Accessibility Tools

 

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီ မိတက်f(NYDC)မှ အကောင်အထည် ဖော်မည့် ရန်ကုန်အနောက်တောင်မြို့သစ် စီမံကိန်း(ရန်ကုန်မြို့သစ်)နှင့် ရန်ကုန်မြို့ ဟောင်းအကြား ရေအောက်ဥမင်လိုဏ် ခေါင်း ထည့်သွင်းတည်ဆောက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အ စိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ဇွန်လ ၃ ရက်ကပြုလုပ်သော ရန်ကုန်မြို့၏ အနာ ဂတ်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သွားမည့် Yangon Project Bank အကြောင်း ရှင်းလင်းသည့်အခမ်းအနားမှ သိရသည်။

 

ရန်ကုန်မြို့ဟောင်းနှင့် မြို့သစ်ကြား လမ်းပန်းဆက်သွယ်မှု လွယ်ကူချောမွေ့ စေရန်အတွက် လှိုင်သာယာမြို့နယ်နှင့် ဒလမြို့နယ်တို့တွင် ၆ လမ်းသွား သံကူ ကွန်ကရစ်တံတား၊ ကြည့်မြင်တိုင်မြို့နယ် တွင် ကေဘယ်တံတား၊ အလုံမြို့နယ်သို့ ရေအောက်ဥမင်လိုဏ်ခေါင်းတည် ဆောက်၍ ဆက်သွယ်သွားလာနိုင်ရန်စီစဉ် ထားကြောင်း ယင်းအခမ်းအနားတွင်Video ဖြင့် ရှင်းပြခဲ့ခြင်းဖြစ်သည်။

အလုံမြို့နယ်သို့ ရေအောက်ဥမင်လိုဏ်ခေါင်းတည် ဆောက်၍ ဆက်သွယ်သွားလာနိုင်ရန်စီစဉ် ထားကြောင်း
မြို့သစ်စီမံကိန်းအတွင်း မိုးပျံလမ်း များအပါအဝင် ခေတ်မီ အဆင့်မြင့် လူနေ အဆောက်အအုံများလည်းပါဝင်မည်ဖြစ် ရာ ပြည်သူလူထုသွားလာရေးလွယ်ကူစေ ရန် လိုရာခရီးကို မိနစ် ၃၀ နှင့်ရောက်မည့် ဒီဇိုင်းများကိုလည်း စဉ်းစားထားကြောင်း၊ မြို့၏အဓိကနေရာများကို ရေကြောင်းခရီး ဖြင့် အဓိကသွားလာနိုင်မည်ဖြစ်ကြောင်း အဆိုပါ Video တွင်ပါရှိသည်။

ရန်ကုန်အနောက်တောင်မြို့သစ်စီမံ ကိန်းကို အကောင်အထည်ဖော်မည့် ရန် ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်(NYDC) မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ မြို့သစ်ကို စီး ပွားရေးမြို့တော်နှင့် လူနေထိုင်ရန်ကောင်း သည့် မြို့တော်ဖြစ်ရန် Road Map ရေး ဆွဲပြီး အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က မီဒီယာများအား ပြောကြားထားသည်။
ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း
အဆိုပါ အနောက်တောင်မြို့သစ်စီမံ ကိန်းကို အပိုင်းနှစ်ပိုင်းခွဲ၍ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ အပိုင်း(၁)တွင် ဧကနှစ်သောင်းကျော်ပါဝင်ပြီး ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ NYDC ကို ဖွဲ့ စည်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Credit : မေငယ် (Pyi Myanmar)

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection