Accessibility Tools

0.00 ( 0 votes )

 

ဆရာရေ ဒီကနေ ဒေါပုံမြို့နယ်မှာ တိုက်ခန်းတစ်ခန်းဝယ်ဖို့ သွားကြည့်ထားတယ်။ ( ၁၈ ပေx ၅၇ ပေ) ဆိုတော့ ဝယ်မယ့်သူကလည်း အရမ်းကြိုက်နေတယ်။နေရာကလည်း မဟာဗန္ဓုလတံတားဆင်းတာနဲ့ ဒေါပုံ ရောက်ပြီလေ။

 ရန်ကုန်မြို့ထဲ လာမယ်ဆိုရင်လည်း ဗန္ဓုလတံတားကျော်တာနဲ့ မြို့ထဲ ရောက်ပြီး။ဒါပေမဲ့ တိုက်ခန်းပိုင်ရှင်က ကွယ်လွန်သွားပြီး။မသေမီမှာ တူအရင်း ဦးပဉ္ဇင်းတစ်ပါးကို ရေစက်ချလှူခဲ့တာ။ ပိုင်ရှင်က အပျိုကြီးဘဝနဲ့ ကွယ်လွန်သွားတာလို့ ပြောတယ်။ အဲဒါ ရှေ့ပြေးအနေနဲ့ စာရွက်စာတမ်း စစ်ဆေးပေးဖို့ ဆရာတစ်ခါတည်း လိုက်ခဲ့ပေးပါ။အဆင်ပြေတယ်ဆိုရင် စရန်ငွေပေးမယ်။ စဉ်းစားရဦးမယ်ဆိုရင်လည်း ပြန်လာကြတာပေါ့ ”ဟု ဖုန်း ပြောလာသူကတော့ အိမ်ခြံမြေအကျိုးဆောင် အေးအေးချစ်ပါ ။

“ ဟုတ်ပြီလေ။ (၃)နာရီနောက်ပိုင်းဆိုရင် ဆရာ အားလပ်သွားပြီဆိုတော့ သွားကြည့်ကြတာပေါ့ ” ဟု ကျွနု်ပ်က ကတိပေးလိုက်ပါတယ်။ချိန်းထားတဲ့အချိန်မှာပဲ အေးအေးချစ်တို့ဇနီးမောင်နှံ ကားနဲ့ကျွန်ုပ်ရုံးရှေ့မှာ လာစောင့်နေကြတယ်။ ကျွနု်ပ်လည်း ရုံးအိတ်ဆွဲပြီး သူတို့နဲ့အတူ ဒေါပုံကို လိုက်သွားခဲ့ပါတယ်။ စာရွက်စာတမ်း ကြည့်ဖို့က ဘုန်းကြီးကျောင်းမှာလို့ ထင်ထားပေမယ့် တကယ်ချိန်တဲ့နေရာက ဒေါပုံတရားရုံးရှေ့က ရှေ့နေများ ရုံးရှေ့မှာ ဖြစ်နေတယ်။ 

ရောင်းမယ် ဦးပဉ္ဇင်းလည်း အရင်ရောက်နေတာကို တွေ့ရတယ်။ ရောင်းမယ့်တိုက်ခန်းနဲ့ သက်ဆိုင်တဲ့ ဂရန်စာချုပ်စာတမ်းတွေကိုကျတော့ ရှေ့နေက ထုတ်ပြတယ်။ ဦးပဉ္ဇင်းက ကပ္ပိယဒကာကို အပ်နှံထားတာလို့ သိလိုက်ရပါတယ်။ ပထမဆုံးထုတ်ပြတာကတော့ ဦးပဉ္ဇင်းကို မြေရှင်ဒကာမကြီးဟာ လှူဒါန်းထားတဲ့ စာချုပ် ဖြစ်ပါတယ်။ စာချုပ်ထဲမှာ ဖတ်ကြည့်ရတာကတော့ ဦးပဉ္ဖင်း လိုသလိုစီမံခန့်ခွဲနိုင်အောင် “ ပုဂ္ဂလိကဒါန ” လှူဒါန်းထားတာကို တွေ့ရတယ်။ “ သံဃိကဒါန ” လှူဒါန်းထားတဲ့ အထောက်အထားတွေ မတွေ့ရဘူးဆိုတော့ ဦးပဉ္ဖင်းက ရောင်းခွင့်ရှိတာကို တွေ့ရတယ်။ စာချုုပ်ကတော့ “ တိုက်ခန်းလှူဒါန်းခြင်းကတိစာချုပ် ”ဖြစ်ပါတယ်။ ရှေ့နေကပဲ ချုပ်ပေးထားတဲ့ စာချုပ်မျိုး ဖြစ်ပါတယ်။
နောက်ဆက်တွဲ သိထားရမယ့် ဆက်စပ်စာချုပ်များတိုက်ခန်းအရောင်းအဝယ် လုပ်တဲ့အခါ ဝယ်သူဘက်ကို တိုက်ခန်းလှူဒါန်းတဲ့ စာချုပ်တစ်ခုတည်းပြရုံနဲ့ မလုံလောက်ပါဘူး။ BCC လက်မှတ်မူရင်းကို မမြင်ဖူးကြသူများတယ်။ မိတ္တူပဲ ကိုင်ထားကြရတယ်။

 ဟုတ်ပြီး။ BCC လက်မှတ်ထုတ်ပြတာနဲ့ အဲဒီလူနေထိုင်ခွင့် လက်မှတ်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ အင်ဂျင်နီယာ ၊ အဆောက်အအုံဌာန (ယာ/အုံ)က ထုတ်ပေးတာ မှန်ရဲ့လားလို့ ကြည့်ရပြန်တယ်။ဘာကြောင့်လဲဆိုတော့ လူနေထိုင်ခွင့် လက်မှတ်(မူရင်း)ဆိုတာ တိုက်ဆောက်လုပ်တဲ့ မြေရှင်ကိုသာ ထုတ်ပေးတာလေ။ ကန်ထရိုက်နဲ့ မဆိုင်ဘူး။များသောအားဖြင့်တော့ ကန်ထရိုက်တာတွေက လုပ်ငန်းချောမွေ့စေရန် မြေရှင်ဆီက (Special Power သို့မဟုတ် General Power ) တစ်ခုခုယူထားပြီး တိုက်ဆောက်ကြတယ်။ဒါကြောင့် BCC လက်မှတ်မှာ ကြည့်လိုက်ရင် မြေရှင်ရဲ့ ကိုယ်စား ကန်ထရိုက်တာဆိုသူရဲ့ နာမည်ပါလာတတ်တယ်။ (မြေရှင်ကိုယ်တိုင် စည်ပင်မှာလိုက်မလုပ်နိုင်လို့ပါ။)

 

BCC လူနေထိုင်ခွင့်လက်မှတ်စာရွက်က သာမာန်ကြည့်ရင်တော့ ဘာမှအရေးမပါလောက်ဘူးလို့ ထင်ရတယ်။ တကယ်တော့ အဲဒီစာရွက်ထဲမှာ မြေအမည်တွေ တစ်ခါတည်း ပူးတွဲဖော်ပြထားတာကို တွေ့ရတယ်။ အဲဒီလို ကြည့်လိုက်တဲ့အခါမှာ မြေအမည်ပေါက် တစ်ဦးတည်း မဟုတ်ဘဲ (၂)ဦးအမည်ပေါက်ဖြစ်နေတာကို တွေ့ရတယ်။ ဒါဆိုရင် ဂရန်ပြပါဆိုပြီး တောင်းယူကြည့်ရတယ်။

 ဂရန်မှာ အမည်ပေါက်နှစ်ဦးရှိရင် အမည်ပေါက် (၂)ဦးနဲ့ ကန်ထရိုက်တာအပါအဝင် (၃)ဦးက အခန်းပေးအခန်းယူစာချုပ်ချူပ်ရတယ်လေ။ ဒါဆိုရင် မြေရှင်နဲ့ ကန်ထရိုက်တာ အခန်းပေးအခန်းယူ စာချုပ် မူရင်းကို တောင်းကြည့်တဲ့အခါ မြေရှင်တစ်ဦးတည်းနဲ့ ကန်ထရိုက်တာတို့ နှစ်ဦးသဘောတူစာချုပ် ချုပ်ထားတာကို တွေ့ရပြန်တယ်။ ဒါဆိုရင် ဂရန်မှာ (၂)ဦးအမည်ပေါက် ဖြစ်ပါလျက်နဲ့ ဘာဖြစ်လို့မြေရှင်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်မှာ မြေရှင်တစ်ဦးတည်း ဖြစ်နေရတာလဲ သိဖို့လိုနေပြန်တယ်။

မေးကြည့်တော့ အမည်ပေါက်တစ်ဦးက အပြီးရောင်းသွားလို့ အခုမြေရှင်ကပြန်ပြီး ဝယ်ထားတာလို့ ပြောပါတယ်။အဲဒီအရပ်ကတိ အရောင်းအဝယ်စာချုပ်ပြပါဆိုတော့ လောလောဆယ် ယူမလာခဲ့သေးဘူးလို့ သူ့ရှေ့နေက ပြောပါတယ်။ ပြီးတော့ မြေရှင်နဲ့ ကန်ထရိုက်တာတို့နှစ်ဦးသဘောတူစာချုပ်အရ မြေရှင်က အခန်း (၄) ခန်း ရရှိခဲ့ပေမယ့်လို့ မြေရှင်မသေမီက ဆေးကုသစရိတ်နဲ့ အလှူအတန်းလုပ်ခဲ့လို့ (၂)ခန်းကို ရောင်းပြီးထားပြီး။ အခု (၂)ခန်းပဲ ကျန်တော့တယ်။

အဲဒီ (၂)ခန်းစလုံး မြေရှင်မကွယ်လွန်မှီ ကလေးမှာ ဦးပဉ္ဖင်းကို လှူဒါန်းခဲ့တယ်။အခု ဦးပဉ္ဇင်းရောင်းမယ့် အခန်းကလည်းမြေရှင်ဒကာမကြီး ဆေးရုံတက်စဉ်ကုန်ကျခဲ့တဲ့ ချေးငွတွေပြန်ဆပ်ဖို့လို့ ဆိုပါတယ်။ တစ်ခန်းကို ရောင်းပြီး တစ်ခန်းကို ချန်ထားမယ်သဘောပါပဲ။ 

ဒါတွေအားလုံး ဆက်စပ်ကြည့်လိုက်ရင် အခုဝယ်ယူရမယ့်အခန်းက ဘုန်းကြီးကို ရေစက်ချလှူဒါန်းထားတဲ့ အခန်း (၂) ခန်းအနက် တစ်ခန်းကို ဝယ်ယူရမှာဖြစ်တယ်။ မြေအမည်ပေါက် (၂)ဦး ဖြစ်ပါလျက် တစ်ဦးတည်းနဲ့ ချုပ်ဆိုထားတယ်။ မြေရှင်နဲ့ တစ်ခြမ်းပေး တစ်ခြမ်းယူ စာချုပ်ချုပ်ဆိုထားတာ ဖြစ်တယ်။ BCC လူနေထိုင်ခွင့် လက်မှတ်လည်း ရထားပြီး ဖြစ်တာကို တွေ့ရတယ်။

ဝယ်မယ်ဆိုရင်လည်း ပုဂ္ဂလိကရေစက်ချလှူထားတဲ့ တိုက်ခန်းဖြစ်တဲ့အတွက် ဘုန်းကြီးထံ ပြန်ဝယ်လို့ ရပါတယ်။ အဲ့….တစ်ခုတော့ ရှိတာပေါ့။မြေရှင် (၂)ဦး နဲ့ စာချုပ်ရမှာကို တစ်ဦးတည်းနဲ့ ကန်ထရိုက်တာက စာချုပ်ထားတာကိုတော့ ပြဿနာဖြစ်ရင် မြေရှင်အချင်းချင်းပဲ ရှင်းပေါ့။ အဲဒီလို ရှိတဲ့အကြောင်း ဝယ်သူရောက်လာတဲ့အခါမှာ ရှင်းပြလိုက်တော့ စိတ်ညစ်သွားပုံရပါတယ်။ “ ကျွန်တော်စဉ်းစားပါရစေဦးဗျာ ” ဆိုလို့ ကျွန်တော်တို့လည်း စရန်ပေးစာချုပ် မချုပ်ဖြစ်ဘဲ ပြန်ခဲ့ရပါတော့တယ်။

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

Rating

Like
Informative
Knowledgeable

Users' reviews

Add review
မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection