Accessibility Tools

0.00 ( 0 votes )

 

လိုင်စင်မြေ

အစိုးရမှစီမံချထားနိုင်သောမြေ(Land of the disposal of Government)များကို အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၁၆(ခ)အရ အခွန်တော်အရာရှိက ခေတ္တယာယီသဘော လိုင်စင်ထုတ်ပေးနိုင်ခွင့် ရှိပါသည်။ မြေငှားဂရန်တွင် ပစ္စည်းလွှဲပြောင်းပေးပိုင်ခွင့်သဘော ပါရှိပြီး လိုင်စင်တွင်မူ ပစ္စည်းလွှဲပြောင်းပေးပိုင်ခွင့် မရှိဘဲ ခေတ္တအသုံးပြုခွင့် သက်သက်မျှသာ ပေးထားခြင်း ဖြစ်ပါသည်။

 လိုင်စင်ထုတ်ပေးထားတဲ့မြေကို နှစ်တို၊ နှစ်ရှည် ဂရန်ရရှိရန် လျှောက်ထားတဲ့အခါ ၎င်းအား လိုင်စင်ရပြီးဖြစ်၍ မြေငှားစာချုပ် ထုတ်ပေးရမည်ဟု ဥပဒေပြဌာန်းချက် မရှိပါဘူး။ ဥပဒေက ပေးထားသော အခွင့်အရေးမျှကိုသာ လိုင်စင်သမားမှ ရရှိနိုင်ပြီး လိုင်စင်ပါ အခွင့်အရေးထက် ပို၍ တောင်းပိုင်ခွင့် မရှိပါ။

 

ပါမစ်မြေ

အစိုးရမှချထားပေးပိုင်ခွင့်ရှိသော Disposal Land ကို အသုံးပြုနိုင်မည့်အခွင့်အရေး Right of Land မှာ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ ပုဒ်မ- ၄(၇)၊ ပုဒ်မ- ၇(က)နဲ့ ပုဒ်မ- ၁၆(က)၊ (ခ)တို့အရ Grant၊ Lease၊ License ဟူ၍ (၃)မျိုးဖြင့်သာ သုံးစွဲခွင့် ရရှိနိုင်ပါသည်။ ဒါပေမဲ့ မြို.သစ်တွေအကွက်ရိုက်တဲ့အခါ ချပေးလေ့ရှိတဲ့ ပါမစ်မြေဆိုတာ ရှိပြန်သေးတယ်။ ပါမစ်မြေကို သိနားလည်ဖို. ခုခေတ်မှာ အရေးပါလာပါတယ်။ နဝတ တက်လာပြီး မြို.နယ်တိုင်းလိုလိုမှာ မြို.သစ်ရွာသစ်တွေ တည်ထောင်ကြတဲ့အခါ အကွက်ရိုက်ပြီး မြေပါမစ် ထုတ်ပေးကြတဲ့အတွက် မြို.သစ်မြေချပါမစ်တွေ တစ်ပြည်လုံးပလူပျံလာပါတယ်။

ပါမစ်ဆိုတာဟာ မြေနေရာချထားပေးသည့် အမိန့်သာဖြစ်ပြီး တရားဝင်မြေအသုံးပြုခွင့် အမိန့်၊ မြေပိုင်ဆိုင်ခွင့် အမိန့် မဟုတ်ပါဘူး။ မြို့မြေအတွင်း မြေပိုင်ဆိုင်ခွင့်၊ နေထိုင်ခွင့်နဲ့ပတ်သက်လို့ ၁၈၉၈ ခုနှစ် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ အခန်း- ၂၊ ပုဒ်မ- ၇၊ ပုဒ်မ- ၈ နဲ့ ပုဒ်မ- ၁၆ တို့အရ သတ်မှတ်ထားရာမှာ ပါမစ်ကို ဖော်ပြထားတာ မတွေ့ပါဘူး။

အစိုးရမြေကို အသုံးပြုနိုင်ဖို့က သတ်မှတ်ကာလတစ်ခုအတွက် မြေငှားရမ်းသုံးစွဲခွင့် ရရှိဖို့ ဂရန်စာချုပ် ချုပ်ဆိုငှားရမ်းရပါတယ်။ အစိုးရကိုယ်စား မြို့နှင့်ကျေးရွာမြေများအက်ဥပဒေပါ အမိန့်ကြော်ငြာစာများအရ ခန့်အပ်တာဝန်ပေးထားတဲ့ အခွန်တော်အရာရှိနဲ့ မြေအသုံးပြုမဲ့ ကာယကံရှင်အကြား လက်မှတ်ရေးထိုး ချုပ်ဆိုထားတဲ့ မြေငှားရမ်းသုံးစွဲခွင့် ဂရန်စာချုပ်၊ အငှားစာချပ် လိုအပ်ပါတယ်။

ပါမစ်ကျတော့ ဥပဒေမှာ မည်သူက မည်သို.ထုတ်ပေးရန်ဆိုတဲ့ ပြဌာန်းချက် မရှိတော့ကာ ကော်လိပ်တော်များက ဥပဒေကို ကျော်လွန်ပြီး လက်မှတ်ရေးထိုး ထုတ်ပေးလို.မရပါဘူး။ ဒါကြောင့် ပါမစ်ကို ကော်လိပ်တော်က ထုတ်ပေးလေ့မရှိဘဲ မြို.မြေချထားရေးကော်မတီကသာ ချထားပေးတာ သတိမူရမှာ ဖြစ်ပါတယ်။

ပါမစ်မြေဟာ ဂရန်အဆင့်မဟုတ်ပါဘူး။ ပါမစ်ရသူဟာ မြေကွက်မှာ နေထိုင်တယ်လို့ ချထားခံရသူသာဖြစ်ပြီး၊ အစိုးရမြေကို တရားဝင်သုံးစွဲခွင့် မရရှိသေးဟု ဆိုနိုင်ပါတယ်။

လိုင်စင်ကမှ မြေကို ခေတ္တအသုံးပြုခွင့် ၃ နှစ်လို့ ပါရှိသေးတာမို့ ပါမစ်ဟာ လိုင်စင်လောက်တောင် အာနိသင် မရှိပါဘူး။ ပါမစ်နဲ့ မြေချထားရာမှာ သတ်မှတ်ကာလအတွင်း ချထားမြေကွက်ကိုအဆောက်အဦ မဆောက်ရင် မြေချထားမှုကို ပြန်ဖျက်သိမ်းနိုင်ပါသည်။ မြေချထားခံရသူ၊ ပါမစ်ရရှိသူက မိမိအမည်နှင့် မြေကို တရားဝင်သုံးစွဲခွင့် ရလိုရင်ဖြင့် အငှားဂရန်၊ ဂရန်၊ ဒါမှမဟုတ် လိုင်စင်တစ်ခုခု ထပ်လျှောက်ရမှာ ဖြစ်ပါတယ်။

ပါမစ်နဲ့ ချထားမြေကွက်များကို အမွေဆက်ခံခွင့်၊ လွှဲပြောင်းပိုင်ခွင့် မရှိပါဘူး။ ပါမစ်မြေကို ရောင်းဝယ်လွှဲပြောင်းရာတွင် တရားဝင် စာချုပ်စာတမ်းတောင် လုပ်ခွင့် မပေးရပါဘူး။

 

Credit: Ko Zaw ( Nat Mauk)

Rating

Like
Informative
Knowledgeable

Users' reviews

Add review
မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection