Accessibility Tools

0.00 ( 0 votes )

land in Naypyidaw

 

ခွဲခြမ်းပြီး ရောင်းချတဲ့ မြေကွက်တွေနဲ. အကွက်သစ်ရိုက်ပြီး ရောင်းချတဲ့ မြေကွက်တွေ ဝယ်ယူထားတဲ့ သူတချို.မှာ ဂရန်အမည်(ခြံအမှတ်) လွဲမှားကြတာတွေရှိသလို အကွက်ကျယ်ဖြစ်ဖို. ပြန်ဝယ်ရာမှာလည်း ခြံတစ်ကွက်တည်း မရရှိတဲ့ ပြဿနာတွေ ဖြစ်ပေါ်နေတယ်လို. သိရပါတယ်။

 ဝယ်တုန်းကတော့ ဂရန်ကောစာချုပ်ကော အမှန်ပဲ၊ ကိုယ်တွေက အိမ်ပြန်ပြင်လို. ခြံခတ်တော့မှ စည်ပင်ကို မြေအကျယ်အဝန်းတိုင်းခိုင်းတော့မှ စည်ပင်ကို မြေအကျယ်အဝန်းတိုင်း ခိုင်းတော့မှ ကိုယ့်အိမ်က ဂရန်က ဘေးအိမ်နံပါတ်မှန်း သိရတယ်။ ဘေးအိမ်နဲ.က ခင်နေတော့ ဒီအတိုင်းပဲ အရောင်းအဝယ် စာချုပ်နဲ. အကုန်လုံးကို မူလဝယ်ထားတဲ့ ပိုင်ရှင်နဲ. ပြန်ရှင်းရတယ်’ လို. တောင်ဒဂုံ(၂၀)(က) ရပ်ကွက်မှာ ပေ၂၀ x ပေ ၆၀ အိမ်ဝယ်ယူတဲ့ မတင်အေးကြည်က သူ.အဖြစ်အပျက်ကို ရှင်းပြပါတယ်။

ရှင်းမရလို. ဖြိုရတယ်။
သည်လို ပြဿနာတွေ ဖြစ်ပေါ်ရတဲ့ မြေတွေကတော့ မြေပိုင်ရှင်တစ်ဦးတည်းက အိမ်ကို အစိုးရက ချပေးတဲ့ ပေ၄၀ xပေ၆၀၊ နှစ်ကွက်ခွဲပြီး (A)(B), (က)(ခ)ခွဲရောင်းတဲ့ အကွက်တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရက လယ်ကွင်းနဲ. မြို.သစ်တည်ဆောက်မှုတွေမှာ အကွက်အများကြီးကို နံပါတ် အစဉ်လိုက် တစ်ခါတည်း ဝယ်ယူထားပြီး တစ်ကွက်ချင်း ပြန်ရောင်းတဲ့အခါမှာလည်း မြေကွက် အမှတ်နဲ. ဂရန်ပေါက်မြေကွက်နံပါတ်လွှဲမှားနေတဲ့ ပြဿနာတွေ ရှိနေပါတယ်။

တချို.အကွက်သစ်ချတဲ့ မြေကွက်တွေမှာ အဆောက်အအုံ မှားယွင်းဆောက်လုပ်မိတဲ့ ပြဿနာတွေမှာတော့ တကယ်မြေပိုင်ရှင်က ငွေကြေးအဆမတန် တောင်းဆိုမှုကြောင့် တစ်တိုက်လုံး ဖြိုဖျက်ပေးလိုက်ရတဲ့ ပြဿနာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ သည်လို ပြဿနာနေတွေမှာ ပျဉ်ထောင်အိမ်ဆောက်လုပ်ထားသူတွေအတွက် အရွှေ.အပြောင်းက ပြဿနာမရှိပေမဲ့ တိုက်အိမ်ပတ်ကားဆောက်လုပ်သူတွေ အတွက်တော့ ဆုံးရှုံးနစ်နာမှုကြီးတယ်လို. သိရပါတယ်။

တချို.မြေပိုင်ရှင်တွေက တိုက်အိမ်ဆောက်ထားတဲ့ ဈေးလောက်ကို လိုချင်ကြတာ၊ အမှန်ဆို မြေကွက်ထက် အမြတ်ကို ကြည့်တော့ ညှိနှိုင်းမရလို. အဆုံးခံဖြိုတာတွေလဲရှိတယ်။ အမှန်ဆို ဘေးချင်းကပ်မြေကွက်ချင်းလဲလို. အဲဒီလောက်ကြီး မထိခိုက်ဘဲ အမြတ်ရှာကြတာ’ လို. အိမ်ခြံမြေ အကျိုးဆောင် ကိုသစ္စာက ပြောပါတယ်။

သည်လို မြေကွက်နေရာနဲ. အမည်ပေါက် နာမည်လွဲခဲ့တဲ့ ပြဿနာတွေဟာ အဆောက်အအုံဆောက်လုပ်တဲ့အခါ ပုံစံတင်မှုထက် ခြံစည်းရိုးခတ်ဖို. ဌာနက မြေလာတိုင်းတဲ့အခါမှ သိရှိကြတာ များတယ်လို. သိရတယ်။

ရောင်းပေမဲ့ ဝယ်ဖို.ခက်နေ
သည်လို(က)(ခ)ခွဲရောင်းတဲ့ မြေကွက်တွေမှာ အိမ်နံပါတ်ကွဲလွဲတာကြောင့် တစ်ခြံတည်း မြေကွက်ကျယ်လိုချင်တဲ့ ဝယ်လက်အနေနဲ. အခက်ကြုံရတဲ့ ပြဿနာတွေလည်း ရှိပါတယ်။

ကိုယ့်အိမ်နံပါတ်က ၃(က)ဝယ်ထားလို. ဘေးက ရောင်းတဲ့အိမ်ကို ဝယ်ချင်ပေမဲ့ ဘေးချင်းကပ်ကို သူက ၂(ခ) ဖြစ်လို. ဂရန် တစ်ခုတည်း လျှောက်ဖို.ခက်လို. မဝယ်ဖြစ်တာ၊ အစက ပေ၂၀ x ပေ ၆၀ ဖြစ်ပေမဲ့ ပေ ၄၀ x ပေ ၆၀ လိုချင်လို. ချဲ.ဝယ်တဲ့အခါ လိုချင်တာကို ဝယ်မရလို. ဈေးပိုပေးဝယ်ရတာ’ လို. တောင်ဒဂုံမြို.နယ် မှာနေတဲ့ ဒေါ်ရင်ရင်သန်းက ပြောပါတယ်။

တချို.မြေကွက်တွေမှာ ဘေးချင်းကပ်အိမ်တွေ ရောင်းဝယ်ကြပေမဲ့ နံပါတ်မတူညီတဲ့ ပြဿနာတွေကြောင့် သက်ဆိုင်ရာဌာနမှာ ဂရန်အမည်ပြောင်းလုပ်တဲ့အခါ နှစ်ခါပြန်အချိန်ကြာတာတွေ ဖြစ်ပေါ်ရပါတယ်။ ဒါကြောင့် ဂရန်မြေတစ်ခုတည်းကို (က)(ခ) ခွဲခြမ်းပြီး ရောင်းချတဲ့ အိမ်တွေကို ဝယ်ယူသူတွေ အနေနဲ. မိမိဝယ်ယူထားတဲ့ မြေစာရင်းကို သက်ဆိုင်ရာဌာနမှာ စစ်ဆေးရုံသာမက မြေကွက်ကိုပါ ကွင်းဆင်းတိုင်းတာပြီး အမည်နဲ. မြေကွက် မှန်မမှန် စစ်ဆေးသင့်တယ်လို. သိရပါတယ်။

သည်လို ပြဿနာတွေဟာ ခိုင်ခန်.ပြီး ရွှေ.ပြောင်းမရတဲ့ အဆောက်အအုံတွေ ဆောက်လုပ်မိပြီး အကွက်မှန်ကို ပြန်မလဲနိုင်ပါက ဆုံးရှုံးနစ်နာမှု ကြီးနိုင်ပါတယ်။ သည်လို ပြဿနာအများစုကတော့ မြေကွက်ကို ခွဲခြမ်းရောင်းချတဲ့ မြို.နယ်တွေနဲ. မြေကွက်အသစ်တွေကို အကွက်ရိုက်ကာ စတင်ပေးတဲ့ မြို.သစ်တွေမှာ အဖြစ်များတယ်လို. သိရပါတယ်။

Credit : The Kumudra

 

Rating

Like
Informative
Knowledgeable

Users' reviews

Add review
မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection