Accessibility Tools

တန်ဖိုးနည်း ၊ တန်ဖိုးသင့် အိမ်ရာ တိုက်ခန်းမဲပေါက်သူများမှ ဒုတိယအကြိမ်အကြောင်းကြားခဲ့သော်လည်း လာရောက်ဆက်သွယ်ခြင်းမရှိသူများကို အိမ်ရာဝယ်ယူခွင့် လုံးဝ တားမြစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့အိမ်ရာရောင်းချရေးကော်မတီ၏ သတင်းများအရ သိရသည် ။

 

တန်ဖိုးနည်း ၊ တန်ဖိုးသင့်အိမ်ရာစီမံကိန်းများတွင် မဲပေါက်ပြီးတိုက်ခန်းဝယ်ယူခွင့်ရရှိခဲ့သူများအနက်မှ လာရောက်ဆက်သွယ်ခြင်းမရှိသူ တစ်ရာ့လေးဆယ်ခန့်ရှိပြီး လာရောက်ဆက်သွယ်မှုမရှိသောကြောင့် စီမံခန့်ခွဲမှုကိစ္စများ၌ နှောင့်နှေးကြန့်ကြာမှုများရှိနေ၍ ဤသို့စည်းကမ်းချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည် ။တိုက်ခန်းဝယ်ယူခွင့်မဲပေါက်ပြီး ကနဦးငွေပေးသွင်းပြီးသူများအား အမြန်ဆုံးနေထိုင်ခွင့်ရရှိစေရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည် ။

အဆိုပါ တန်ဖိုးနည်း ၊ တန်ဖိုးသင့် အိမ်ရာ တိုက်ခန်းများမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရောင်းချပေးခဲ့သည့် ရွှေပေါက်က္ကံ ၊ ရွှေလင်ဗန်း ၊ ကနောင် ၊ ယုဇန စသည့်တန်ဖိုးနည်း ၊ တန်ဖိုးသင့် အိမ်ရာတိုက်ခန်းများဖြစ်ပြီး စုစုပေါင်းအခန်း ၈၆၀ ကျော် ရောင်းချပေးခဲ့ခြင်းဖြစ်သည် ။

အဆိုပါ တိုက်ခန်းများကို ဝယ်ယူခွင့်ရရှိသူများအနေနှင့် ကနဦးပေးသွင်းငွေနှစ်ဆယ်ရာခိုင်နှုန်းပေးသွင်းပေးရမည်ဖြစ်ပြီး ကနဦးပေးသွင်းငွေအတွက် အခက်အခဲဖြစ်နေရသူများအတွက်လည်း လစဉ်ငွေပေးသွင်းပြီး နှစ်ရှည်အရစ်ကျစနစ်နှင့်ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည် ။

Credit: ဈေးကွက်ဂျာနယ်

 

ဗိုလ်တစ်ထောင်မြို့နယ်၏ လမ်းမကျယ်ဖြစ်သော ဗိုလ်တစ်ထောင်စျေးလမ်းနှင့်  ကမ်းနားလမ်းဒေါင့်ရှိ ဓါတ်လှေကားပါသော တိုက်ခန်းကျယ်
ApartmentBotahtaung
3700 Lakhs
အောင်ပန်းမြို့ ပြည်ထောင်စုလမ်းမကြီးဘေး
LandKalaw
သိန်း ၉၀,၀၀၀ Lakhs
လမ်းမကြီးမေးတင်မြေကွက်အရောင်း
LandHmawbi
650 Lakhs
လှည်းကူးမြို့နယ် ၊ ဆားတလင်းကျေးရွာ၊ ဆားတလင်းလမ်းဆုံအနီး ၊ သီရိမေခလာလမ်းတွင်းရှိ  တန်ဖိုးသင့်မြေကွက်ရောင်းပါမယ်
LandHlegu
300 Lakhs

 

No Internet Connection