Htantabin-industrial-zone

ရန်ကုန်တိုင်း ရှိ မြစ်သုံးခုအကြား တည်ရှိသော ထန်းတပင်မြို့နယ်တွင် အကောင်အထည်ဖော်မည့် စက်မှုဇုန် စီမံကိန်း မြေဧက ၂,၃၀၀ ကျော် စတင်တိုင်းတာခြင်းလုပ်ငန်းကို မေလ ၁၃ ရက်၌ စတင်သည်။

 

လှိုင်မြစ်၊ ဘောလယ်မြစ်နှင့် ပန်းလှိုင်မြစ်တို့အကြား ကုန်းမြေတွင် ဒေါ်လာ သန်း ၅၀၀ ခန့် ရင်း နှီးမြှုပ်နှံပြီး ထန်းတပင်စက်မှုမြို့တော် စီမံကိန်းကို ဟောင်ကောင်၊ တိုင်ပေမှ စီးပွားရေး လုပ်ငန်းရှင် များနှင့် ပူးပေါင်းအကောင်အ ထည်ဖော်မည်ဖြစ်သည်။

 စီမံကိန်းတည်နေရာပြမြေပုံ

‘‘မြေတိုင်းမှုကို စပြီးတော့ လုပ်တာပေါ့’’ ဟု ထန်းတပင်မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက ပြောသည်။ ထန်းတပင်မြို့နယ် ကို ရောက်ရှိပြီး ၂ နှစ်အတွင်း စတင်အကောင်အထည် ဖော်မည့် စက်မှုဥယျာဉ်စီမံကိန်းအတွက် အုပ်ချုပ်ရေးမှူးတစ်ဦးအနေဖြင့် ဝမ်းသာမိသည်ဟု ၎င်းကဆိုသည်။

မြို့တွင်းမှ ကားမောင်းချိန် ၂ နာရီအတွင်း ရောက်ရှိနိုင် သော ထန်းတပင်မြို့နယ်သည် ရန်ကုန်တိုင်း၌ ကိုကိုးကျွန်းမြို့နယ်ပြီးလျှင် ဖွံ့ဖြိုးမှုအနည်းဆုံး မြို့နယ်တစ်ခုဖြစ်သည်။
ရန်ကုန်တိုင်း ၏ အနောက်ပိုင်းအကျဆုံးမြို့နယ်တစ်ခုဖြစ် ပြီး ဧရာဝတီတိုင်းနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ထန်းတပင်မြို့နယ်တွင် နေထိုင်သူအများစုသည် လယ်ယာလုပ်ငန်းကိုသာအားထားလုပ်ကိုင်သည်။ 

တစ်နှစ်လျှင် တစ်ရာသီသာ စပါးစိုက်ပျိုးနိုင်ပြီး လယ်တစ်ဧကလျှင် ဝင်ငွေကျပ်နှစ်သိန်းမှ သုံးသိန်းသာရရှိသော ထန်းတပင်မြို့နယ်တွင် နေထိုင်သူ ၁ ဒသမ၃သိန်းကျော်အတွက် ယခုအကောင်အ ထည်ဖော်မည့် စက်မှုဥယျာဉ်စီမံကိန်းမှ အလုပ်အကိုင်များ ဖန်တီးပေးနိုင်မည်ဟု ဦးသန်းဇော်လင်း က မျှော်လင့်သည်။

မြေဧက တစ်သိန်းခွဲခန့် ကျယ်ပြန့်သော ထန်းတပင်မြို့နယ်တွင် လက်ရှိအချိန်အထိစက်မှုဇုန်များ၊ စက်မှုစီမံကိန်းများ မရှိသေးပေ။ ထန်းတပင်မြို့တွင်း မြင်ကွင်းများကလည်း နယ်မြို့ ငယ်လေးတစ်ခုကဲ့သို့ ထင်မြင်စရာရှိနေပြီး အထပ်မြင့်အဆောက်အအုံများ မြင်တွေ့ရခြင်းမရှိပေ။ 

‘‘ဖွံ့ဖြိုးမှုအတွက် ဒီစီမံကိန်း ကိုအရမ်းမျှော်နေမိတယ်။ အတော်လည်းကြိုးစား ညှိနှိုင်းခဲ့ရ တယ်’’ ဟု ထန်းတပင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး (၂) လွှတ် တော်ကိုယ်စားလှယ် ဦးဌေးမော် က ပြောသည်။

 ထန်းတပင်မြို့နယ် ဘောလယ်ကျွန်းပေါ်ရှိ လမုတန်းကြီးကွင်း၊ အပြင်ရေကျော်၊ အတွင်း ရေကျော် ကွင်းသုံးခုတွင် အကောင်အထည်ဖော်မည့် စက်မှုဇုန် စီမံကိန်းအတွက် လယ်သမား ၉၅ ရာခိုင်နှုန်းက အစိုးရကို လယ်မြေများပေးရန် သဘောတူကြောင်း ၎င်းကပြောသည်။ 

မိမိပိုင်ဆိုင်သော လယ်မြေ များကိုပေးပြီး စက်မှုဇုန်မြေ ၂၀ ရာခိုင်နှုန်း ပြန်လည်ရယူမည့် အစီအစဉ်ကို လယ်သမား ၂၂၁ ဦး က သဘောတူညီထားကြောင်းဦး ဌေးမော်က ရှင်းပြသည်။ အစိုးရ ကို လယ်မြေများပေးရန် ညှိနှိုင်းရမည့် လယ်သမားငါးဦးသာ ကျန်ရှိသည်ဟု ၎င်းကဆိုသည်။ ဒေသဖွံ့ဖြိုးမည့်အခြေအနေနှင့်ပတ်သက်ပြီး အဆိုပါလယ်သမားများကလည်း သဘောတူလာနိုင်မည် ဟု ဦးဌေးမော်မျှော်လင့်နေသည်။

ရန်ကုန်ပြင်ပ ၁၁ မြို့နယ် တွင် စက်မှုဇုန်များ အကောင်အထည်ဖော်ရန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မကြာခဏထုတ် ဖော်ပြောကြားသည်။ စီးပွားရေး မြို့တော်ဖြစ်သော ရန်ကုန်မြို့ တွင် ၃၃ မြို့နယ်နှင့် ဖွံ့ဖြိုးမှုတူညီ စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ရရှိစေရန်ရည်ရွယ်ဆောင်ရွက်လိုကြောင်း ရန်ကုန်ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၉ တွင် စီမံကိန်း ၁၉ ခု နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။
‘‘ရန်ကုန်ကို ဝိုင်းပတ်ထား တဲ့ မြို့နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု တူညီအောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပြီး နောက် ဦးဖြိုးမင်းသိန်းက ပြော ကြားသည်။ 

စီမံကိန်း ၁၉ ခု လက်မှတ် ရေးထိုးပွဲတွင် ပါဝင်သော ထန်း တပင် စက်မှုဇုန် စီမံကိန်းကို လှိုင် သာယာစက်မှုဇုန် (၅) တွင် ကုမ္ပ ဏီဖွင့်လှစ်ထားပြီး YANGON HTANTABIN TECHNOLOGY PARK CO.,LTD နှင့် တိုင်းအစိုးရ က ပူးပေါင်းအကောင်အထည် ဖော်ခြင်းဖြစ်သည်။

ကုမ္ပဏီ၏ စီမံကိန်း အဆို ပြုလွှာတွင် လူဦးရေ တစ်သိန်းခွဲ ကို အလုပ်အကိုင်ဖန်တီပေးနိုင် ပြီး အထည်ချုပ်၊ ဖိနပ်ချုပ်ထုတ် ကုန်လုပ်ငန်းများ၊ စက်မှုနည်း ပညာထောက်ပံ့ရေးဇုန်၊ လူနေ ထိုင်မည့် အိမ်ရာများ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဇုန် များ ပါဝင်သည်။

ထို့အပြင် ထန်းတပင်နှင့် မှော်ဘီမြို့နယ်ကို စည်းခြားထား သည့် ပန်းလှိုင်မြစ်ပေါ်တွင်လည်း တံတားတစ်စင်း တည်ဆောက်ရန် ပါဝင်သည်။ 

ရန်ကုန်တိုင်းတွင် စက်မှုဇုန် ၂၉ ဇုန်ရှိပြီး လက်ရှိ ထန်းတပင်စက်မှုဇုန် အကောင်အထည် ဖော် မည်ဆိုပါက စက်မှုဇုန် ၃၀ ရှိမည် ဖြစ်သည်။ ထန်းတပင်စက်မှုဇုန် သည် လက်ရှိ တိုင်းအစိုးရက ပထမဆုံး အကောင်အထည်ဖော် မည့်စက်မှုဇုန်ဖြစ်သည်။


Credit: 7Daydaily

မြောင်းတကာစက်မှုဇုန်အနီး
မြေကွက်မှော်ဘီ
280 Lakhs
မြေကွက်ရောင်းမည်
မြေကွက်မင်္ဂလာဒုံ
ရောင်းမည်
2500 Lakhs

 

No Internet Connection