Accessibility Tools

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) စက်မှုဇုန်(၁) မိုးကုတ်လမ်းနှင့် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ - ကမာကြည်လမ်းတို့ကို ဆက်သွယ်ပေးသည့် တောင်ဒဂုံ-သုဝ်္ဏ တံတားသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတံတား တောင်ဒဂုံ ဘက်အခြမ်းတွင် ကျင်းပခဲ့သည်။

 

ပြည်သူလူထုအတွက် အခွင့်အလမ်း

 အဆိုပါ တံတားဖွင့်ပွဲအခမ်းအနား တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြား ရာတွင် ““ဒီတံတားကြီးဟာ အရည် အသွေးကောင်းမွန်ပြီး ရေရှည်တည်တံ့ ခိုင်မြဲမယ့် တံတားကြီးတစ်စင်း ဖြစ်တယ် လို့ ကျွန်တော်တို့အနေနဲ့ ယူဆပါတယ်။ ဒီတံတားကြီး ပေါ်ထွန်းလာတဲ့အပေါ် မှာ ပြည်သူလူထုတွေအတွက်တော့ အခွင့်အလမ်းကောင်းတွေ များစွာ ရှိမှာ ဖြစ်ပါတယ်။ တံတားမရှိစဉ်က အခြေအနေနဲ့ တံတားရှိလာတဲ့ အခြေအနေမှာ ဒီဘက်နယ်မြေ တစ်ကြောမှာရှိတဲ့ မြို့ပြဖွံ့ဖြိုးတိုးတက် ရေးဟာ ပိုမိုတန်ဖိုးမြင့်တက်လာမှာ ဖြစ်ပါတယ်””ဟု ထည့်သွင်းပြောကြား ခဲ့သည်။

 ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက်္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် တံတားတည်ဆောက်ရေး စီမံကိန်းမှ တာဝန်ရှိသူများက တံတား ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ်္ပည်းမော်ကွန်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေးကြသည်။

ဖြတ်သန်းကြည့်ရှု

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တံတားသစ်ပေါ်မှ ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့သည်။
တောင်ဒဂုံ-သုဝဏ္ဏ တံတားသစ်၏ ပင်မတံတားအရှည်မှာ ၈၄၆ ပေရှိပြီး ချဉ်းကပ်လမ်း ပေ ၃၉၀ အပါအဝင် စုစုပေါင်း တံတားအရှည်မှာ ၁၂၃၆ ပေ ရှိကြောင်း သိရသည်။ တံတားပေါ်တွင် ယာဉ်သွားလမ်းအကျယ် ၂၆ ပေ ရှိပြီး ရေလမ်းကင်းလွတ်အမြင့်မှာ ရေအတက် ဆုံးအချိန်တွင် ၁၈ ပေခန့်ရှိကြောင်း သိရသည်။ ငမိုးရိပ်ချောင်းအတွင်း ရေလမ်းအကျယ်မှာ ၁၇၇ ပေ ရှိကြောင်း သိရသည်။

 ကျပ်သန်းပေါင်း ၅၈၀၀ ခန့်ကုန်ကျ

 အဆိုပါတံတားကို မြတ်နိုးသူ ဆောက်လုပ်ရေး ကုမ်္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကာ MMA Consultant (Myanmar) Co., Ltd က ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် စတင် တည်ဆောက်ခဲ့၍ ၂၀၁၈ ခုနှစ် သြဂုတ် ၂၅ ရက်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။ တံတား၏ ကုန်ကျစရိတ်မှာ ကျပ်ငွေကျပ် သန်းပေါင်း ၅၈၀၀ ခန့် ကုန်ကျခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်တောင်ပိုင်းတွင် နှစ်ပေါင်း ၂၅ နှစ်ကျော်နေထိုင်ခဲ့သည့် အမှတ်(၂၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ““အခု သုဝဏ္ဏ ဆိုရင် အားချင်းရောက် တယ်။ အရင်ကတော့ သုဝဏအသင်း တိုက် မီးပွိုင်တို့ ဘာတို့ကို ပတ်ပြီးသွားရ တယ်။ တစ်နာရီလောက် ကြာတယ်။ အခုကတော့ ငါးမိနစ်၊ ၁၀ မိနစ် အတွင်း ရောက်သွားတော့မှာပါ””ဟု ပြောသည်။

 အစင်း၂၀ မြောက် တံတား

 ယနေ့ဖွင့်လှစ်သော တောင်ဒဂုံ-သုဝဏ္ဏ တံတားသစ်မှာ ငမိုးရိပ်ချောင်း ပေါ်တွင် တည်ဆောက်ဖွင့်လှစ်ခဲ့သော တံတားများအနက် အစင်း၂၀ မြောက် တံတားတစ်စင်းဖြစ်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွက် ဒုတိယ မြောက် တည်ဆောက်ဖွင့်လှစ်ပေး နိုင်ခဲ့သော တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

Credit : Myanmaalinn
ထင်ပေါ်ဝင်း(ကမာရွတ်)

 

မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection