Accessibility Tools

ဒီနေ့ဧပြီလ ၇ ရက်နေ့ကစလို့ မန္တလေးမြို့တွင်း ၇ နေရာမှာ ယာဉ်ရပ်နားခပေးစရာမလိုတော့ဘူးလို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့သတင်းထုတ်ပြန် အရသိရပါတယ်။

 

ချမ်းအေးသာစံမြို့နယ်အတွင်းက ဆေးရုံကြီးရှေ့ လမ်း ၃၀(၇၄ လမ်းမှ ၇၈ လမ်းအထိ)၊ လမ်း ၈၀(၂၇ လမ်းမှ ၃၃ လမ်းအထိ)၊ ၈၂ လမ်း(၂၆ လမ်းမှ လမ်း ၃၀ အထိ)၊ ၈၃ လမ်း(၂၆ လမ်းမှ လမ်း ၃၀ အထိ)၊ ၈၄ လမ်း(၂၆ လမ်းမှ ၂၈ လမ်းအထိ)၊ ၂၆ လမ်း( လမ်း ၈၀ မှ ၈၄ လမ်းအထိ) နဲ့ ၃၅ လမ်း(လမ်း ၈၀ မှ ၈၄ လမ်းအထိ)တို့မှာ ဒီနေ့ကစလို့ ယာဉ်ရပ် နားခပေးစရာမလိုတော့တာပဲဖြစ်ပြီး ပုံမှန်ကောက်ခံလျက်ရှိတဲ့ ယာဉ်ရပ်နားကန့်သတ်ကောက်ခံခွင့်ပြုထားတဲ့အဲဒီလေလံနေရာ ၇ နေရာကို ယာဉ်ရပ်နားခကောက်ခံတဲ့စနစ် ဖျက် သိမ်းလိုက်တာလည်းဖြစ်တယ်လို့ မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကဆိုပါတယ်။

လမ်းအသုံးပြုကြသူတွေ အဆင်ပြေစေဖို့အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ပြောင်းလဲမှုတစ်ခုလုပ်ဆောင်ပေးလိုက်တာဖြစ်တယ်လို့သိရပြီး ဒါနဲ့ပတ်သက် လို့လည်း မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က "လေလံမှရရှိမည့်ငွေမှာ တစ်နှစ်မှာ သိန်း ၁၅၀၀ ကျော်ရရှိမည်ဖြစ်သော်လည်း မြို့တော်နေပြည်သူများအတွက် ငွေကြေးကိုအဓိကမထားပါ၊ မြို့တော်ပြည်သူများအတွက် အမြဲဂရုတစိုက်ပြောင်းလဲပေးနေတဲ့မြို့တော်စည်ပင်ပါ" လို့ သူ့ရဲ့တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားဖော်ပြထား ပါတယ်။

“ကားတစ်စီးဝယ်လိုက်ကတည်းက နိုင်ငံတော်အတွက်အခွန်တွေအများကြီးရပြီးသားပါ၊ ဒါကိုမှ ဘာကြေးညာကြေးဆိုပြီးဆက်ကောက်နေတာက မဖြစ်သင့်ဘူးလို့ပဲမြင်ပါတယ်၊ ကားရပ်နားခလည်းမကောက်နဲ့ နောက်တစ်ခုက မြို့ဝင်ကြေးဆိုတာတွေလည်း ဖျက်သိမ်းသင့်နေပါပြီ” လို့ မန်းမြန်မာပလာဇာမှာ အထည်ဆိုင်ဖွင့်လှစ်ထားတဲ့ ဒေါ်ဝင်းလဲ့ရည်က သူ့အမြင်ကို ပြောပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနအနေနဲ့ ၂၀၁၈ ဘဏ္ဍာရေးနှစ် ကျန်ကာလ ၆ လ နဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ၁ နှစ်၊ စုစုပေါင်း ၁ နှစ်နဲ့ ၆ လအတွက် အဆိုပါလေလံမှရရှိငွေဟာ ကျပ်သိန်းပေါင်းနှစ်ထောင်ကျော်ရှိတယ်လို့သိရပါတယ်။

Credit: Duwun

မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
မြေကွက်မှော်ဘီ
3500 Lakhs
The Leaf Condo 4 Bedrooms
ကွန်ဒိုလှိုင်
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
မြေကွက်မှော်ဘီ
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection