Accessibility Tools

 

 

မန္တလေးတိုင်းဒေသကြီးမြို.နယ်များရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မြေအရောင်းအဝယ်ကိစ္စများတွင် ဝင်ရောက်လုပ်ကိုင်နေမှု
များကြောင့်မလိုလာအပ်သည့် ပြဿနာများ ဖြစ်ပေါ်နေသည့်အတွက် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မြေယာအရောင်းအဝယ်လုပ်
ငန်းများတွင် ဝင်ရောက်လုပ်ဆောင်ခြင်းမပြုလုပ်ရန် မြို.နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနက တရားဝင် စာထုတ်အကြောင်းကြားခဲ့ကြောင်း သိရသည်။

 

 မန္တလေးခရိုင် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၏ ညွန်ကြားချက်ဖြင့် ဖေဖော်ဝါရီ (၇)ရက်တွင်မြို.နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများထံသို.
တရားဝင်စာထုတ် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

“အခုလို မြို.နယ်ကနေ မြေယာအရောင်းအဝယ်ကိစ္စနဲ. ပတ်သက်ပြီးတော့ ကျွန်တော်တို.ရပ်ကွက်တွေမှာ ဘယ်လိုပြဿနာမှမရှိသလို အရောင်းအဝယ်
လဲ မဖြစ်ကြဘူး၊ မြို.သစ် အရှေ.ခြမ်းနေရာတွေမှာဆိုရင်တော့ မြေအရောင်းအဝယ်တွေ ဖြစ်တာမျိုးရှိတယ်၊ ဒီလိုစာထွက်ပေးတော့ လုပ်ရကိုင်ရတာလဲ
အဆင်ပြေလာသလို ပြဿနာလဲမရှိနိုင်ဘူးပေါ့” ဟု မြို.သစ်အမှတ် (၃) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းက ပြောပြသည်။


အဆိုပါ ကိစ္စနှင့်ပတ်သက်၍ရပ်ကွက်၊ ကျေးရွာအုပ်ချူပ်ရေးမှူးများအနေဖြင့် နိုင်ငံတော်အစိုးရ၏ စီမံကိန်းဆောင်ရွက်မှုများနှင့် တိုင်းဒေသကြီးမှ ဆောင်ရွက်လျက်ရှိသည့်
စီမံကိန်းလုပ်ငန်းများမှ လွဲ၍မြေယာအရောင်းအဝယ် ကိစ္စများထောက်ခံပေးခြင်း၊ အသိသက်သေဆောင်ရွက်မှုများနှင့် အရောင်းအဝယ်များတွင် လတ်မှတ်ထိုးပေးခြင်းများ
မပြုလုပ်ရန်နှင့် လိုက်နာမှုမရှိပါက တာဝန်မှရပ်နားခံရမည့်အပြင် ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးခရိုင် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနက
ထုတ်ပြန်ထားကြောင်းသိရသည်။

 

Credit : MMK

မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection