Accessibility Tools

ဒီနေ့ ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကြမ်း များ လိုင်းပေါ်မှာ တင်ကြ၊ရှယ်ကြ၊သတင်းတွေဖော်ပြကြဆိုတော့ ဖတ်ရတဲ့သူများက အခွန်များလျော့ကုန်ပီ၊ကျကုန်ပီဆိုပီးဝမ်းသာအားရနဲ့ မေးကြမြန်းကြပါတယ်။အဓိက အိမ်ခြံမြေသမားတွေကပေါ့။
တကယ်လည်းဝမ်းသာစရာပါ၊

 

တကယ်ဖြစ်လာရင်ပေါ့ဥပဒေကြမ်းပဲရှိသေးတာဆိုတော့ အတည်မဖြစ်သေးလို့စိတ်တော့ မချရသေးပါဘူး၊ပြင်နိူင်ပြောင်းနိူင်ပါသေးတယ်။

မနှစ်ကလည်း ဒီအတိုင်း လျော့မယ်လို့ ဆွေးနွေးခဲ့ကြပီး အတည်တော့မဖြစ်ခဲ့ပါဘူး



အပြင်မှာ အိမ်ခြံမြေများဝယ်ပီး အမည်ပေါက်လုပ်ချင်တာ အခွန်ဆောင်ရမယ့်ငွေကြည့်ပီး လန့်နေကြတာနဲ့ အဆင်ပြေသလိုလုပ်ထားပီးနေနေတဲ့သူကပို များပါတယ်။
အခု အတည်မပြုရသေးတဲ့ ၂၀၁၉အခွန်အကောက် ဥပဒေအရဆိုရင်တော့ -

 

၁ ကျပ် မှ သိန်း ၁၀၀၀ထိ = ၃%
၁၀၀၁ သိန်း မှ သိန်း ၃၀၀၀ ထိ =၅%
၃၀၀၁ သိန်းမှ သိန်း ၃၀၀၀၀ ထိ =၁၀%
သိန်း ၃၀၀၀၀ အထက်ဆိုရင် =၃၀%
တံဆိပ်ခေါင်းခွန်ကတော့ မသိသေးပါဘူး။လက်ရှိကတော့ ၄% ထမ်းဆောင်ရပါတယ်။

 

လက်ရှိ ၂၀၁၈ခုနှစ် အခွန်အကောက်ဥပဒေအရဆိုရင်
၁ ကျပ်မှ သိန်း ၃၀၀ ထိ = ၁၅%
သိန်း၃၀၁ မှ သိန်း ၁၀၀၀ ထိက =၂၀%
သိန်း ၁၀၀၀ အထက်ဆိုရင် =၃၀%
တံဆိပ်ခေါင်းခွန်က =၄% ထမ်းဆောင်ရပါတယ်။

 

လက်ရှိ(၂၀၁၈)နှူန်းထားအရ တန်ဘိုးစိစစ်ရေးအဖွဲ့က -
သိန်း၁၀၀၀ သတ်မှတ်တဲ့မြေကွက်ဆိုရင် အခွန်+တံဆိပ်ခေါင်း= ၂၂၅ သိန်း ကျပါတယ်။

 

အတည်မပြုရသေးတဲ့ ၂၀၁၉ နှူန်းအရဆိုရင်တော့ သိန်း ၁၀၀၀ တန်ဘိုးသတ်မှတ်ရင် အခွန်+တံဆိပ်ခေါင်း = သိန်း ၇၀ ပဲကျပါတော့မယ်။

 

လက်ရှိ(၂၀၁၈)နှူန်းထားအရ တန်ဘိုးစိစစ်ရေးအဖွဲ့က -
သိန်း၃၀၀၀ သတ်မှတ်တဲ့မြေကွက်ဆိုရင် အခွန်+တံဆိပ်ခေါင်း= ၉၀၅ သိန်း ကျပါတယ်။

 

အတည်မပြုရသေးတဲ့ ၂၀၁၉ နှူန်းအရဆိုရင်တော့ သိန်း ၃၀၀၀ တန်ဘိုးသတ်မှတ်ရင် အခွန်+တံဆိပ်ခေါင်း = သိန်း ၂၇၀ ပဲကျပါတော့မယ်။

 

လက်ရှိ(၂၀၁၈)နှူန်းထားအရ တန်ဘိုးစိစစ်ရေးအဖွဲ့က -
သိန်း၃၀၀၀၀ သတ်မှတ်တဲ့မြေကွက်ဆိုရင် အခွန်+တံဆိပ်ခေါင်း= သိန်း၁၀၃၅၅ ကျပါတယ်။

 

အတည်မပြုရသေးတဲ့ ၂၀၁၉ နှူန်းအရဆိုရင်တော့ သိန်း ၃၀၀၀၀ တန်ဘိုးသတ်မှတ်ရင် အခွန်+တံဆိပ်ခေါင်း = သိန်း ၄၂၀၀ ပဲကျပါတော့မယ်။


ဒီလောက်ဆိုရင်တော့ အိမ်ခြံမြေဝယ်တဲ့သူတိုင်း အမည်ပေါက်ပိုင်ဆိုင်ဖို့အတွက် ဆောင်ကြလိမ့်မယ်ထင်ပါတယ်


Credit: Tin Aung Moe

မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
မြေကွက်မှော်ဘီ
3500 Lakhs
The Leaf Condo 4 Bedrooms
ကွန်ဒိုလှိုင်
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
မြေကွက်မှော်ဘီ
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection