Accessibility Tools

0.00 ( 0 votes )

 

 

ဘယ်မြေတွေ မြေငှားဂရန်လျှောက်နိုင်ကြောင်း တင်ပြလိုက်သည့်အခါ မြေငှားဂရန် ကို ဘယ်လိုလျှောက်ရမလဲ ဟူသည့် အမေးက ဆက်လက် လိုက်ပါလာပါသည်။ ယင်းသို့လျှောက်ထားမှု ကို မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ အရ အထက် နှင့်အောက်မြန်မာပြည် ၂ ရပ်လုံးတွင် ဆောင်ရွက်ရပါသည်။

 ယင်းနည်းဥပဒေသည် တစ်နိုင်ငံလုံးသို့ အာဏာသက်ရောက် ပါသည်။ နည်းဥပဒေ ၉ တွင် မြေငှားဂရန် ထုတ်ပေးခြင်းအတွက်မည်သူတို့အားပေးအပ်ချထားရန် နှင့်၊ မည်သူက မည်သို့ လုပ်ပိုင်ခွင့် ရှိခြင်း ကို အောက်ပါအတိုင်း ပြဌာန်းထားပါသည်-

“၉။ ခရိုင်အုပ်ချုပ်ရေးမှူးသည် လူတစ်ဦး၊ သို့မဟုတ် လူတစ်စုအား မြေငှားပေးအပ်ချထားခြင်းကို အောက်ပါအတိုင်း ခွင့်ပြုခွင့်ရှိသည်-
(က) တစ် ဧက အထိရှိသော မြေတစ်ကွက်ကို ယင်း၏ အခွင့်အာဏာဖြင့်၊
(ခ) မြေဧရိယာသည် တစ်ဧက ထက်ပို၍၊ ငါးဧက ထက်မကျော်လွန်ပါက တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူး ထံ ကြိုတင်၍ တင်ပြ ခွင့်ပြုရရှိမှုဖြင့်၊
(ဂ) အကယ်၍ မြေ ငါးဧက ထက်ကျော်လွန်ပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ထံ ကြိုတင်၍ တင်ပြ ခွင့်ပြုရရှိမှုဖြင့်။”
ထို့နောက် မြေငှားဂရန် အတွက် လျှောက်လွှာ နှင့် လျှောက်လွှာတွင် ဖေါ်ပြရမည့်အချက်များတို့အပြင်၊ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်ကို ပူးတွဲလျှောက်ထားရန် လိုအပ်ကြောင်း နည်းဥပဒေ ၁၁ တွင် အောက်ပါအတိုင်း ပြဌာန်းထားပါသည်-

“၁၁။ လူနေထိုင်ရန်၊ သို့မဟုတ် စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်ရန်အတွက် အဆောက်အဦးဆောက်လုပ်ရန်အလို့ငှာ အစိုးရကစီမံချထားနိုင်သည့် မြေတစ်ကွက်ကို မြေငှားပေးအပ်ချထားမှု ရယူလိုသူသည်၊ ထိုမြေတည်ရှိရာအရပ် ခရိုင်အုပ်ချုပ်ရေးမှူး၊ သို့မဟုတ် မြို့နယ်အုပ်ချုပ်ရေးမှူး ထံ စာဖြင့်ရေားသာ၍ လျှောက်ထားနိုင်သည်။ ယင်းသို့သော လျှောက်လွှာတွင် အောက်ပါအချက်များ ပါရှိစေရမည်-

(က) လျှောက်ထားသူ၏ အမည်၊ နေရပ် နှင့်အလုပ်အကိုင်၊
(ခ) လျှောက်ထားသည့် မြေတည်ရှိရာ ရပ်ကွက်အမည်၊ လမ်း နှင့် တည်နေရာ ဖေါ်ပြချက်၊
(ဂ) ထိုမြေကွက်၏ နယ်နိမိတ် အနားလေးဘက် အလားအလာများ၊
(ဃ) ဆောက်လုပ်မည့် အိမ်၏ ခန့်မှန်းခြေအရွယ်အစား နှင့် အိမ်ဆောက်လုပ်ရာတွင် အသုံးပြုမည့် ပစ္စည်းများ၊
(င) မြေငှားပေးအပ်ချထားမှုကို ရယူလိုခြင်း၏ ရည်ရွယ်ချက်၊ အဆောက်အဦးဆောက်ရန်၊ လူနေထိုင်ရန်၊ သို့မဟုတ် စက်မှုလက်မှုလုပ်ငန်းလုပ်ရန် အစရှိသည်ဖြင့်၊
(စ) ထို့အပြင် ယခုလျှောက်ထားသည့်မြေကို တိုင်းတာသတ်မှတ်ခြင်း မပြုရသေးကြောင်းဝန်ခံချက်၊
အကယ်၍ အစိုးရက ထိုမြေကွက်ကို တိုင်းတာပြီးဖြစ်လျှင်၊ အစိုးရမြေပုံမှ ကူးယူထားသည့် မြေပုံကို ပူးတွဲတင်ပြရမည်။

 အဆောက်အဦးပုံစံ နှင့် တန်ဘိုးတွက်ချက်မှုများ၊ ထို့အပြင် အဆောက်အဦးဆောက်လုပ်မည့် နေရာကို ဖေါ်ပြသည့် မြေပုံ၊ တို့ကို ခရိုင်အုပ်ချုပ်ရေးမှူးက မြေငှားပေးအပ်ချထားရာတွင် အထူးစည်းကမ်းချက်များအဖြစ် ထည့်သွင်းရန် အလိုမရှိလျှင်၊ ပူးတွဲတင်ပြရန် မလိုပါ။”

 ယင်းသို့မြေငှားဂရန်လျှောက်ထားရာတွင် အဆောက်အဦးပုံစံ နှင့် ဆောက်လုပ်မည့် ပစ္စည်း ဖေါ်ပြချက်သည် လွန်စွာ အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် တာရှည်ခံသည့်အဆောက်အဦးဆောက်လုပ်ရန် ရည်ရွယ်ချက်ရှိသူကိုသာ နှစ် ၉၀ မြေငှားဂရန် ထုတ်ပေးမည်ဖြစ်ကြောင်း နည်းဥပဒေ ၇ ပါ အောက်ပါ ပြဌာန်းချက်ကို သတ်ပြုရန် လိုအပ်ပါသည်- 

“၇။ ခိုင်ခန့်၍ တာရှည်ခံသည့် အဆောက်အဦးကို ဆောက်လုပ်ရန် ရည်ရွယ်သည့် လျှောက်ထားသူအား မြေငှားပေးအပ်ချထားမှုသည် နှစ်ပေါင်း ၃၀ ထက် လျှော့နည်းသည့်ကာအတွက် သာမန်အားဖြင့် မြေငှားပေးအပ်ချထားခြင်း မပြုရ။ ယင်းသို့သော ကိစ္စရပ်များအားလုံးတွင် မူလပေးအပ်ချထားမှုသက်တမ်းကုန်ဆုံးသည့်နေ့၊ သို့မဟုတ် တည်ဆဲဖြစ်သော ဘဏ္ဍာတော်မင်းကြီး၏ အမိန့်နှင့်အကျုံးဝင်သောကိစ္စရပ်များ စတင်သည့်နေ့ တစ်ရပ်ရပ်မှ နှစ်ပေါင်း ၉၀ ကာလတိုင်အောင် မြေငှားပေးအပ်ချထားခြင်းကို သက်တမ်းတိုးမြင့် လဲလှယ်ခွင့် ရှိသည်။”

ဆိုလိုသည်မှာ ခိုင်ခန့်၍ တာရှည်ခံသည့် အဆောက်အဦး ကို ဆောက်လုပ်ရန် ရည်ရွယ် ဝန်ခံသူကိုသာ နှစ် ၃၀ လျှင် တစ်ကြိမ်ကျ နှစ် ၉၀ အထိ သက်တမ်းတိုးခွင့် ရှိသည့် မြေငှားဂရန် ထုတ်ပေးမည်ဖြစ်ပါသည်။

ဆက်လက်တင်ပြပါမည်

Credit : Maung Maung Nyunt

Rating

Like
Informative
Knowledgeable

Users' reviews

Add review
မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection