Power of Attorney in Myanmar

 

တစ်​နေ့ မိတ်​ဆွေတစ်​ယောက် ဖုန်းဆက်ပါတယ်
အ​ရောင်းအဝယ်မှတ်ပုံတင်စာချုပ် ချုပ်ဖို့အတွက်
​မြေငှားဂရန်မူရင်း ​အ​ရောင်းအဝယ်ပြုလုပ်ရန်​မြေပုံ​မြေရာဇဝင်မူရင်းနှင့်ဝယ်ယူခြင်းအတွက်အခွန်​ဆောင်ပြီး​သော်လည်းမှတ်ပုံတင်စာချုပ်ချုပ်ဆိုလို့မရ ဖြစ်နေပါသဖြင့် အကူးအညီပေး​စေလို​ကြောင်းဖုန်းဆက်ပါတယ်


ကျွန်​တော်မှ စာရွက်စာတမ်းမူရင်းများ ယူပြီးရုံးသို့လာခဲ့ပါရန်​ပြောလိုက်ပါတယ်.
ထိုမိတ်​ဆွေယူလာ​သောစာရွက်စာတမ်းများစစ်​ဆေးကြည့်​သောအခါ


၁- ​ မြေငှားဂရန်မူရင်း
၂- အ​ရောင်းအဝယ်စာချုပ်ချုပ်ရန်​မြေပုံမူရင်း
၃-​ မြေအမည်​ပေါက်မှလွှဲအပ်ထား​သော
အ​ထွေ​ထွေကိုယ်စားလှယ်လွှဲစာမူရင်း
၄- ဝယ်ယူခြင်းအတွက်အခွန်​ဆောင်ထားတံဆိပ်​ခေါင်း ခွန်နှင့် အမြတ်ခွန်ကင်းရှင်း​ကြောင်း​ထောက်ခံချက်မူရင်း
တို့အား​တွေ့ရပါတယ်


အ​ရောင်းအဝယ်ဖြစ်စဥ်အကျဥ်း
​ရောင်းသူနဲ့ဝယ်သူ​တွေက တစ်ရပ်ကွက်တည်း​နေအသိ​တွေပါ
​ရောင်းသူက ​​မြေအမည်​ပေါက်ပိုင်ရှင်ထံမှ အရပ်ကတိစာချုပ်ဖြင့် ဝယ်ယူထားသူထံမှ တစ်ဆင့်ဝယ်ထားပါတယ်
​ရောင်းသူကစာရွက်စာတမ်းနားမလည်သဖြင့် ရပ်ကွက်ထဲရှိစာရွက်စာတမ်းနားလည်သူပွဲစားအား အလုပ်အပ်ပါတယ်
၄င်းပြန်​ရောင်းတဲ့အခါ အဆင်​ပြေ​ပြေနဲ့ပြန်​ရောင်းနိုင်​အောင် ​ဆောင်ရွက်ခိုင်းပါတယ်.
ထိုသို့​ဆောင်ရွက်ရာတွင် ​မြေအမည်​ပေါက်ပိုင်ရှင်အားရှာ​ဖွေပြီး အ​ထွေ​ထွေကိုယ်စားလှယ်လွှဲစာလွှဲ​ပေးသည့်ကိစ္စပါအပ်နှံခဲ့ပါတယ်/ထိုပွဲစားမှာ ​မြေအမည်​ပေါက်ပိုင်ရှင်အားသိ​ကြောင်း
၄င်း​နေထိုင်ရာသို့သွားပြီး အ​ထွေ​ထွေကိုယ်စားလှယ်လွှဲစာရယူ​ပေးနိုင်​ကြောင်း ​မြေရှင်သို့​ပေးအပ်ရန်နှင့် ၄င်းရဲ့ဝန်​ဆောင်ခစုစု​ပေါင်း ၁၅ သိန်းကျမည်ဖြစ်​ကြောင်း​​​ပြောသဖြင့် ​ရောင်းချသူမှ ၁၅ သိန်း​ပေး ၍အလုပ်အပ်ခဲ့​ကြောင်းသိရပါတယ်


​နောက်တပတ်ခန့်အကြာတွင် ​ရောင်းချသူသို့ ​မြေအမည်​
ပေါက်ပိုင်ရှင်မှ ​ လွှဲအပ်ထား​သောအ​ထွေ​ထွေကိုယ်စားလှယ်လွှဲစာ မူရင်းအား အဆိုပါပွဲစားမှအပ်နှံခဲ့ပါတယ်[အဆိုပါအ​ထွေ​ထွေကိုယ်သားလှယ်လွှဲစာမှာ ​ရေစို​နေသဖြင့် နိုင်ငံ​တော်တံဆိပ်တုံးများနှင့် စာချုပ်ရုံးဌာနမှုးလက်မှတ်မှာ ပျက်ပြယ်( ထင်​ရောင်ထင်မှား ဖြစ်နေပါတယ်)နေပါတယ်]
ထိုပွဲစားမှ အ​ရောင်းအဝယ်ပြုလုပ်ရန် ​မြေပုံ​မြေရာဇဝင်အား ​နောက်တစ်လအကြာတွင် ​ရောင်ချသူထံ အပ်နှံခဲ့​​​ကြောင်းသိရပါတယ်။
ဝယ်ယူသူ ကျွန်​တော့်မိတ်​ဆွေမှ ရာဖြတ်တင် အခွန်​ဆောင်ပါတယ် - ထို့​နောက်ရန်ကုန်မြို့စာချုပ်စာတမ်းများ
မှတ်ပုံတင်ရုံးတွင် အ​ရောင်းအဝယ်မှတ်ပုံတင်စာချုပ်ချုပ်ရန်သွား​ရောက်ခဲ့ပါတယ်
စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင် ​မြေကွက်အားကန့်ကွက်ထားခြင်းရှိမရှိစစ်​ဆေးရပါတယ် ​မြေကွက်အားကန့်ကွက်ထားခြင်းမရှိပါ[ရောင်းချသူမှ
စာချုပ်ရုံး အပြင်တွင်​နေခဲ့ပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆိုသည့်အခါ ၄င်းအားဖုန်းဆက်​ခေါ်ရန် ဝယ်ယူသူသို့မှာကြားခဲ့ပါတယ်]
ပွဲစားလုပ်​ပေးထား​သောအ​ထွေ​ထွေကိုယ်စားလှယ်လွှဲစာအားကန့်ကွက်ထားခြင်းရှိမရှိစစ်​ဆေးရာ ရုံးလက်ခံမရှိဖြစ်​နေပါတယ်၊ စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးမှ ​ရောင်ချသူအားခေါ်ခိုင်းရာ ကျွန်​​​တော့်မိတ်​ဆွေဝယ်ယူသူမှ ​ရောင်းသူအားဖုန်းဆက်​ခေါ်​​သောအခါ စာချုပ်ရုံးသို့လာ​ရောက်ခြင်းမရှိ
​​ရှောင်တိမ်းသွားပါတယ်ထို​ကြောင့် မှတ်ပုံတင်စာချုပ်ချုပ်ဆို၍မရဖြစ်​နေသဖြင့်ကျွန်​တော့်ထံ​ရောက်လာခြင်းဖြစ်ပါတယ်
ကျွန်​တော်မှ ​အဆိုပါအ​ထွေ​ထွေကိုယ်စားလှယ်လွှဲစာအားစစ်​ဆေးကြည့်​သောအခါ အတုဖြစ်​နေပါတယ်.
နိုင်ငံ​တော်တံဆိပ်တုံးများ မထင်ရှားခြင်း စာချုပ်ရုံးရဲ့ဌာနမှူးလက်မှတ်မတူခြင်းများ​တွေ့ရပါတယ်
စာရွက်စာတမ်းများ အားလုံးအစစ်
အ​ထွေ​ထွေကိုယ်စားလှယ်လွှဲစာတစ်ခုတည်းအတု
မှတ်ပုံတင်စာချုပ်ချုပ်မရ ​မြေအမည်​ပြောင်းမရ
မည်သူ့ကိုအပြစ်တင်ရမလဲ
သာမာန်ပြည်သူအ​နေဖြင့် စာရွက်စာတမ်းများအတု အစစ်မခွဲနိုင်ပါ ​မြေနှင့်အိမ်အားအလွတ်လက်​ရောက်ရပါတယ်
​မြေဂရန်မူရင်းအစစ်ရပါတယ် ​မြေပုံမူရင်း အစစ်ရပါတယ်
ထို့​ကြောင့်အထူးကိုယ်စားလှယ်လွှဲစားလှယ်စာမှာအတုဖြစ်မည်လို့မည်သူထင်မလဲ
အထူးကိုယ်စားလှယ်လွှဲစာအတု နှစ်မျိုးရှိပါတယ်


၁-​ မြေအမည်​ပေါက်ပိုင်ရှင် အ​ယောင်​ဆောင်ပြီး စာချုပ်စာတမ်းများ မှတ်ပုံတင်ရုံးတွင် လူစားလဲ၍ ကိုယ်စားလှယ်လွှဲစာလွှဲခြင်း[အဆိုကိစ္စမှာ မလွယ်ကူပါ ဥပမာ ​မြေအမည်​ပေါက်ပိုင်ရှင် ​ဦးဖြူ ဆိုပါစို့ ဦးဖြူကိုင်​ဆောင်ခဲ့​သော မှတ်ပုံတင်နံပါတ်ပါကဒ်တွင်မိမိဓါတ်ပုံကပ်၍ဦးဖြူ ဟန်​ဆောင်၍မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာလွှဲခြင်း -စာချုပ်ရုံးမှ အရာရှိများသည် မှတ်ပုံတင်အစစ်များ အားအမြဲကိုင်​ဆောင်ရသဖြင့် အတု ကိုင်​​ဆောင်လာပါက ချက်ချင်းသိကာ ​ထောင်ကျသည်ထိအ​ရေးယူ​ဆောင်ရွတ်ပါတယ်]


၂- ​မြေအမည်​ပေါက်ပိုင်ရှင်ကိုင်​ဆောင်ခဲ့​သော မှတ်ပုံတင်ဖြင့် အ​ထွေ​ထွေကိုယ်စားလှယ်လွှဲစာအား အတုလုပ်သူထံအပ်နှံပါတယ်[စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင်ရုံးလက်ခံမရှိပါ] နိုင်ငံ​တော်တံဆိပ်တုံးအတု စာချုပ်ရုံးရဲ့ ဌာနမှူးလက်မှတ်အတု အတုများ ​ဆောင်ရွက်ပါတယ်[​အဆိုပါနည်းမှာမြေအမည်​ပေါက်ပိုင်ရှင် ကွယ်လွန်သည့်အခါ အခန်း​ပေးအခန်းယူစနစ်ဖြင့် ကန်ထရိုက်တာနှင့်​မြေရှင်တို့ အလွယ်နည်းဖြင့်အ​ဆောက်အဦး​ဆောက်လုပ်ရန် ကိစ္စအတွက် ​ဆောင်ရွက်​သောနည်းဖြစ်ပါတယ် ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေးကော်မတီမှ သိရှိပါက တရားစွဲဆိုအ​ရေးယူပါတယ်
အဆိုပါ ​ရောင်းချသူရဲ့ ပွဲစားမှ ဒုတိယနည်းအသုံးပြုခဲ့ဟန်တူပါတယ် ကျွန်​တော်မှ ​ရောင်းချသူအား ကျွန်​တော့်မိတ်​ဆွေဝယ်ယူသူအမည်​ပေါက်​ဆောင်ရွက်ရန် မည်ကဲ့သို့ လုပ်​ပေးရန်နှင့် အမည်​ပေါက်မရှိပါက တရားစွဲဆိုအ​ရေးယူသွားမည်ဖြစ်​ကြောင်း​နို့တစ်စာ​ပေးပို့ရာ၊​ရောင်းချသူမှ တာဝန်ယူ​ဆောင်ရွက်​ပေးရန်ကတိပြုသဖြင့်​ပြေလည်ခဲ့ပါသည်။


ထို့​ကြောင့် မိတ်​ဆွေများအ​နေဖြင့် အိမ်ခြံ​မြေ များဝယ်ယူသည့်အခါ ကျွမ်းကျင်သူ ​​ရှေ့​နေ များဖြင့်သာ ဝယ်ယူကြပါရန် အသိ​ပေးအပ်ပါသည်။


​လေးစားစွာဖြင့်
Credit : UTZ LawFirm[UTO]

မြောင်းတကာစက်မှုဇုန်အနီး
မြေကွက်မှော်ဘီ
280 Lakhs
မြေကွက်ရောင်းမည်
မြေကွက်မင်္ဂလာဒုံ
ရောင်းမည်
2500 Lakhs

 

No Internet Connection