ကုမ္ပဏီအနေဖြင့် မြေ၊ အဆောက်အဦ၊ မော်တော်ယာဉ်၊ ရေယာဉ်စသည့် အခြေပစ္စည်းများ ဌာရမ်းခြင်း သို့မဟုတ် ဌားယူခြင်းပြုသဖြင့် ပစ္စည်းဌားရမ်းစာချုပ် ချုပ်ဆိုလျှင် အောက်ပါအတိုင်း တံဆိပ်ခေါင်းခွန် ကပ်နှိပ်ရပါမည် ။ (မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ဇယား ၁ အမှတ်စဉ် ၃၅)
အဌားစာချုပ်
ဌားရမ်းခသတ်မှတ်၍ စပေါ်ငွေမပေးရသည့် သို.မဟုတ် မပေးအပ်ရသည့်ကိစ္စတွင်
တစ်နှစ်အောက်လျော့သော ကာလအပိုင်းအခြားအတွက် (ငှားရမ်းခရငွေ၏ ဝ.၅ ရာခိုင်နှုန်း)
တစ်နှစ်အောက်မလျော့ သုံးနှစ်ထက်မပိုသော ကာလအပိုင်းအခြားအတွက်
( တစ်နှစ်ပျမ်းမ ျှရရန် ရှိသောဌားရမ်းခသင့်ငွေ ပမာဏ သို.မဟုတ် တန်ဖိုးအပေါ် ဝ.၅ ရာခိုင်နှုန်း)
သုံးနှစ်ထက်ကျော်လွန်သော ကာလအပိုင်းအခြားအတွက်
( တစ်နှစ်ပျမ်းမ ျှရရန် ရှိသောဌားရမ်းခသင့်ငွေ ပမာဏ သို.မဟုတ် တန်ဖိုးအပေါ် ၂ ရာခိုင်နှုန်း)
နှစ်ရှည်ငှားရမ်းခြင်းဖြစ်လျှင် (ပထမ ၁၀ နှစ်အတွက် ပေးရမည့်ငွေ၏ နှစ်စဉ် ပျမ်းမျှရငွေ အပေါ် ၂ ရာခိုင်နှုန်း)
အငှားစာချုပ်မှာ ထာဝစဉ်ဖြစ်သည့်သဘော သက်ရောက်လျှင် (ပထမ နှစ် ၅၀ အတွက် ပေးရမည့် ငှားရမ်းခငွေ ၏ ၅ ပုံ တစ်ပုံ အပေါ် ၂ ရာခိုင်နှုန်း)
တံဆိပ်ခေါင်းခွန်ကို ငှားယူသူကပေးဆောင် ရပါမည်။
ကိုးကား - မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန်အက်ဥပဒေ
Credit : SAP Burma
Write your comment