Accessibility Tools

 

တိုက်ခန်းနဲ့ ကန်ထရိုက်တိုက်တွေအတွက် ပြဿနာအရှုပ်အရှင်းတွေ နည်းဖို့ တိုက်ခန်းဥပဒေ (Apartment Law)ထဲမှာ ရပိုင်ခွင့် အခွင့်အရေးတွေ ၊ အတိအကျ သတ်မှတ်ချက် တွေကို အမျိုးအစားလိုက် သတ်မှတ်ပေးဖို့ လိုအပ်တယ်လို့ သိရပါတယ်။

 

လက်ရှိအချိန်အထိ တိုက်ခန်းနဲ့ပတ်သက်ပြီး လွှဲပြောင်းရောင်းတဲ့အခါ ဝယ်သူ၊ ရောင်းသူ တွေရဲ့ ပိုင်ဆိုင်နိုင်တဲ့အခွင့် အရေးတွေက ဘာလဲဆိုတာမျိုး အတိအကျ မရှိတာပါ။  ခေတ်စနစ်ပြောင်းလဲမှုတွေအရ တိုက်ခန်းဝယ်ယူမှုပြောင်းလဲမှုတွေအပေါ်မှာ အခွင့်အရေးတွေကို ပြဋ္ဌာန်းပေးမယ့် ဥပဒေလိုနေတာဖြစ်တယ်လို့ အကျိုးဆောင်တချို့နဲ့ ရှေ့နေတချို့က ပြောပါ တယ်။

တိကျတဲ့ဥပဒေမရှိတဲ့အတွက် တရားရုံးတွေမှာ ဖြစ်နေတဲ့အမှုတွေမှာ မြေရှင်နဲ့ကန်ထရိုက်၊ ဝယ်သူနဲ့ မြေရှင်၊ ဝယ်သူနဲ့ ကန်ထရိုက်စတဲ့ အရှုပ်အရှင်းတွေများတာပါ။

အထက်တန်းရှေ့နေ မသီတာက 'တချို့အမှုတွေမှာဆို တိကျတဲ့ဥပဒေပြ ဋ္ဌာန်းထားမှု မရှိတော့ လိုရာကို ဥပဒေပုဒ်မတွေတပ်ပြီး တရားစွဲဆိုကြတယ်၊ အပျောက်စနစ်နဲ့ ရောင်း ဝယ်ကြတဲ့အခါ လိမ်လည်မှုတွေရှိလာတယ်၊ ဘယ်လောက် အထိကြုံရလဲဆို အပြင်လူတွေ တင် နားမလည်တာမဟုတ်ဘဲ အမှုစီရင် ဆုံးဖြတ်တဲ့သူတွေကိုယ်တိုင် ညွှန်ကြားချက်မရသေး လို့ပါဆိုပြီး ရှောင်လွှဲနေတာတွေရှိတယ်'လို့ ဥပဒေမရှိရခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပြောပြပါတယ်။

အဓိက ကန်ထရိုက်တိုက်ခန်းတွေမှာ ဆောက်လုပ်တာ၊ ရောင်းချတာ၊ ဝယ်ယူတာတွေနဲ့ ပတ်သက်ပြီး အတိအကျပြဋ္ဌာန်းထားတဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို သတ်မှတ်ပေးထားမှု မရှိတာပါ။

စီးပွားရေးနှင့် ဥပဒေလမ်းညွှန် ဦီးတင်သန်းဦီးက 'ကန်ထရိုက်တိုက်ခန်းတွေရဲ့ ပြ ဿနာက အရောင်းအဝယ်တွေတင်မကဘူး ဆောက်လုပ်မှုတွေမှာပါ အတိအကျ ကန့်သတ်မပေးတာ၊ ကန်ထရိုက်ပြဿနာတွေမှာ မြေရှင်တွေက ပြဿနာထဲပါမှာစိုးလို့ ရှောင်နေတာတွေ၊ လူနေခွင့်မကျသေးဘဲ ရောင်းနေတာတွေ၊ တကယ်တော့ စာချုပ်စာတမ်းတွေမှာ အားနည်းလို့ပါ၊ တိကျတဲ့ ပြဋ္ဌာန်းထားတာမရှိတော့ လိုရာတွေရေးပြီး ချုပ်ဆိုကြတယ်၊ ဥပဒေက လိုအပ် နေတာပါ' လို့ ပြောပါတယ်။

ဥပဒေထဲမှာ ကွန်ဒိုလည်းမဟုတ်၊ တိုက်ခန်းလည်းမဟုတ်တဲ့ အဆင့်မြင့်အိမ် ရာတိုက်ခန်း တွေအတွက်ပါ ပိုင်ဆိုင်မှုအချိုးအစားနဲ့ ရပိုင်ခွင့်အခွင့်အရေးတွေ ပါသင့်တယ်လို့ သူက ဆက်ပြောပါတယ်။

ဆောက်လုပ်တဲ့နှစ်ကာလအတိအကျ သတ်မှတ်ပြီးမှသာ ရောင်းချခွင့်ပေးတာ၊ ကြိုပွိုင့်နဲ့ဆို ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ရောင်းချခွင့်ရှိတာမျိုးပါ။ တိုက်ခန်းဝယ်ယူတဲ့အခါ ဝယ်သူက နေထိုင်ခွင့်ကိုပဲ ဝယ်ယူတာမျိုးဖြစ်တာကြောင့် ပျက်စီးခဲ့ရင် ဘယ်လို ရပိုင်ခွင့်တွေခံစားခွင့်ရှိတယ်။ မြေရှင်ကိုပေးဆောင်ရတဲ့ လခတွေကအစ မြေရှင်လက်မှတ်ပါမှ ရောင်းချခွင့်ရှိတဲ့အတွက် မြေရှင်ကိုပေးရတဲ့ နှုန်းထားတွေကိုပါ အသေးစိတ်တွေ လိုအပ်နေတာလို့ နေထိုင်သူတချို့နဲ့ ရှေ့နေတချို့ထံက သိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်မှာ တိုက်ခန်းဝယ်ယူထားသူ ဒေါ်သန္တာက 'အရစ်ကျနဲ့ ငွေသွင်းပြီး ဝယ်ထားတာ၊ ကန်ထရိုက်က ဆက်မဆောက်ဘဲ ရှောင်နေတော့ ကိုယ်ကဘယ်သူ့ကို တိုင်ရမလဲမသိဘူးဖြစ်နေတယ်၊ မြေရှင်ကတော့ ကန်ထရိုက်ကို တရားစွဲထားတယ်ဆိုပေမဲ့ ကိုယ်တွေက နစ်နာတယ်' လို့ ပြောပါတယ်။


Credit : Kumudra

 

မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection