Accessibility Tools

0.00 ( 0 votes )

 

မြေကွက်ပိုင်ရှင်တချို့က
ကိုယ်ပိုင်ဆိုင်တဲ့ ပါမစ်မြေကို ရောင်းချပြီး
နောက်ထပ်ဂရန်အသစ် ပြန်လျှောက်ကာ
နောက်ထပ်ဝယ်သူတွေကို ထပ်မံရောင်းချ တာမျိုးတွေ
ရှိနေတယ်လို့ သိရပါတယ်။

 “ပိုင်ရှင်တွေက လောဘတက်တာ၊ များသောအားဖြင့်
ပိုင်ရှင်ကိုယ်တိုင်ပဲလုပ်တာ၊ ပါမစ်ဝယ်ထားတဲ့လူက
ဒုက္ခရောက်တာပေါ့၊

 ပါမစ်က အရမ်းခိုင်မာမှုရှိတယ်၊ စာရွက်စာတမ်း ပြည့်ပြည့်စုံစုံနဲ့
အကုန် မှတ်ထားတာ၊
ဂရန်က နာမည်တောင်မပါ ဘဲ ထွက်ထားတာ”လို့
မြင့်မိုရ်အိမ်ခြံမြေ အကျိုးဆောင်မှ ဒေါ်သိင်္ဂီမာက ပြောပါတယ်။

 

* စာရွက်စာတမ်းသဘောအရ နိုင်ငံတော်အစိုးရက
ချလန်ပေးထားပြီးတော့မှ မြေချ ပါမစ်ထုတ်ပေးတာ ဖြစ်ပါတယ်။

 

* မြေချပါမစ်က သုံးစုံ ရှိပါတယ်။
* တစ်စုံကို ပိုင်ရှင်ကိုပေးပြီး ကျန်တဲ့ နှစ်စုံကိုတော့
သက်ဆိုင်ရာဌာနက သိမ်းထားပါတယ်။
* ပိုင်ရှင်ကိုပေးထားတဲ့ တစ်စုံမှာ
ပိုင်ရှင်ရဲ့ ဓာတ်ပုံ တစ်ပုံ၊
ဝန်ခံကတိပြုတဲ့စာရွက် သုံးရွက် ပါရှိရမှာ ဖြစ်ပါတယ်။
အဲဒါဆိုရင် ပါမစ်မြေကို အရောင်းအဝယ်ပြုလုပ်လို့ရပါတယ်။

 

* ဂရန်လျှောက် တော့မယ်ဆိုရင်တော့
ပိုင်ရှင်ဆီမှာရှိတဲ့ ပါမစ်စာရွက်စာတမ်း အပြည့်အစုံကို
ဌာနကို ပြန်အပ်ပြီးမှ ဂရန်လျှောက်ထားလို့ရမှာ ဖြစ်ပါတယ်။

 

“အမှန်ဆို နှစ်ခုဖြစ်လို့ မရဘူးလေ၊
တချို့က ပါမစ်ကို ပြန်အပ်ရမှာ မအပ်ဘဲနဲ့
တစ်ယောက်ယောက်ကို ရောင်းတယ်၊
ဒါမျိုးမဖြစ်အောင် မြေဝယ်တော့မယ်ဆိုရင် မြေစာရင်းရုံးမှာ
တရားဝင်စစ်လို့ရတယ်၊
ဒါဆိုရင် ပါမစ်စစ်လား မစစ်လား၊
ဂရန် လျှောက်ထားလား မထားလား
တရားဝင် စစ်ပြီးရင် ပြဿနာမရှိနိုင်ပါဘူး”လို့ အိမ်ခြံမြေအကျိုး ဆောင်မှ
ဦးအောင်မိုးကျော်က ပြောပါတယ်။

 

* တချို့မြေကွက်ပိုင်ရှင်တွေက သူတို့ အရင်ရောင်းထားပြီးသား
ပါမစ်မြေကွက်တွေကို နောက်လူကို ထပ်ရောင်းချင်တာ ကြောင့်
သူတို့ဆီမှာရှိနေသေးတဲ့ အထောက်အထားတချို့နဲ့
နိုင်ငံပိုင်သတင်း စာမှာ ကြော်ငြာတွေထည့်ပါတယ်။

 

* မြေကွက်ကို ပိုင်ဆိုင်ထားတဲ့ လက်ရှိပိုင်ရှင် က
အဲသည် ၎င်းကြော်ငြာစာကို မတွေ့ခဲ့ရင် ဂရန်ရသွားနိုင်ပြီး
* အဲသည်အခါမှာ ဝယ်ယူထားတဲ့မြေကွက်နဲ့ ပတ်သက်ပြီး
အရှုပ် အရှင်းတွေ ဖြစ်လာနိုင်ပါတယ်။

 

“ဒီလိုတွေ မဖြစ်အောင် ပါမစ်နဲ့ ဝယ်ထားတဲ့ စာချုပ်၊
ပါမစ်က အတုလုပ်လို့ရ တာကြောင့်
- ပါမစ်မူရင်း ဟုတ် မဟုတ်၊
- အရောင်းအဝယ်စာချုပ် စစ် မစစ်ဆိုတာကို သက်ဆိုင်ရာဌာနမှာ
သွားစစ်ရပါမယ်၊

 

တချို့ကတော့ မြေကိစ္စကို နားမလည်ကြတာပေါ့၊
အရပ်ပွဲစားတွေကလဲ နားမလည်တော့
ပါမစ်အစစ်မှန်း အတုမှန်း မသိရာက ဖြစ်လာကြတာ”လို့
ကောင်းကောင်း (၂) အိမ်ခြံမြေအကျိုးဆောင်မှ
ဦးအောင်မိုးကျော်က ပြောပါတယ်။
ဒါကြောင့် မြေကွက်ဝယ်ယူတဲ့အခါ
* ပါမစ်မြေလား၊ ဂရန်မြေလားဆိုတာကို သေချာသိဖို့လိုအပ်သလို
စရန်မရိုက်ခင် ရုံးမှာ သွားစစ်သင့်ပါတယ်။
* မှန်တယ်ဆိုမှ စရန်ရိုက်ရမှာဖြစ်ပြီး
နာမည်ပေါက် သေချာပြီဆိုရင်တော့
ငွေအကျေ ချေသင့် တယ်လို့ သိရပါတယ်။

Credit - Kumudra journal

Rating

Like
Informative
Knowledgeable

Users' reviews

Add review
မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection