Accessibility Tools

0.00 ( 0 votes )


ပုံစံ (၇) မရှိသည့်အကြောင်းရင်းများမှာ


(၁) ကိုယ်တိုင် ပုံစံ ၇ လျှောက်ထားမှု မရှိခဲ့ခြင်း၊
(၂) လျှောက်ထားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မရရှိခဲ့ခြင်း၊


(၃) လယ်ယာမြေကို အခြားနည်းအသုံးပြုထားပြီးဖြစ်၍ ပုံစံ ၇ ထုတ်ပေး၍ မရခြင်း၊
(၄) ပုံစံ ၇ လျှောက်ထားသော မြေသည် လယ်ယာမြေဟူသော စကားရပ်တွင် အကျုံးမဝင်ခြင်း၊ လယ်ယာမြေ မဟုတ်သော မြေလွတ်၊ မြေရိုင်း (သို့) အခြားမြေများ ဖြစ်ခြင်း၊
(၅) နှစ်ပရိစ္ဆေဒကြာမြင့်စွာ လုပ်ကိုင် နေသော်လည်း မူလက စားကျက်မြေ (သို့) သစ်တောမြေတွင် စိုက်ပျိုးခြင်းဖြစ်၍ စားကျက်မြေ၊ သစ်တောမြေအဖြစ်မှ မပယ်ဖျက်ရသေးခြင်း၊
(၆) ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့သို့ ပုံစံ ၇ အပြိုင် လျှောက်ထားစဉ်က အပယ်ခံရသူဖြစ်ခြင်း၊
(၇) ပုံစံ ၇ ရရှိထားသူနှင့် မြေယာမှုခင်းဖြစ်ပွားရာတွင် တိုင်းဒေသကြီး၊ ပြည်နယ်
လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့၏ နောက်ဆုံး ဆုံးဖြတ်ချက်အရ အမှုရှုံးနိမ့်ခြင်း။


အထက်ပါ အကြောင်းများကြောင့် ပုံစံ (၇) မရရှိသူသည် လယ်ယာမြေ လုပ်ပိုင်ခွင့်မရဘဲ အသုံးပြုနေသူ (လယ်ယာမြေကို အခွင့်မရဘဲ အသုံးချနေသူ) ဖြစ်သွားသဖြင့် လယ်ယာမြေကို ကျူးကျော် လုပ်ကိုင်သူများ ဖြစ်ပါသည်။ လယ်ယာမြေကို ကျူးကျော် လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး နှစ်နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ် ၁၀ သိန်းအထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု လယ်ယာမြေ ဥပဒေ ပုဒ်မ- ၃၇ (က) တွင်ပြဋ္ဌာန်းထားပါသည်။


လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိရန် လယ်ယာမြေဥပဒေအရ ပုံစံ (၇) လျှောက်ထား ရယူရန် လိုအပ်ပါသည်။ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ ၇) ရရှိထားသူသည် လယ်ယာမြေကို ရောင်းဝယ်ခြင်း၊ ပေါင်နှံခြင်း၊ အမွေပေးခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း စသည့်အခွင့်အရေးများကို ရရှိသလို လယ်ယာမြေကို စိုက်ပျိုးမှုမှအပ အခြားနည်းသုံးစွဲခြင်း၊ အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးခြင်းများ ပြုလုပ်ရန် တရားဝင်ခွင့်ပြုမိန့်များ လျှောက်ထား ဆောင်ရွက်နိုင်ပါသည်။ ပုံစံ (၇) မရှိသူများသည် အဆိုပါ အခွင့်အရေးများကို လုံးဝမရရှိသည့်အပြင် လယ်ယာမြေကို အခွင့်မရဘဲ ကျူးကျော်လုပ်ကိုင်သူအဖြစ် ပြစ်မှုထင်ရှားစီရင်ခြင်းကို ခံရဦးမည်ဖြစ်ပါသည်။

ပုံစံ(၇) မရခဲ့လျှင်၊ မရှိခဲ့လျှင် ကျူးကျော်သူဖြစ်သွားပါသည်။ မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်သည် နိုင်ငံတော်ဖြစ်သည့်အတွက် နိုင်ငံပိုင်မြေကို ကျူးကျော်လုပ်ကိုင်သူ ဖြစ်နေပါသည်။ လယ်ယာမြေ ကျူးကျော်လုပ်ကိုင်သူကို လယ်ယာမြေဥပဒေ ပုဒ်မ ၃၇ နှင့် ၃၇(က) တို့အရ ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်ဟု လယ်ယာမြေဥပဒေ ပုဒ်မ ၄၀ တွင် ဖော်ပြထားပါသည်။

ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုဆိုသည်မှာ ပြစ်မှုတစ်ရပ် ကျူးလွန်ကြောင်း သတင်းပေးချက်ရရှိလျှင် ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှူးတစ်ဦးက ကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏ ညွှန်ကြားချက်အရဖြစ်စေ စာဖြင့်ရေးမှတ်ပြီး အမှုဖွင့်ရမည်ဖြစ်သည်။


ထို့ကြောင့် ပုံစံ (၇) မရှိသူသည် တစ်နည်းအားဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်မရှိသူသည် နိုင်ငံပိုင်လယ်ယာမြေမှာ ကျူးကျော်လုပ်ကိုင်သူများဖြစ်၍ လယ်ယာမြေဥပဒေအရ ပြစ်မှုကျူးလွန်သူများဖြစ်ကာ ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်၍ ရဲစခန်းကို မည်သူကဖြစ်စေ တိုင်ကြားလိုက်သည်နှင့် အမှုဖွင့် အရေးယူ ခံရမည်ဖြစ်ပါသည်။

Credit : Myo Min Htun

Rating

Like
Informative
Knowledgeable

Users' reviews

Add review
မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection