အိမ်ခြံမြေဈေး ကွက်အတွင်းမှာ မြေ၊ တိုက်ခန်းရောင်းဝယ်မှုတွေမှာ ရောင်းမှား ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက် စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ အိမ်ခြံမြေ၊တိုက်ခန်း ဝယ်ယူမယ်ဆို ရင် အိမ်ခြံမြေ၊ တိုက်ခန်းအမျိုးအစား အ လိုက် လိုအပ်တဲ့ စာရွက်စာတမ်းတွေက အပြည့်အဝ မတူညီနိုင်ပါဘူး။

 ဒါကြောင့် အိမ်ခြံမြေ၊ တိုက်ခန်း ဝယ်ယူတဲ့အခါ ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကို တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ ဒါကြောင့် အိမ်ခြံမြေဝယ်ယူသူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို သိရှိထားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

"ဂရန်မြေ"
----------

- ဂရန်မြေဝယ်မယ်ဆိုရင် ဂရန်အမည် ပေါက် "မှန် မမှန်၊ စစ် မစစ်" ကို သက်ဆိုင်ရာ ရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဂရန်မြေနဲ့ ပတ်သက်လို့ စစ်ဆေးရမယ့် စာရွက်စာ တမ်းက နည်းပါတယ်။ ဂရန်အမည်ပေါက် မှန် မမှန်ကိုသာ ရုံးမှာ သွားရောက် စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်။

"ပါမစ်မြေ"
-----------

ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေ အမျိုးအစား ဖြစ်ပါတယ်။ ပါမစ်မြေကို ဝယ်ယူမယ် ဆိုရင် ချ ထားပေးတဲ့ပါမစ် မှန် မမှန်၊ အဆို ပါ ပါမစ်ကို အင်ထရီပြင်ထားဖို့ လိုအပ်ပါ တယ်။ အင်ထရီဆိုတာက မြေနေရာ အ ကွက် ချ ပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကို ပြန် လည် စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ် ဖြစ်ပါတယ်။ အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့် တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ် ပြီးဖြစ်ကြောင်း ပါရှိရမှာ ဖြစ်ပါတယ်။

အင် ထရီ မဝင်ရသေးတဲ့ မြေကွက်တွေက ဈေး ကွက်အတွင်းမှာ ဈေးနှုန်းကွဲလွဲမှုရှိတယ် လို့ သိရတယ်။ “ဈေးနှုန်းမကွာဘူးဆိုရင်တောင် ရာ တန်အကွက်တွေမှာ ဈေး ငါးသိန်း၊ ၁၀ သိန်း ကွာတယ်၊ ထောင်တန် အကွက်တွေမှာဆိုရင် အင်ထရီမဝင်ရသေးလို့ ပွဲပျက် တာတွေတောင် ရှိတယ်”လို့ မြန်မာ့ရတနာ မြေ အိမ်ခြံမြေအကျိုးဆောင်မှ အမ်ဒီ ကို ဝင်းနိုင်ဦးက ဆိုပါတယ်။ ပါမစ်မြေမှာ စာရွက်စာတမ်းလည်း မှန်ကန်မှုရှိပြီး အင်ထရီလည်း ဝင်ထား မယ်ဆိုရင် အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံ တင် မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ ပါရှိရပါ
မယ်။ အဆိုပါ မိတ္တူတွေကိုလည်း မူရင်းနဲ့ တိုက်ဆိုင် စစ်ဆေးသင့်ပါတယ်။

"လယ်မြေ"
-----------

လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ လယ်မြေအတွက် အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊ လယ်ယာမြေမှတ်ပုံတင် စာအုပ်၊ ပုံစံ(၇)၊ စလစ် up to date ဖြစ် မဖြစ် စစ် ဆေးရပါမယ်။ စလစ် up to date ဆိုတာကတော့ အစိုးရကို အခွန်ငွေပေးသွင်းထား တဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။ လယ်ယာမြေမှာ ပိုင်ဆိုင်မှု စာရွက်စာ တမ်းဆိုတာ "လယ်ယာမြေ လက်ဝယ်ရှိသူတိုင်း" ရဲ့လက်ထဲမှာ မရှိနိုင်ပါဘူး။ လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ် အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ နှင့် ပုံစံ(၇) သည်သာ ပိုင်ဆိုင်မှု ဖြစ်ပါတယ်။

အမှန် တကယ် လယ်ယာမြေကို လုပ်ကိုင်နေပြီး အခွန်စည်းကြပ်မှုကိုလည်း ထမ်းဆောင်ထားမယ်ဆိုရင် လယ်ယာမြေ လက်ရှိ ရှိသူအနေနဲ့ အင်္ဂ࿿ ါရပ်ညီညွတ်ပြီလို့ ဆိုနိုင်ပါ တယ်။ လယ်ယာမြေလုပ်ကိုင်သူတွေကို မြေစာရင်းဌာနက အခွန်စည်းကြပ်မှု မှတ်ပုံတင်စာရင်းနဲ့ မြေပုံမှာ မှတ်သားထား လေ့ရှိပါတယ်။

တချို့လယ်ယာမြေတွေက အခွန်ပြေစာအပြင် မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရေးကူးရယူထားရှိနိုင်ပါတယ်။ မြေစာရင်းပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနက မှတ် ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သား ထားတဲ့အတိုင်း မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာန က ပုံစံတူရေးကူးပေးတဲ့ ပုံစံ တစ်ခု ဖြစ်ပါတယ်။

မြေစာရင်းပုံစံ ၁၀၅ မှာ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရ မြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊ မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ “လယ်ယာမြေကို စလစ်တစ်ခုတည်းနဲ့ အရောင်းအဝယ်လုပ်တာတွေ ရှိတယ်၊ အဲ ဒါတွေက ရေရှည်မှာ အဆင်မပြေပါဘူး”လို့ ကိုဝင်းနိုင်ဦးက ဆိုပါတယ်။ ပုံစံ(၇) ကျထားပြီးသောလယ်ယာမြေတွေက ပိုင်ဆိုင်မူခိုင်မာတယ်လို.ဆိုပါတယ်။ အရှုပ်အရှင်းရှိတဲ့ လယ်မြေ၊ လယ်ယာမြေ နဲ. ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့နေရာတွေကလယ်မြေ၊ ယာမြေတွေကို ပုံစံ(၇) မချပေးဘူးလို.သိရပါတယ်။ ဒါကြောင့် လယ်မြေ၊ လယ်ယာမြေဝယ်မည်ဆိုပါက ပုံစံ(၇) ရှိမရှိကို အရင်စုံစမ်းသင့်ပါတယ်။

ယခုအချိန်မှာ လယ်ယာမြေကို အရပ် သဘောရောင်းဝယ်နေကြပြီး စာချုပ်စာ တမ်းမှတ်ပုံတင်ရုံးမှာ လယ်ယာမြေဥပဒေ သစ်အရ မှတ်ပုံတင်ပြီးမှသာ တရားဝင် ဆောင်ရွက်လို့ရမှာ ဖြစ်တယ်။

"လန ၃၉ မြေ"
---------------

လန ၃၉ ဆိုတာက လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ် ပြောင်းလဲ အ သုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားဖြစ်ပါ တယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေ ပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက် ရှိ ရပါမယ်။ ဒါမှသာ လယ်ယာမြေကို အိမ် ယာမြေ၊ စက်မှုထုတ်ကုန် တစ်ခုခု ပြောင်း လဲ အသုံးပြုမယ်ဆိုရင် လန ၃၉ ချထား ပေးတဲ့ စာရွက်ရှိမှ အဆင်ပြေမှာ ဖြစ်ပါ တယ်။

"တိုက်ခန်းဝယ်မယ်ဆိုရင်"
---------------------------

တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာ ဆက်စပ်စာချုပ်တစ်ခုရှိရုံ နဲ့ ပိုင် ဆိုင်မှု အထောက်အထား ပြည့်စုံပြီလို့ မထင်မှတ်သင့်ပါဘူး။ တိုက်ခန်းအရောင်း အဝယ်ပြုလုပ်တဲ့နေရာ မှာ မရှိမဖြစ်လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ ဆက်စပ် စာချုပ်၊ BCC (လူနေထိုင်ခွင့်) ၊ မြေ ရှင်လက်မှတ်၊ ရေမီတာ၊ မီးမီတာ စာရွက်စာတမ်းတွေ လို အပ်ပါတယ်။ အဲသည် စာရွက်စာတမ်းတွေ ပါရှိရင်တော့ ပိုင်ဆိုင်မှု သေချာနိုင်တယ်လို့ သိရပါတယ်။

"ဘိုးဘွားပိုင်မြေ"
------------------

ဘိုးဘွားပိုင်မြေ ဖြစ်ခဲ့မယ်ဆိုရင်တော့ သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းမှာ ပိုင်ရှင်အဖြစ် မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ် ပါတယ်။

Credit : Kumudra

မြောင်းတကာစက်မှုဇုန်အနီး
မြေကွက်မှော်ဘီ
280 Lakhs
မြေကွက်ရောင်းမည်
မြေကွက်မင်္ဂလာဒုံ
ရောင်းမည်
2500 Lakhs

 

No Internet Connection