Accessibility Tools

0.00 ( 0 votes )

 

 

“မြေ”….အဆောက်အအုံ ဆိုတာ အရွယ်အစား အမျိုးမျိုး ရှိကြသည့် အတိုင်း မည်ကဲ့သို့သော အဆောက်အအုံကို ဆောက်လုပ်မည်ဖြစ်စေ အခြေခံ အကျဆုံး လိုအပ်ချက်ဖြစ်တဲ့ မြေကွက်လပ် ရှိမှသာ ဆောက်လုပ်လို့ ရနိုင်မည် မဟုတ်ပါလား၊

 ကိုယ်ပိုင် မြေကွက် ရှိပြီးသူများအဖို့ မိမိပိုင်ဆိုင်သော မြေကွက်ပေါ်တွင် အရှုပ်အရှင်း ကင်းစွာဖြင့် မိမိစိတ်တိုင်းကျ ဆောက်လုပ်နေထိုင်ခြင်း၊ လွပ်လပ်စွာ ရောင်းဝယ်ခြင်းများ လုပ်ဆောင်နိုင်သော်လည်း မြေကွက်ဝယ်ယူ၍ ဆောက်လုပ်နေထိုင်မည့်သူ ရင်းနှီးမြှုပ်နှံမည့်သူများကတော့
စိတ်ချယုံကြည်မှု ရှိစေရန်အတွက် ပိုင်ဆိုင်မှု ခိုင်မာရန် လုပ်သက်ရင့် ရှေ့နေများ၊ အကျိုးဆောင်များဖြင့် စနစ်တကျ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ထိုကဲ့သို့ မြေ အရောင်း အဝယ် များပြုလုပ်ရန်အတွက် စာချုပ် ချုပ်ဆိုပုံ အဆင့်ဆင့်လေးတွေကို ပြန်လည် မျှဝေလိုက်ရပါတယ်..

မိမိဝယ်ယူလိုသော မြေကွက်ကို မဝယ်သေး မီ ပထမဆုံးအနေနဲ့ အမည်ပေါက်ဟုတ် / မဟုတ် ကိုလည်းကောင်း၊ အရှုပ် အရှင်း ရှိ/မရှိ နှင့် မြေပုံ ရာဇဝင် စစ် / မစစ် တို့ကိုလည်းကောင်းသေချာစွာစစ်ဆေးရန် လိုအပ်ပါတယ်။

အဆိုပါ အချက်များအားလုံးစစ်ဆေးပြီးသောအခါတွင် အောက်ဖော်ပြပါ အချက်များကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၁။ စရံစာချုပ်ချုပ်ဆိုရန် (စရံစာချုပ်ကို ကတိစာချုပ် ဟုလည်း ခေါ်ပါသည်။)

၂။ ဖော်ပြပါ မြေကွက် အရောင်းအဝယ်ပြုလုပ်ခြင်းအား ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ပါကြောင်း
သတင်းစာကြော်ငြာထည့်ရန်။

၃။ ကြောငြာပါသည့်နေ့မှစ၍ (၁၄) ရက် အထိ စောင့်ကြည့်ရန်။

၄။ ကြော်ငြာပါသည့်ရက်မှ (၁၄) ရက်အတွင်း ကန့်ကွက်မည့်သူမရှိပါက နောက်တစ်ရက်တွင် ငွေ ပေး ချေရန်။ (ကန့်ကွက်မှု တစ်စုံတစ်ရာရှိခဲ့လျှင် အရောင်းအဝယ်လုပ်ငန်း ဆက်လက်ဆောင်ရွက်လို့
မရနိုင်သောကြောင့် ကန့်ကွက်သူများနှင့် အဆင်ပြေအောင် ညှိနှိုင်းခြင်းကို အိမ်ရှင်ဘက် မှ ဆောင်ရွက်ရမည်ဖြစ်ပြီး ဆက်လက်ဆောင်ရွက်မည့် အရောင်းအဝယ်လုပ်ငန်းတွင်လည်း ဖော်ပြပါ ကန့်ကွက်ခဲ့သူများပါ လက်မှတ် ရေးထိုးရမည်ဖြစ်သည်။)

၅။ လျော့ချုပ်တစ်စောင်ချုပ်ရန် (အမည်ပေါက်လုပ်ရန် လျော့ချုပ်တစ်စောင်ချုပ်ရသည်။)

၆။ ပိုင်ရှင်အနေဖြင့် ဝယ်ယူသူဘက်မှ အရောင်းမြေပုံ မေးလာလျှင် ထုတ်ပြနိုင်ရန်။ (အရောင်းမြေပုံ မရှိပါက ပိုင်ရှင်အမည်၊ မြေတိုင်း / မြေကွက် အမှတ်၊ မှတ်ပုံတင်မူရင်း၊ စရံ စာချုပ်မိတ္တူများယူဆောင်၍ အိုးအိမ် / စည်ပင်ရုံးတွင် ပိုင်ရှင်ကိုယ်တိုင် သွားရောက်ထုတ်ပေးရပါမည်။)

၇။ ရောင်းချသည့် အိမ်၏တန်ဖိုး အား ရာဖြတ်အဖွဲ့မှ ဖြတ်ထားသည့် တန်ဖိုး အတိုင်းအခွန်ဆောင်ရန်။ (အဆိုပါ အခွန်အား ရာပြတ်ဌာနကို ပေးဆောင်ရမည်ဖြစ်ပါသည်။)

၈။ ငွေအကျေချေ သည့်အချိန်တွင် မှတ်ပုံတင်ရုံး၌ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန်။

၉။ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး ပစ္စည်းလွှဲပြောင်းယူရန် အတွက် ဝယ်ယူထားသော အိမ်နှင့်ပတ်သက်သည့်စာရွက်စာတမ်းချုပ်ဆိုထားသော မှတ်ပုံတင်စာချုပ်၊ (အခွန်ဆောင်ပြီး) အရောင်းအဝယ်စာချုပ်၊ ဂရံ စာချုပ်၊ မှတ်ပုံတင်မူရင်းနှင့် မြေပုံများယူဆောင်၍အိုးအိမ် (သို့မဟုတ်) စည်ပင် ရုံး တွင် အမည်ပြောင်းရန်။ (အမည်ပြောင်းသည့်အခါတွင် လက်ရှိ အရောင်းအဝယ်ပြုလုပ်လျှက်ရှိသော အိမ်၊ မြေ ၏ အစ မှ အဆုံး ထိ အရောင်းအဝယ်ပြုလုပ်ထားသူများနှင့် အဆင့်ဆင့် စာချုပ်စာတမ်း အစုံအလင်ဖြင့် သွား၍လုပ်ဆောင်ရမည်ဖြစ်ပါသည်။)

 

Credit : Myanmar Property News (MPN)

Rating

Like
Informative
Knowledgeable

Users' reviews

Add review
မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection