Accessibility Tools

 

မေလ ၆ ရက်နောက်ပိုင်း အသစ်တိုးချဲ့ပြုပြင်ရောင်းချမှုရှိက လျော်ကြေးနှင့် ပြန်လည်နေရာချထားရေး ခံစားခွင့်ရှိမည်မဟုတ်ဟုဆို။

 

ရန်ကုန်မိုးပျံရထားလမ်း(YUMRT)တည်ဆောက်ရန် လှိုင်သာယာ-ပါရမီလမ်းပိုင်း၌ မြေသိမ်းဆည်းမည့်လုပ်ငန်း ဆောင်ရွက် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မေလ ၃ ရက်တွင် အမိန့်ကြေညာစာထုတ်ပြန်သည်။

ရန်ကုန် အရှေ့ပိုင်းနှင့်အနောက်ပိုင်း ဆက်သွယ်မည့် ရထားလမ်းအပိုင်း(၁)ကို စတင်မည်ဖြစ်ပြီး လှိုင်သာယာဘူတာက စပြီး ပါရမီဘူတာအထိ ၁၈ကီလိုမီတာ(၁၁မိုင်ကျော်) ရှိမည်ဟု အဆိုပါကြေညာချက်တွင်ပါဝင်သည်။ ရထားလမ်းအတွက် မြေသိမ်းရန်လိုအပ်သောလမ်းအကျယ်မှာ ရန်ကုန်-ပုသိမ်လမ်းလမ်းပိုင်းတွင် ၂၉ မီတာ (၉၅ ပေ)နှင့် ပါရမီလမ်းတွင် ၂၂ မီတာ (၇၂ ပေ)ဖြစ်သည်။

ထို့ကြောင့် မြေသိမ်းဆည်းရာတွင် လှိုင်သာယာ ဘူတာပရဝဏ် အတွင်း မြေ ၅၄ ဧကကျော်၊ ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက်တွင် ရထားလမ်းအလယ်မျဉ်းမှ ဘေးတစ်ဖက်တစ်ချက်ဆီသို့ ၁၄ မီတာခွဲ(၄၇ပေခွဲ)၊ ပါရမီလမ်းဘေးတစ်ဖက်စီတွင် ၁၁ မီတာ (၃၆ ပေ)ပါဝင်မည်ဖြစ် သည်။

အဆိုပါ စီမံကိန်းအကောင် အထည်ဖော်ရန် တိုင်းအစိုးရက ပြန်လည်နေရာချထားရေး၊ ပံ့ပိုး ကူညီမှုများ ပေးအပ်နိုင်စေရေး စီမံကိန်းအတွက် အကျုံးဝင်သည့် နောက်ဆုံးနေ့ (Cut off Date)ကို မေလ ၆ ရက်အဖြစ် သတ်မှတ် ကြောင်း ရန်ကုန်မြို့တော်ဝန် ဦး မောင်မောင်စိုးလက်မှတ်ရေးထိုး ထားသည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုကြေညာချက်အရ အဆို ပါ မြေနေရာသုံးခုတွင် တည်ရှိနေ သော အဆောက်အအုံများကို ပြုပြင်တည်ဆောက်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ အဆောက် အအုံအသစ်တည်ဆောက်ခြင်း၊ မြေယာလွှဲပြောင်းခြင်း၊ ရောင်းချ ခြင်းများကို မေလ ၆ ရက် (Cut off Date) နောက်ပိုင်း ဆောင်ရွက်ပါ က မြေယာလျော်ကြေး၊ ပြန်လည် နေရာချထားရေးနှင့် ကရုဏာ ကြေးများ ရရှိမည်မဟုတ်ပေ။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင် စီ (JICA)က စီမံကိန်းသက် ရောက်မည့် ဧရိယာတစ်ခုလုံးကို သဘာဝပတ်ဝန်းကျင်နှင့် လူမှု ဘဝထိခိုက်မှုများအတွက် မေလ ၆ ရက်မှ ဇွန်လ ၃၀ ရက်အထိ စစ်တမ်းကောက်ယူမည်ဟု ဆို ထားသည်။

‘‘ဒီစီမံကိန်းရှိတယ်ဆိုတာ ကြားပါတယ်။ သူများနိုင်ငံတွေလို ဖြစ်လာမယ်ဆိုရင် ကောင်းတာ ပေါ့။ မြေနေရာကလည်း လိုအပ် ရင် ဖယ်ပေးပါ့မယ်’’ဟု မရမ်း ကုန်းမြို့နယ် ပါရမီလမ်းမဘေးတွင် နေထိုင်သော ဒေါ်စန္ဒာအေးက ပြောသည်။

လှိုင်မြို့နယ်နေ ကိုရန်နိုင် မင်းကလည်း ‘‘သေချာတော့ မသိသေးဘူး။ ဒါပေမဲ့ အစိုးရကလုပ် တဲ့ နိုင်ငံတော်စီမံကိန်းဆိုရင် ကောင်းတယ်လို့ထင်တယ်။ ကန့်ကွက်စရာမရှိပါဘူး’’ ဟု ပြော သည်။

‘‘အစည်းအဝေးတိုင်းမှာ တင်ပြတာက ပြည်သူတွေ မနစ်နာအောင် ကာလပေါက်ဈေးထက် မနည်းအောင်ပေးဖို့၊ ပြည်သူတွေ နစ်နာရင် ကျွန်တော်တို့က ဝင် ရောက်ဖြေရှင်းပေးမှာပါ’’ ဟု မရမ်းကုန်းမြို့နယ် တိုင်းလွှတ် တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောသည်။

Cut off Date ကို အနီးကပ် ကြေညာရခြင်းသည် ပြည်သူများ ရောင်းမှားဝယ်မှား မဖြစ်စေရန် မြို့တော်ဝန်က ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ၎င်းကဆက်ပြော သည်။

အဆိုပါ စီမံကိန်းအတွက် ၂၀၁၂ တွင် JICA က အသေးစိတ် လေ့လာပြီး ယခုနှစ်ကုန်၌ လေ့ လာမှုပြီးဆုံးမည်ဖြစ်သည်။ လာ မည့် ၂၀၂၁ တွင် ပထမပိုင်းအ ဆင့် စတင်၍ ၂၀၃၅ တွင် စီမံ ကိန်းတစ်ခုလုံး ပြီးဆုံးမည်ဖြစ် သည်။

‘‘စီမံကိန်း အကုန်လုံးအ တွက် ချေးငွေပေးမှာ ဖြစ်ပါတယ်။ ချေးငွေကို ODA (ဖွံ့ဖြိုးမှုချေးငွေ) က ပေးမှာပါ’’ဟု မြန်မာနိုင်ငံဆိုင် ရာ ဂျပန်သံအမတ်က ပြောသည်။

ရန်ကုန်မြို့ပြလူထုရထား ပို့ဆောင်ရေးစီမံကိန်း (YUMRT) ဟု အမည်ပေးထားသော ရန်ကုန်မိုးပျံရထားလမ်း စီမံကိန်းတွင် ရန်ကုန်မြို့ အရှေ့- အနောက်ပိုင်းကို လှိုင်သာယာ- တောင်ဒဂုံမြို့နယ် တိုးကြောင်ကလေးနှင့် ရန်ကုန်တောင်- မြောက်ပိုင်းကို ဒလမြို့နယ်- ဘူတာကြီး-မင်္ဂလာဒုံ လေဆိပ်လမ်းပိုင်းနှစ်ခုအဖြစ် အကောင်အထည်ဖော်မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာထား သည်။

Credit : 7 Day News Journal

မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection