လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှ ပုံစံ (၇) ဖျက်သိမ်းရတဲ့ အကြောင်းအရင်းများ...


၁။ စည်းကမ်းပျက်၍ လယ်ယာမြေလုပ်ပိုင်ခွင့် ပြန်လည်ရုပ်သိမ်းခံရသဖြင့် ဖျက်သိမ်းခြင်း

 


၂။ ခွင့်ပြုချက်မရှိပဲ လယ်ယာမြေကို နိုင်ငံခြားသား/ နိုင်ငံခြားသားပါဝင်သော အဖွဲ့အစည်းသို့ ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ ပေး ပြုလုပ်သဖြင့် အရေးယူခံရပြီး ဖျက်သိမ်းခြင်း


၃။ ပုံစံ (၇) ပါ အမည်၊ တည်နေရာ၊ ဧရိယာပြုပြင်ပြောင်းလဲရန် လိုအပ်ခြင်းကြောင့် ဖျက်သိမ်းခြင်း၊


၄။ လယ်ယာမြေ အခြားနည်း အသုံးပြုခွင့် လယ ၃၀ ခွင့်ပြုမိန့် ကျပြီး၍ ဖျက်သိမ်းခြင်း၊


၅။ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်း၊ ပေါင်၊ လဲ၊ ပေး၊ စွန့် ဆောင်ရွက်ပြီး ပြုပြင်ဆောင်ရွက်ရန်လိုအပ်၍ ဖျက်သိမ်းခြင်း၊


၆။ အမွေကြောင်းအရ သက်ဆိုင်ရာတရားရုံးမှ ဆုံးဖြတ်ပြီး၍ မူလပုံစံ(၇)ကို ဖျက်သိမ်းရန်လိုအပ်ပါက ဖျက်သိမ်းခြင်း


၇။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ ချမှတ်သော မူဝါဒ (၅၂)ချက်ပါ “ဥပဒေမဲ့သိမ်းဆည်းခဲ့ပြီး လုပ်ပိုင်ခွင့် အာဏာရှိသူများနှင့်ပူးပေါင်း၍ လ/န-၃၉၊ မြေစာရင်းပုံစံ(၁၀၅)၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) စသည်ဖြင့် ရယူထားခြင်းတို့ကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့တို့က ပယ်ဖျက်မိန့်ထုတ်ပြန်၍ သိမ်းဆည်းခံရသူ မူလတောင်သူလယ်သမားများထံသို့ ပြန်လည်စွန့်လွှတ် ပေးအပ်နိုင်ရေး ဆောင်ရွက်ရန်” မူဝါဒအရ စိစစ်ပြီး၍ ဖျက်သိမ်းခြင်း၊


၈။ အခြားသော လုပ်ငန်းလိုအပ်ချက်များအရ ဖျက်သိမ်းခြင်း
လယ်ယာမြေဥပဒေ ပုဒ်မ ၁၇ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ ပြဌာန်းချက်အရ ပုံစံ ၇ ကိုဖျက်သိမ်းဖို့ ​ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှာပဲ လုပ်ပိုင်ခွင့်ရှိပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၆ မှာလည်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကိုပဲ တာဝန်ပေးအပ်ထားပါတယ်။
ပုံစံ(၇) ဖျက်သိမ်းခြင်းကို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က အောက်ပါအတိုင်း လုပ်ဆောင်ကြဖို့ ညွှန်ကြားထားပါတယ်...


၁။ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဦးစွာစုံစမ်းစစ်ဆေးရန်။


၂။ ပုံစံ(၇) ဖျက်သိမ်းဖို့ လိုအပ်ရင် မူလထုတ်ပေးထားတဲ့ ပုံစံ(၇)မူရင်း၊ သက်သေခံမြေပုံတို့နဲ့အတူ လုပ်ငန်းစာတွဲဖွင့်လှစ်၍ ပုံစံ(၇) ဖျက်သိမ်းလိုသည့် အကြောင်းရင်းဖော်ပြပြီး သဘောထားမှတ်ချက်နဲ့အတူ စုံစမ်းစစ်ဆေးတွေ့ရှိချက်ကို ခရိုင်လယ်စီအဖွဲ့သို့ တင်ပြရန်၊


၃။ ခရိုင်လယ်စီအဖွဲ့က မြို့နယ်လယ်စီအဖွဲ့ရဲ့ တင်ပြမှုကို စိစစ်ပြီး ပုံစံ(၇)ဖျက်သိမ်းလိုတဲ့ အကြောင်းရင်းကိုဖော်ပြ၍ သဘောထားမှတ်ချက်နဲ့အတူ စစ်ဆေးတွေ့ရှိချက်ကို ပြည်နယ်တိုင်း လယ်စီအဖွဲ့သို့ တင်ပြရန်၊


၄။ ပြည်နယ်တိုင်း လယ်စီအဖွဲ့က ခရိုင်လယ်စီအဖွဲ့ရဲ့ တင်ပြမှုကို စိစစ်ပြီး ပုံစံ(၇) ဖျက်သိမ်းခြင်းဆောင်ရွက်ရန် ကျိုးကြောင်းခိုင်လုံမှုရှိကြောင်း သုံးသပ်တွေ့ရှိရင် အကြောင်းရင်းဖော်ပြပြီး သဘောထားမှတ်ချက်နဲ့အတူ ဗဟိုလယ်စီအဖွဲ့သို့ တင်ပြရန်၊


၅။ ဗဟိုလယ်စီအဖွဲ့က စိစစ်ပြီး ကျိုးကြောင်းခိုင်လုံမှုရှိကြောင်းတွေ့ရှိရင် သက်ဆိုင်ရာပြည်နယ်တိုင်း လယ်စီအဖွဲ့သို့ ပုံစံ(၇)ကို ဖျက်သိမ်းရန် ကျိုးကြောင်းဖော်ပြချက်နှင့်တကွ အကြောင်းကြားရန်၊ ကျိုးကြောင်းခိုင်လုံမှုမရှိကြောင်း စိစစ်တွေ့ရှိရင် ပုံစံ(၇) ဖျက်သိမ်းခြင်းမပြုကြောင်း ကျိုးကြောင်းဖော်ပြချက်နှင့်တကွ အကြောင်း ကြားရန်၊


၆။ ဗဟိုလယ်စီအဖွဲ့က ပုံစံ(၇) ဖျက်သိမ်းခြင်းကို ဆောင်ရွက်ရာမှာ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီမှ ချမှတ်တဲ့ မူဝါဒ(၁၀)ရပ်ပါ အမှတ်စဥ် (၁၀)နှင့် စပ်လျဉ်းသော ကိစ္စရပ်များဖြစ်ပါက သက်ဆိုင်ရာ ပြည်နယ်တိုင်း အစိုးရသို့ မိတ္တူပေးပို့ အကြောင်းကြားရန်။
ဒါကြောင့် ပုံစံ(၇)ကို ဖျက်သိမ်းခြင်းအတွက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က ဥပဒေ နည်းဥပ​ဒေ ညွှန်ကြာချက်များနဲ့အညီ ဆောင်ရွက်ရပါကြောင်း၊ ​ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင်သာ လုပ်ပိုင်ခွင့်ရှိပါကြောင်း တင်ပြလိုက်ပါတယ်။

Credit : Myo Min Htun

မြောင်းတကာစက်မှုဇုန်အနီး
မြေကွက်မှော်ဘီ
280 Lakhs
မြေကွက်ရောင်းမည်
မြေကွက်မင်္ဂလာဒုံ
ရောင်းမည်
2500 Lakhs

 

No Internet Connection