Accessibility Tools

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ငပုတောလမ်း ၊ ပုသိမ်စက်မှုမြို့တော်စီမံကိန်း၏မြေဧက ၂ဝဝ ကျော်ပေါ်တွင်အထည်ချုပ်စက်ရုံများအမြန်ဆုံးဆောက်လုပ်ရန်စီစဉ်နေပြီ ဖြစ်ကြောင်း ယင်းလုပ်ငန်းများကို လုပ်ဆောင်မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ CNQC အဖွ့ဲက သိရသည်။

 

 ယင်းစက်ရုံများမှာ ပုသိမ်စက်မှုမြို့တော်စီမံကိန်း၏ ပထမဆုံးဖြစ်လာမည့် စက်ရုံများ ဖြစ်ပြီး စက်ရုံတည်ဆောက်မည့် မြေနေရာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်က ပန္နက်ရိုက်ခြင်းအခမ်းအနားနှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲတို့ကို တစ်နေ့တည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

 ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပုသိမ်စက်မှုမြို့တော်စီမံကိန်းကို ဒေသခံများ အလုပ်အကိုင်ခွင့်အလမ်းများရရှိစေမည့် ရန်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ရင်းနှီးမြှုပ်နှံမည့် ပြည်ပနိုင်ငံအများအပြားလည်း စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

 

မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection