Accessibility Tools

0.00 ( 0 votes )

 

 

နှစ်ဦးသဘောတူ တိုက်ခန်းအရောင်းအဝယ် စရန်ငွေပေး ကတိစာချုပ်

၂၀၁…..ခုနှစ်၊ ………… လ၊ (…….) ရက်နေ.တွင် ရန်ကုန်မြို.၌ အောက်ပါအမည်ပါသူတို.သည် ဤ “နှစ်ဦးသဘောတူ တိုက်ခန်းအရောင်းအဝယ် စရန်ငွေပေး ကတိစာချုပ်” ကို ပြုလုပ်ချုပ်ဆိုကြသည်မှာ-

 

အပိုင်ရောင်းသူ ။     ။    အမည် ………………
                                 မှတ်ပုံတင် …………..
                                 နေရပ် ……………….

အပိုင်ဝယ်ယူသူ ။     ။  အမည် ……………..
                                မှတ်ပုံတင် ……………
                                နေရပ် ……………….

(အထက်အမည်ပါ ရောင်းသူနှင့် ဝယ်ယူသူဟုဆိုရာ၌ ထိုစကားရပ်၏ အဓိပ္ဗယ်တွင် ၎င်းတို. အသီးသီးကိုယ်တိုင် အပြင် ၎င်းတို.၏ အမွေဆက်ခံသူများ၊ တရားဝင်ကိုယ်စားလှယ်များနှင့် လွဲှပြောင်းခြင်းခံရသူအားလုံး ပါဝင်သည်ဟု မှတ်ယူကြပါသည်။)

၁။ အောက်အညွန်းဇယားတွင် အသေးစိတ် အကျယ်တဝင့် တိကျစွာဖော်ပြထားသည့်တိုက်ခန်းမှာ အထက်ပါ ရောင်းသူက တရားဝင်ပိုင်ဆိုင် အကျိုးခံစားလျက်ရှိပါသည်။

၂။ သို.ဖြစ်ရာ ဖော်ပြပါတိုက်ခန်းအား အထက်အမည်ပါ ရောင်းသူက ဥပဒေနှင့်အညီရောင်းချပိုင်ခွင့်ရှိပြီး အရှုပ်အရှင်း ကင်းရှင်းကြောင်း ဝန်ခံလျက် ကာလပေါက်ဈေး ငွေကျပ် …………/ (ကျပ် ………….တိတိ)ဖြင့် အပြီးအပိုင် လွှဲပြောင်းရောင်းလိုကြောင်း၊ ဝယ်ယူသူအား အဆိုပြုကမ်းလှမ်းရာ အထက်အမည်ပါ ဝယ်သူကလည်း ယင်းတန်ဖိုးဖြင့်ပင် အပြီးအပိုင်ဝယ်ယူရန် သဘောတူညီသည့်အလျောက် အရောင်းအဝယ်ပြုသည့် တိုက်ခန်းဖိုးငွေကို အောက်ပါအရစ်များအတိုင်း ပေးချေလက်ခံရန် သဘောတူပါသည်။ ဝယ်ယူသူဘက်မှ ပျက်ကွက်ပါက စရန်ငွေ အဆုံးရံှုးခံရန်နှင့် ရောင်းသူဘက်က ပျက်ကွက်ပါက ရယူထားသည့် စရန်ငွေ၏ (နှစ်ဆ) ကို ပြန်လည်ပေးလျော်ရန် နှစ်ဖက်သဘောတူပါသည်။ နိုင်ငံအရေးအခင်းများနှင့် သဘာဝဘေး အန္တရယ် ကျရောက်က ငွေပေးချေရန် နေရက်များကို နှစ်ဖက် ပြန်လည်ညှိနှိုင်းသတ်မှတ်ရန် သဘောတူပါသည်။

 

           (ပုံ)                                   (ပုံ)                            (ပုံ)                                                              (ပုံ)
(ရောင်းသူလက်မှတ်)         (ဝယ်သူလက်မှတ်)    (သက်သေ-၁လက်မှတ်)                                  (သက်သေ-၂လက်မှတ်)

 

နေ.စွဲ       ပေးချေသည့်အရစ်           ပေးချေသည့်ငွေ              ငွေပေးသူလက်မှတ်                       ငွေလက်ခံသူလက်မှတ်
(…..)          ပထမအရစ်                     …………                       …………(ဝယ်သူ)                     ……………. (ရောင်းသူ)
(…..)          ဒုတတိယအရစ်                ………….                      ………...                                 ……………
(…..)          တတိယအရစ်                  ………….                      ………….                                …………..

 

၃။ ရောင်းသူမှ ဝယ်ယူသူ၏ ပိုင်ဆိုင်မှု ခိုင်မာစေရန်အတွက် မြေရှင်အသိအမှတ်ပြု လက်မှတ်ရေးထိုးပေးရန်တာဝန်ယူပါသည်။ ၎င်းအပြင် တိုက်ခန်းနှင့်သက်ဆိုင်သည့် အခွန်အခအရပ်ရပ် ထမ်းဆောင်ထားပါမည်။

၄။ ရောင်းသူက ဝန်ခံပြောဆိုသည်မှာ အောက်ပါအညွှန်းဇယားပါ တိုက်ခန်းအား မိမိတစ်ဦးတည်း တရားဝင်ပိုင်ဆိုင်ပါကြောင်း၊ အရှုပ်အရှင်း ကင်းရှင်းပါကြောင်းနှင့် အခြားသူတစ်ဦးထံ၌ ပေါင်းနှံထားခြင်း၊ ရောင်းချထားခြင်း၊ ပေးကမ်းစွန်.လွှတ်ထားခြင်း၊ အာမခံတင်သွင်းထားခြင်း လုံးဝမရှိပါကြောင်း ဝန်ခံလျက် အကယ်၍ စရန်ပေးကာလအတွင်း ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ပြသနာတစ်စုံတစ်ရာ ပေါ်ပေါက်ပါက ရောင်းသူ၏ စရိတ်ငွေဖြင့် ပြေလည်သည်အထိ ဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ ထိုသို. ဖြေရှင်းပေးပါလျက် ပြေလည်မှုမရက ဝယ်ယူသူ နစ်နာမှုမရှိစေရန် စရန်ငွေအပြင် နစ်နာမှုအားလုံးကို ပြန်လည်၍ပေးလျော်ပါမည်ဟု သဘောတူညီ ဝန်ခံကတိပြုပါသည်။

အရောင်းအဝယ်ပြုလုပ်သည့် ပစ္စည်းစာရင်းဇယား

ရန်ကုန်မြို.၊ …………….. မြို.နယ်၊ ……………… ရပ်ကွက်၊ …………….. လမ်း၊ အမှတ် (……….) မြေကွက်ပေါ်ရှိ (………….)ထပ် အဆောက်အဦး၏ (………….) လွှာ (A2) ဧရိယာ (……….. ပေ x ……..ပေ) ရှိ ရေ၊ မီးစုံတိုက်ခန်းတစ်ခန်း အပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို. ဖြစ်ပါသည်။

၅။ အထက်စာချုပ်ပါ စကားရပ်များကို မိမိကိုယ်တိုင် သေချာစွာ ဖတ်ရှု၊ သိရှိ၊ နားလည်းသဘောပေါက်ကြပြီး အောက်ပါအသိသက်သေများ၏ ရှေ.တွင် လက်မှတ်ရေးထိုး ချုပ်ဆိုကြပါသည်။

(ဦး/ဒေါ် ……….)                          (ဦး/ဒေါ် ……….)
ရောင်းသူ                                      ဝယ်ယူသူ

အသိသက်သေများ

၁။ အမည် …………
မှတ်ပုံတင် …………
နေရပ် …………………..

၂။ အမည် …………………
မှတ်ပုံတင် …………………
နေရပ် …………………..

Mobile App Download ရယူရန်

Credit : U Myint Lwin ( Lawyer)

 

Rating

Like
Informative
Knowledgeable

Users' reviews

Add review
မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
LandHmawbi
3500 Lakhs
The Leaf Condo 4 Bedrooms
CondoHlaing
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
LandHmawbi
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection