Accessibility Tools

0.00 ( 0 votes )

 

 

မေး။ ။ ပုံစံ(၇)၊ ပုံစံ(၁၇)နဲ.ပတ်သက်ပြီး သိချင်ပါတယ်။ အဆောက်အအုံဆောက်လို.ရနိုင်ပါသလား။

 ဖြေ။ ။ ပုံစံ(၇)ဆိုတာ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်၊ လယ်ယာမြေပုံစံ(၇)ကို ပြောတာပါ။ ပုံစံ (၁၇)ဆိုတာကတော့ မြို.နယ်လယ်ယာမြေ စီမံခန်.ခွဲမှုအဖွဲ.က ထုတ်ပေးတဲ့ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုအလိုက် မြေနုကျွန်းမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်စာရင်း လက်မှတ်ကို ပြောတာပါ။ ဥယျာဉ်မြေ ပေ၄၀x ပေ၆၀ကို အဆောက်အအုံဆောက်လုပ်နိုင်ပါတယ် ကြေညာထားရင် အဲသည်မြေဟာ ရွာမြေဖြစ်ပါလိမ့်မယ်။ ရွာမြေတွေက ဂရန်မလိုပါဘူး။ ဘိုးဘွားလက်ထက်ကတည်းက နေလာကြတဲ့ မြေမျိုးဖြစ်ပါတယ်။ မြို.မြေစာရင်းမှာ ဥယျာဉ်ခြံမြေလို.ပဲ သတ်မှတ်ထားတယ်လို. သိရပါတယ်။

မေး။ ။ဥယျာဉ်ခြံမြေဝယ်ရင် တရားဝင်ဖြစ်အောင် ဘယ်လိုဆောင်ရွက်နိုင်သလဲ။ စည်ပင်မှာ အိမ်ဆောက်ခွင့်တင်လို.ရပါသလား။ ဂရန်လျှောက်နိုင်ပါသလား။

ဖြေ။ ။ဥယျာဉ်ခြံမြေဆိုတာ ရွာနဲ.ဆက်စပ်နေတဲ့မြေလား၊ ရွာမြေလား ဒါမှမဟုတ် ဥယျာဉ်ခြံမြေပါ၊
လို. မြို.နယ်ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနက G အမှတ်အသားပြပြီး တရားဝင်သတ်မှတ်ထားတာလား သိဖို.လိုတယ်။ ရွာမြေ ဒါမှမဟုတ်ရွာနဲ.ဆက်စပ်မြေတို.ကို ဝယ်မယ်ဆိုရင် နှစ်ဦးသဘောတူ
အိမ်ခြံမြေအရောင်းအဝယ် ကတိစာချုပ်နဲ. ဝယ်လို.ရတယ်။ စာချုပ်ရုံးမှာသွားပြီး မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်လို.မရပါဘူး။

အကြောင်းက တရားဝင်လွှဲပြောင်းနိုင်အောင် ရောင်းသူအမည်ပေါက် ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ ဂရန်မြေ အထောက်အထားမရှိလို.ပါ။ လက်လွှဲလက်ပြောင်းပြုလုပ်ထားကြောင်း သက်သေအနေနဲ. ကျေးရွာအုပ်ချုပ်ရေးမှူးရှေ.မှာ ပြုလုပ်ထားသင့်ပါတယ်။ G အမှတ်အသားပြ ဥယျာဉ်ခြံမြေကို အမည်ပေါက်ဆီက
တိုက်ရိုက်ဝယ်ရင်တော့ မြို.နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှာ ဥယျာဉ်ခြံမြေလုပ်ကိုင်သူ
အမည်ပြောင်းပေးဖို.လျှောက်နိုင်တယ်။

ဝယ်သူမှတ်ပုံတင်၊ အရောင်းအဝယ်စာချုပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ဝယ်သူရဲ. အိမ်ထောင်စု
စာရင်း၊ နောက်ဆုံးလမှာ ဆောင်ထားတဲ့ ဥယျာဉ်မြေလုပ်ကိုင်သူအဖြစ် ဝယ်သူရဲ. အမည်နဲ.ထွက်လာပါလိမ့်မယ်။ ၂၀၁၅ခုနှစ်မှာ လျှောက်ရင် ၂၀၁၆ခုနှစ်မှာ ဥယျာဉ်ခြံမြေလုပ်ကိုင်သူ အဖြစ်ဝယ်သူရဲ.နာမည်နဲ. ထွက်လာပါလိမ့်မယ်။ စည်ပင်မှာ အိမ်ဆောက်ခွင့်တင်လို.ရအောင်တော့ မိမိဝယ်ထားတဲ့ မြို.နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဆီမှာ တင်ပြရမှာပါ။ ပိုင်ဆိုင်မှုအထောက်အထားခိုင်လုံရင် နှစ်ထပ်တိုက်လောက်အထိ
ခွင့်ပြုထားတယ်လို. သိရပါတယ်။

Ref : The Kumudra

Rating

Like
Informative
Knowledgeable

Users' reviews

Add review
မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
မြေကွက်မှော်ဘီ
3500 Lakhs
The Leaf Condo 4 Bedrooms
ကွန်ဒိုလှိုင်
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
မြေကွက်မှော်ဘီ
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection