Accessibility Tools

 

ရင်းနှီးမြှုပ်နှံသူများအပါအဝင် ကမ္ဘာ့ပြည်သူများ စိတ်ဝင်စားမှုအကောင်းဆုံး မြို့ကြီးသုံးမြို့တွင် ရန်ကုန်မြို့သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သာကေတမြို့တည် နှစ် (၆ဝ)ပြည့် အခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။

 

ကမ္ဘာပေါ်မှာ လူအများဆုံး စိတ်ဝင်စားမှုအရှိဆုံး မြို့သုံးမြို့

''မကြာသေးမီက ကိုရီးယားသံအမတ်ကြီးက ကျွန်တော့်ဆီကို စာတစ်စောင်ပို့ပါတယ်။ ကမ္ဘာပေါ်မှာ လူအများဆုံး စိတ်ဝင်စားမှုအရှိဆုံး မြို့သုံးမြို့ရှိပါတယ်။ အဲဒါတွေကတော့ မြို့အကြီးကြီးတွေထက် နောက်ထပ် ဖွံ့ဖြိုးတိုးတက်လာမယ့်မြို့တွေကို စိတ်ဝင်စားနေကြပါတယ်။ အဲဒီမြို့သုံးမြို့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဖြစ်ပါတယ်။ နောက်ထပ်တစ်ခုကတော့ မြန်မာနိုင်ငံ ရန်ကုန်မြို့ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ စပိန်နိုင်ငံ ဘာစီလိုနာမြို့ဖြစ်ပါ တယ်။ ဒီသုံးမြို့ဟာ သူတို့ရဲ့ နောက်ဆုံးစစ်တမ်းကောက်ယူမှုအရ စိတ်ဝင် စားဖွယ် အကောင်းဆုံးအခြေအနေသို့ ရောက်ရှိနေပါတယ်တဲ့။ ဒီအခြေအနေကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဆွဲဆောင်ပြီးတော့ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံက အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်''ဟု ဝန်ကြီးချုပ်က ပြောသည်။

ရန်ကုန်မြို့ကို ၁၉၈၈ နောက်ပိုင်း အရှေ့ဘက်ကိုတိုးချဲ့ခဲ့ရာ ယခုအခါ သီလဝါအထူးစီးပွားရေးဇုန်အထိ ရောက်ရှိလာ ပြီဖြစ်ကြောင်း၊ ရန်ကုန်အနောက်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကြည့်မြင်တိုင်တစ်ဖက်ကမ်း မြို့သစ်စီမံကိန်း တစ်ခုနှင့် ဒလမြို့တစ်ဖက်ကမ်း စက်မှုဇုန်တစ်ခု ထပ်မံ တည်ဆောက်ပြီးပါက ရန်ကုန်မြို့သည်စက်ဝိုင်းပုံစံ ဖြစ်လာပြီး မည်သည့်နေရာသည်မြို့လယ်ကောင်ဟုပြောလို့မရအောင် တိုးတက်ပြောင်းလဲလာမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ယခုအခါ ရန်ကုန်မြို့ကြီးတွင် လူဦးရေ ခုနစ်သန်း ကျော် ရှစ်သန်းနီးပါးနေထိုင်လျက်ရှိကြောင်း၊ အထူးစီးပွားရေးဇုန်တစ်ခုနှင့် စက်မှုဇုန် ၂၉ ခု ရှိပြီး ရွှေ့ပြောင်းလုပ်သားအများဆုံး လာရောက်လုပ်ကိုင်လျက်ရှိ ကြောင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအပိုင်းတွင်လည်း တစ်နိုင်ငံလုံး၏ ဓာတ်အားသုံးစွဲမှုထက်ဝက်ကို ရန်ကုန်မြို့ ၌ သုံးစွဲလျက်ရှိကြောင်း၊မြို့ရေပေးဝေရေး စီမံကိန်းများ ကိုလည်း အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပြ ခရီးသည်ပို့ဆောင်ရေး လွယ်ကူချောမွေ့စေရေးအတွက် မိုးပျံလမ်းစီမံကိန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 Credit : The Mirror

 

မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection