Accessibility Tools

 

အထပ်မြင့်လူနေအိမ်တိုက်ခန်းများ မြေငလျင်၊ မီး အစရှိသည့် သဘာဝဘေး အန္တရာယ်များကြောင့် ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့လျှင် တိုက်ခန်းပိုင်ရှင်များအတွက် ပိုင်ဆိုင်မှုအာမခံချက်မရှိဘဲ လုံးဝ ဆုံးရှုံးမည်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်ဦးစိုင်းခွန်နောင်က ပြောသည်။ 

 

''ဥပဒေမှာပါတာက အခန်းက အပျောက်ဝယ်ထားတာပေါ့နော်၊ မြေနဲ့ မဆိုင်ဘူး။ မြေပိုင်ဆိုင်မှုက အချိုးကျမပါ တဲ့အခါကျတော့ တကယ်ဥပဒေအရ ပြောရရင် ငလျင်လှုပ်လို့ပြိုသွားတယ်၊ မီးဘေးကြောင့် ပြိုသွားတယ်ဆိုရင် ဒီအပျောက်ဝယ်ထားတဲ့အခန်းရဲ့ ပိုင်ဆိုင်မှုရပိုင်ခွင့်က သုညဖြစ်သွားပြီး''ဟု ၎င်းက ပြောသည်။

 ထိုသို့သောအခြေအနေဖြစ်ပေါ်ခဲ့လျှင် တိုက်ခန်းပိုင်ရှင်များအနေဖြင့် မြေပိုင်ရှင်နှင့် ညှိနှိုင်းပြေလည်ပါက အဆောက်အဦအသစ် ပြန်လည်ဆောက်လုပ်ရန်အတွက် ကျသင့်ငွေကို အချိုးကျထည့်ဝင်၍ အခန်းပိုင်ဆိုင်ခွင့်အတွက် ဆောင်ရွက်နိုင်ကြောင်း၊ ဥပဒေအရ အဆောက်အဦ ပြိုကျပျက်စီးသွားပါက မူလမြေရှင်ကသာ ပြန်လည်ပိုင်ဆိုင်မည်ဖြစ်ကြောင်း ဦးစိုင်းခွန်နောင်က ဆက်လက်ပြောဆိုသည်။ 

အိမ်ခြံမြေနှင့်ပတ်သက်၍ ဥပဒေအကျိုးဆောင်လုပ်ကိုင်ပေးနေသည့် အထက်တန်းရှေ့နေ တဦးကလည်း''အထပ်မြင့်အဆောက်အအုံတွေ မြေပြိုလို့ပဲဖြစ်ဖြစ်၊ တခုခုကြောင့်ပြိုကျရင် အခန်းပိုင်ရှင်တွေမှာ ဘာရပိုင်ခွင့်မှမရှိဘူး။ ဘာကြောင့်လဲဆိုတော့ မူလမြေပိုင်ရှင်က မြေကိုပိုင်တာ။ သူတို့က လေပေါ်က တိုက်ခန်းကိုပိုင်တာ။ လေပေါ်ကတိုက်ခန်းမရှိတော့ရင် သူတို့ပိုင်ဆိုင်မှုမရှိတော့ဘူး''ဟု ပြောသည်။

 ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးတွင် မြေအောက်ရေကို ထုတ်ယူသုံးစွဲနေသည့် အထပ်မြင့်အဆောက်အဦများ အရေအတွက်များပြားလာပါက မြေပြိုခြင်းများ ဖြစ်လာနိုင်ကြောင်း၊ တောင်ဥက္ကလာ၊ တာမွေ၊ သင်္ဃန်းကျွန်းမြို့နယ်များတွင် အထပ်မြင့်ကန်ထရိုက်တိုက်ဆောက်လုပ်မှု အများဆုံးဖြစ်ပြီး ကန်ထရိုက်တိုက်အများစုသည် မြေအောက်ရေကိုသာ အသုံးပြုလျက်ရှိကြောင်း သိရသည်။

 အဝီစိတွင်းတူရန် တတွင်းနှင့်တတွင်း အကွာအဝေးပေ ၁၅ဝ ခန့်သတ်မှတ်ထားသော်လည်း ကန်ထရိုက်တိုက် ဆောက်လုပ်သူအချို့သည့် အဆိုပါအကွာ အဝေးကိုလိုက်နာခြင်းမရှိကြောင်း၊ ရန်ကုန်မြို့တွင် ကတ္တရာ၊ ကွန်ကရစ်လမ်းများခင်းထားမှုကြောင့် မိုးရွာလျှင်မြေအောက်သို့ ရေရောက်ရန်ခက်ခဲကြောင်း၊ မြေအောက် ရေထုတ်ယူမှုများပြားလာလျှင်ကတော့ ပုံလိုဏ်ခေါင်းများဖြစ်ပြီး မြေပြိုခြင်းများဖြစ်နိုင်ကြောင်း၊ ရန်ကုန်မြို့တွင်နေစဉ် ရေဂါ လန် သန်း ၂၅ဝ နီးပါး ပေးဝေးနေသော်လည်း လုံလောက်မှုမရှိသည့်အပြင် ရေဆုံး ရှုံးမှုရှိနေပြီး အများစုမှာ မြေအောက်ရေကို ထုတ်ယူသုံးစွဲနေရကြောင်း သိရသည်။

Credit : News Watch

 

မြို.ရှောင်လမ်းမဘေးမြေကွက်အရောင်း
မြေကွက်မှော်ဘီ
3500 Lakhs
The Leaf Condo 4 Bedrooms
ကွန်ဒိုလှိုင်
10500 Lakhs
နေရာကောင်း ခြံမြေရောင်းမည်
မြေကွက်မှော်ဘီ
1300 Lakhs
Khaymar Residence For Rent
18 Lakhs

 

No Internet Connection