရမည်။ (ပုဒ်မ-၄၃)

(၁၁) သေတမ်းစာပိုင်ရှင်ကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏အခွင့်ရကိုယ်စားလှယ်ကဖြစ်စေ အပ်နှံထားသည့် သေတမ်းစာအိပ်ကို ပြန်ပေးရန် လျှောက်ထားခွင့်ရှိသည်။ မှတ်ပုံတင်အရာရှိက မှန်ကန်ကြောင်းကျေနပ်လျှင် သေတမ်းစာအိပ်ကို ပြန်၍ပေးရမည်။ (ပုဒ်မ-၄၄)

(၁၂) သေတမ်းစာရေးသူ သေဆုံးလျှင် သေတမ်းစာထုတ်ပေးရန် လျှောက် ထားလာပါက သေဆုံးကြောင်းကျေနပ်လျှင် လျှောက်ထားသူရှေ.တွင် သေတမ်းစာအိပ်ကိုဖွင့်၍ စာအိမ်အတွင်း ပါရှိသည့်စာကို လျှောက် ထားသူစရိတ်ဖြင့် စာအုပ်အမှတ်(၃)တွင် ရေးကူးစေရမည်။ ထိုနောက် မှတ်ပုံတင်အရာရှိက မူလသေတမ်းစာကို သိမ်းထားမြဲသိမ်းထားရမည်။ (ပုဒ်မ-၄၅)

Ref : U Myint Lwin (Lawyer)

 

 

 

Rating

Like
Informative
Knowledgeable

Users' reviews

Add review
မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
မြေကွက်မှော်ဘီ
3500 Lakhs
The Leaf Condo 4 Bedrooms
ကွန်ဒိုလှိုင်
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
မြေကွက်မှော်ဘီ
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection