Accessibility Tools

form7-rename

ပုံစံ (၇) ရပြီးတဲ့ လယ်ယာမြေကို ရောင်းဝယ် ပြီးရင် ဝယ်သူအမည်ပေါက် ပုံစံ (၇) မှာ အမည်ပြောင်းလို့ ရပါပြီ။ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်ခွင့် ပြုရန် ဥပဒေပုဒ်မ ၁၈ အရ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် လယ်ယာမြေ တန်ဖိုးကို ဒေသန္တရအခြေအနေအရ ဆီလျော်သောနှုန်းထား ဖြစ်စေရေး အတွက် သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အား ခန့်အပ်တာဝန်ပေးအပ် လိုက်ပါသည်။

 

မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေတန်ဖိုးကို ဒေသန္တရ အခြေအနေနှင့် ဆီလျော်သော နှုန်းထားဖြစ်စေရေးအတွက် လယ်ယာမြေ တည်ရှိရာ ရပ်ကွက်ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က အဆိုပြုတင်ပြလာသော လယ်ယာမြေများ၏ တစ်ဧကပေါက်ဈေး နှုန်းထားအား မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ စိစစ်ဆောင်ရွက်သွားရန်၊ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များသည် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ရသူက လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းနှင့် ငှါးရမ်းခြင်းတို့ကို ဆောင်ရွက်ကြသည့် အခါတွင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့က စိစစ်အတည်ပြုထားသော လယ်ယာမြေ တစ်ဧက ဒေသပေါက်ဈေးနှုန်းထား များအရ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်စေပြီး ရပ်ကွက် ကျေးရွာ အုပ်စုလယ်ယာ စီမံခန့်ခွဲမှုအဖွဲ့၏ ရှေ့မှောက်တွင် စာချုပ် ချုပ်ဆိုခြင်းကို ၁-၆-၂၀၁၉ ရက်နေ့မှစ၍ ဆောင်ရွက်ပေးရန်၊ ချုပ်ဆိုထားသော စာချုပ်ကို ချုပ်ဆိုသည့် နေ့မှ ရက်ပေါင်း၁၂၀ အတွင်း မြို့နယ်သို့ တင်ပြလာပါက မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ခြင်း လုပ်ငန်းကို ဆောင်ရွက်ပြီး လုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန် ညွှန်ကြား အပ်ပါသည်...တဲ့။ ကဲ.. ပြောင်းကြတော့ 

Credit : Myo Min Htun

မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection